ငွေပိုငွေလျှံစုဆောင်းမိစေဖို့ ဘယ်တော့မှ ငွေကုန်မခံသင့်တဲ့ အရာ(၄)မျိုး

News

Unicode
ငွေရှာတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ငွေသုံးရတာကျတော့ ငွေရှာတာနဲ့ ဆန့်ကျင်ဘက်ပါပဲ

လွယ်လွယ်လေး ငွေသုံးမိနိုင်တဲ့ နေရာတွေမှ အများကြီး ရှိပါတယ်

ငွေသုံးတိုင်း ကိုယ့်အတွက် တစ်စုံတစ်ရာတန်ဖိုးတစ်ခု ကျန်ခဲ့တာမျိုး ဖြစ်ဖို့ ငွေကုန်မခံသင့်တဲ့ နေရာ ၄ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်

(၁) အစားအသောက် အလွန်အကျွံ မှာစားခြင်း

ကျွန်တော်တို့ မြန်မာစကားပုံမှာ ဥစ္စာဖြို စားဖိုက ဆိုတဲ့ စကားရှိပါတယ်။ အစားအသောက်ကြောင့် ပိုက်ဆံအကုန်အကျများတာဟာ အတော်လေး မနည်းမနောတဲ့ ပမာဏဖြစ်ပါတယ်

hihihihihihihihihi

this is test

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံအတွင်း ထုတ်လုပ်တဲ့ အစားအသောက်တွေရဲ့ ၃၀ ကနေ ၄၀% ဟာ အလေအလွင့်ဖြစ်ကုန်တယ်လို့ ဆိုပါတယ်

စားသောက်ဆိုင်တွေမှာ တန်ဖိုးကြီး အစားအသောက်တွေ မကုန်မခမ်းမှာစားတာမျိုးကလည်း ပိုက်ဆံစုချင်သူတဲ့ ရှောင်ကြဉ်သင့်တဲ့ အရေးကြီးအချက်ပဲ ဖြစ်ပါတယ်

အစားအသောက်အတွက် ငွေအလွန်အကျွံ မသုံးမိစေဖို့ ဆာလောင်နေတုန်း တွေ့ကရာဝယ်တာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ တာရှည်ခံအစားအသောက်တွေ အမြောက်အများ ဝယ်စုတာမျိုးလည်း ရှောင်ကြဉ်ဖို့ ပြောချင်ပါတယ်

(၂) ထီထိုးခြင်း

ကံကို ယုံပြီး ကိုယ့်အိတ်ထဲက ငွေကို အကုန်မခံလိုက်ပါနဲ့။ ထီထိုးတယ်၊ လောင်းကစားလုပ်တယ်ဆိုတာ နိုင်ခြေမရှိသလောက် နည်းတဲ့ စိတ်ကူးယဉ်မှုတစ်ခုပဲ ဖြစ်ပါတယ်

အဲ့ဒီလို လုပ်မယ့်အစား ကိုယ်ရသလောက် ငွေကြေးကို လိုတဲ့နေရာသုံး ၊ စုသင့်သလောက် စု ၊ အလုပ်လုပ်ဖို့ သုံးရင်သုံးလိုက်ပါ။ ဒီလိုမျိုး အသုံးချတာကမှ အကျိုးအမြတ်ကို မြင်ရပါလိမ့်မယ်

(၃) လစဉ်ကြေးအမျိုးမျိုး

လစဉ်ကြေးဆိုတာ အခွန်လိုမျိုး မဟုတ်ပါဘူး။ အင်တာနက်ဘေလ်တို့ ၊ အသက်အာမခံကြေး ၊ အသင်းဝင်ကြေးတို့ Credit Card အတိုးကနေ လောင်းကစားဆန်ပြီး မသေချာတဲ့ လစဉ်စုကြေးလိုမျိုးအထိ

လစဉ်ကြေးတွေကလည်း ကိုယ့်ရှာထားတဲ့ ဝင်ငွေကို တိုက်စားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လစဉ်ကြေးအမြောက်အများ ဆောင်ရတာမျိုးကို လျှော့ချပြီး မဖြစ်မနေ လိုအပ်တဲ့လစဉ်ကြေးမျိုးပဲ လုပ်ထားသင့်ပါတယ်

(၄) မလိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေ

အိမ်သုံးပစ္စည်းတွေထဲမှာ ကျွန်တော်တို့ တကယ်မလိုအပ်တဲ့ ၊ မသုံးဖြစ်တဲ့ ပစ္စည်းတွေ ဝယ်ထားမိတတ်ပါတယ်။ မဝတ်ဖြစ်တဲ့ အဝတ်အစားနဲ့ ရေချိုးခန်းသုံး သန့်ရှင်းရေးပစ္စည်းတွေအထိ

တကယ်အသေးစိတ် ပြန်ဆန်းစစ်ကြည့်ရင် ကိုယ့်အတွက် အသုံးမတည့်တဲ့ ပစ္စည်းစာရင်းတွေ ထွက်လာပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်က ကိုယ့်အိမ်မှာ သုံးဖြစ်မှာ မဟုတ်တဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံအကုန်မခံဖို့ပါပဲ
crd

Zawgyi









(၂) ထီထိုးခြင်း









Leave a Reply

Your email address will not be published.