လက်ဖက်ကြိုက်သူအတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅) မျိုး

News

Unicode
လက်ဖက်စားသုံးခြင်းက မြန်မာနိုင်ငံကသူတွေအတွက်တော့ မရိုးနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ရှေးလူကြီးသူမများကလည်း ညဘက် လသာတဲ့ညလေးတွေမှာ လက်ဖက်ဝိုင်း ရေနွေးကြမ်းနဲ့ စကားစမြည်ပြောတတ်ကြပါတယ်။

ဒီလိုဓလေ့ကနေ မိသားစုဝင်တွေ ညဘက် လက်ဖက်သုပ်ပြီး ထမင်းကြမ်းလေးနဲ့ စားကြရင်း ရယ်စရာမောစရာတွေ ပြောတတ်ကြတဲ့ ယဉ်ကျေးမှုပါ ရှိကြပါတယ်။

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက် ဖက် ဟူ၍ လက်ဖက်၏ ဂုဏ်ကို အမွှန်းတင်ထားခဲ့ကြပါတယ်။

လက်ဖက်စားသုံးခြင်းက လေထစေတယ် လေပွစေတယ် ဆိုကြပေမဲ့ လက်ဖက်စားသုံးတဲ့အခါ ကြက်သွန်ဖြူ နဲ့ တွဲဖက်စားသုံးခြင်းဖြင့် လေကြေစေပါတယ်။

လက်ဖက်ချဉ်စပ်နှပ် လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်အားနဲ့ညှစ်ချပါ ဆား အချို့မှုန့်

hihihihihihihihihi

this is test

သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ

လက်ဖက်အညွှန့်နှပ် လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက် အချိုမှုန့် ဆီထည့်ကာစိမ်ပါ

ငရုတ်လက်ဖက်နှပ် ငရုတ်သီးကြက်သွန်ဖြူ ကို ညက် နေအောင်ကြိတ်ထားပါ လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ

ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့် ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ

လက်ဖက်အညက်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ

ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ

လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူ ကို ညက်နေအောင်

ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ
crd

Zawgyi














Leave a Reply

Your email address will not be published.