အမှတ်တမဲ့ဆိုပေမယ့် မိဘတွေကို (လုံးဝ) မပြောသင့်သော စကား (၁ဝ) ခွန်း

Knowledge

Unicode
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်က စကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်း ထက် ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ် ။

သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်…

လူ့ဘဝက တိုတောင်းလွန်းပါတယ် ကိုယ့်နံဘေးက ဆွေမျိုးသားချင်း ၊ ချစ်သူခင်သူ ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ် ။

ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့ မိဘတွေကို ရိုသေလေးစားပါ ။

သင် ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့အသင့် ရှိနေပါတယ် မိဘရဲ့ ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းပဲ ဖြစ်ပါတယ် ။

hihihihihihihihihi

this is test

( ၁ ) အင်းပါ အင်းပါ သိပြီ၊ အရမ်းရှုပ်တာပဲ ။

( ၂ ) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ် ။ ( မိဘတွေ ဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက် ဖြစ်လိမ့်မယ်….

သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည် ပေးသင့်ပါတယ် ဖုန်းကိုချဖို့ပဲ မလောပါနဲ့ )

( ၃ ) ပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ မမေးပါနဲ့ ။

( ၄ ) မလုပ်ပါနဲ့လို့ အထပ်ထပ် ပြောထားရက်သားနဲ့ လုပ်ထားတာတွေကလည်း မကောင်းဘူး။

( သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကို မလုပ်ဖို့တားတယ် ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကို ခံစားရစေပါတယ်)

( ၅ ) ဟာ ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပါပီ။ ( မိဘတွေရဲ့ အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ် ။

ဒါပေမဲ့ ဒီထက်နားထောင်လို့ ကောင်းတဲ့စကားကို ကျွန်တော်တို့ ပြောသင့်ပါတယ် )

( ၆ ) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး ။

( ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ် မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့ )

( ၇ ) သား ဘာစားမယ်ဆိုတာ သားသိတယ် ဟင်းတွေ ထည့်ထည့် မပေးနဲ့တော့။

( ကျွန်တော်တို့ အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ ဂရုစိုက်မှုတွေကို ကျွန်တော်တို့ အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ် ။

ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ် ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ )

( ၈ ) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကို နားမထောင်ဘူး ။

( သူတို့ရဲ့တစ်သက် ချွေတာလာတဲ့ အကျင့်တွေပြောင်းလဲရ ခက်ပါတယ် ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ် )

( ၉ ) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ် ။ တဗျစ်တောက်တောက် မပြောနဲ့ နားကိုငြီးတယ် ။

( ၁ဝ ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာ ပုံထားရသေးတာလဲ ။ ( မိဘတွေက ကျွန်တော်တို့နဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။

သူတို့ သိမ်းထားတာတွေ တစ်အိမ်လုံး ပြည့်နေပါစေ ။ နောင်တချိန်မှာ ကျွန်တော်တို့ ကလေးဘဝက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကိုကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား)

#Credit

Zawgyi

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္မိဘေတြကို ေအာက္က စကားဆယ္ခြန္းထဲက တစ္ခြန္း ဒါမွမဟုတ္ တစ္ခြန္း ထက္ ပိုေျပာခဲ့ဖူးၾကမယ္ ထင္ပါတယ္ ။

သားသမီးျဖစ္တဲ့ ကြၽန္ေတာ္တို႔က မိဘေတြကို ဒီစကားေတြကို ထပ္မေျပာေတာ့ဘဲ နားလည္ေပးၾကရေအာင္…

လူ႔ဘဝက တိုေတာင္းလြန္းပါတယ္ ကိုယ့္နံေဘးက ေဆြမ်ိဳးသားခ်င္း ၊ ခ်စ္သူခင္သူ ၊ သူငယ္ခ်င္းေတြကို တန္ဖိုးထားသင့္ပါတယ္ ။

ဆုံးရႈံးသြားမွ သူတို႔က သင့္ဘဝမွာ ဘယ္ေလာက္ အေရးပါေၾကာင္း သိတာမ်ိဳး မျဖစ္ပါေစနဲ႔ မိဘေတြကို ႐ိုေသေလးစားပါ ။

သင္ ဘာအမွားပဲလုပ္လုပ္ သူတို႔က သင့္ကိုခြင့္လႊတ္ဖို႔အသင့္ ရွိေနပါတယ္ မိဘရဲ႕ ရင္ခြင္ဟာ သင့္အတြက္ ေလၿငိမ္ရာအရပ္ ထာဝရနားခိုရာ ဆိပ္ကမ္းပဲ ျဖစ္ပါတယ္ ။

( ၁ ) အင္းပါ အင္းပါ သိၿပီ၊ အရမ္းရႈပ္တာပဲ ။

( ၂ ) ကိစၥရွိေသးလား မရွိရင္ ဖုန္းခ်ေတာ့မယ္ ။ ( မိဘေတြ ဖုန္းဆက္တာ စကားေျပာခ်င္႐ုံ သက္သက္ ျဖစ္လိမ့္မယ္….

သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကို ကြၽန္ေတာ္တို႔ နားလည္ ေပးသင့္ပါတယ္ ဖုန္းကိုခ်ဖို႔ပဲ မေလာပါနဲ႔ )

( ၃ ) ေျပာရင္လည္း နားလည္မွာ မဟုတ္ပါဘူး။ မေမးပါနဲ႔ ။

( ၄ ) မလုပ္ပါနဲ႔လို႔ အထပ္ထပ္ ေျပာထားရက္သားနဲ႔ လုပ္ထားတာေတြကလည္း မေကာင္းဘူး။

( သူတို႔အင္အားနဲ႔မမွ်တဲ့ အလုပ္ကိုလုပ္တဲ့အခါ ကြၽန္ေတာ္တို႔က ဂ႐ုတစိုက္နဲ႔ သူတို႔ကို မလုပ္ဖို႔တားတယ္ ဒါေပမဲ့ ဒါဟာ သူတို႔အသုံးမဝင္ေတာ့ေၾကာင္း သူတို႔ကို ခံစားရေစပါတယ္)

( ၅ ) ဟာ ေဖေဖ၊ ေမေမတို႔နည္းက ေခတ္တုံးေနပါပီ။ ( မိဘေတြရဲ႕ အႀကံဉာဏ္က ကြၽန္ေတာ္တို႔အတြက္ အသုံးတည့္ခ်င္မွ တည့္လိမ့္မယ္ ။

ဒါေပမဲ့ ဒီထက္နားေထာင္လို႔ ေကာင္းတဲ့စကားကို ကြၽန္ေတာ္တို႔ ေျပာသင့္ပါတယ္ )

( ၆ ) သားအခန္းကို မရွင္းပါနဲ႔လို႔ ေျပာထားရက္နဲ႔ အခုေတာ့ ၾကည့္ ပစၥည္းေတြရွာမေတြ႕ေတာ့ဘူး ။

( ကိုယ့္အခန္းကို ကိုယ္တိုင္ရွင္းတာက ေကာင္းပါတယ္ မရွင္းခ်င္ရင္ သူတို႔ရဲ႕ေစတနာကိုေတာ့ မေစာ္ကားပါနဲ႔ )

( ၇ ) သား ဘာစားမယ္ဆိုတာ သားသိတယ္ ဟင္းေတြ ထည့္ထည့္ မေပးနဲ႔ေတာ့။

( ကြၽန္ေတာ္တို႔ အျပန္ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ မိဘေတြက သူတို႔ရဲ႕ေမတၱာ၊ သူတို႔ရဲ႕ ဂ႐ုစိုက္မႈေတြကို ကြၽန္ေတာ္တို႔ အတြက္ အထူးစီမံထားတဲ့ထမင္းဟင္းေတြထဲ ထည့္ခ်က္ထားၾကတယ္ ။

ဒါကို ကြၽန္ေတာ္တို႔က ဆိတ္ဆိတ္ ၿငိမ္ၿငိမ္နဲ႔ လက္ခံလိုက္႐ုံပါပဲ )

( ၈ ) ဒီဟင္းက်န္ေတြကို မစားပါနဲ႔လို႔ မွာထားရက္နဲ႔ စကားကို နားမေထာင္ဘူး ။

( သူတို႔ရဲ႕တစ္သက္ ေခြၽတာလာတဲ့ အက်င့္ေတြေျပာင္းလဲရ ခက္ပါတယ္ ဟင္းခ်က္ရင္ တစ္နပ္စာခ်က္ဖို႔ အႀကံေပးတာက ပိုေကာင္းပါတယ္ )

( ၉ ) သား ကိုယ့္ဘာသာကိုယ္ ခ်င့္ခ်ိန္ၿပီး လုပ္တတ္တယ္ ။ တဗ်စ္ေတာက္ေတာက္ မေျပာနဲ႔ နားကိုၿငီးတယ္ ။

( ၁ဝ ) ဒီပစၥည္းေတြ မယူေတာ့ပါဘူးဆို ဘာျဖစ္လို႔ ဒီမွာ ပုံထားရေသးတာလဲ ။ ( မိဘေတြက ကြၽန္ေတာ္တို႔နဲ႔ အတူ ႀကီးျပင္းလာခဲ့တဲ့ အရာေတြကို သိမ္းထားခ်င္တတ္ၾကတယ္။

သူတို႔ သိမ္းထားတာေတြ တစ္အိမ္လုံး ျပည့္ေနပါေစ ။ ေနာင္တခ်ိန္မွာ ကြၽန္ေတာ္တို႔ ကေလးဘဝက ဝတ္ခဲ့တဲ့ အဝတ္အစားေတြကိုကြၽန္ေတာ္တို႔ ေတြ႕မိတဲ့အခါ ကြၽန္ေတာ္တို႔ ဝမ္းသာၾကည္ႏူးၾကဦးမယ္ မဟုတ္ပါလား)

#Credit

Leave a Reply

Your email address will not be published.