Unicode
ဆိုင်သမားတွေအတွက် ငွေဝင်စေရန် ဧည့်သည်ဝင်စေရန်
ငွေဝင်စေရန်ဧည့်သည်ဝင်စေရန်……
ငွေပေးမည့် ဧည့်သည်ကောင်းလာစေရန် မည်သူမဆို လုပ်လို့ရပါသည်…။
ပိုက်ဆံတန်ဖိုး (၉) ဂဏန်း ပေါ်မှာ…
ဥပမာ။၉၀၀၊၉၀၀၀၊၁၈၀၀၀၊၂၇၀၀၀၊ စသဖြင့်
this is test
(၉) ဂဏန်း ရသော ပိုက်ဆံတန်ဖိုး အရေအတွက်ပေါ်မှာ ထန်းလျှက်ခဲ (၁၁) ခဲ တင်ပြီး အိမ်ရှေ့ ၊ဆိုင်ရှေ့သို့မျက်နှာ မူပြီး
ယပ်တောင် ဖြင့် အချက် (၁၀၈) ချက် (သို့မဟုတ်) လက်တစ်ညောင်း ယပ်ခတ်ပေးပါ။
ယပ်ခတ်နေရင်း… ငွေပေးမည့်သူလာစေရန် ဧည့်ကောင်းများလာစေရန် ဆုတောင်းပါ မုချရပါမည်။
မည်သည့်နေ့ မည်သည့်အချိန်မဆို လုပ်လို့ရပါတယ်။ အတိအကျလုပ်ချင်ရင်တော့….
တနင်္လာနေ့မနက် ၉ နာရီ ၄၅ မိနစ်မှာလုပ်ပါ။
ဆပွတ်နေ့သားသမီးကို လုပ်ခိုင်းရင် ပိုကောင်းပါသည်။ အဆင်မပြေရင် မိမိကိုယ်တိုင်လုပ်ပါ။
ဆပွတ်နေ့သားသမီး ဆိုသည်မှာ….
တနင်္ဂနွေ သားသမီးအတွက် ပြုလုပ်ပေးရန် သောကြာသားသမီး
တနင်္လာသားသမီး အတွက်ပြုလုပ်ပေးရန် စနေသားသမီး
အင်္ဂါသားသမီး အတွက်ပြုလုပ်ပေးရန် တနင်္ဂနွေသားသမီး
ဗုဒ္ဓဟူးသားသမီး အတွက်ပြုလုပ်ပေးရန် တနလာင်္သားသမီး
ကြာသပတေးသားသမီး အတွက်ပြုလုပ်ပေးရန် အင်္ဂါသားသမီး
သောကြာသားသမီး အတွက်ပြုလုပ်ပေးရန် ဗုဒ္ဓဟူးသားသမီး
စနေသားသမီးအတွက် ပြုလုပ်ပေးရန် ကြာသပတေးသားသမီး
(၇)ရက်သားသမီး အပေါင်းကျန်းမာချမ်းသာ၍ လှူနိုင်တန်းနိုင်ကြပါစေ…။ ။
ဆရာသာထက်ဆန်း ကျိုက်ဝိုင်းဘုရား၊
crd
Zawgyi