ဝင်းပစိုပြေသော အသားအရေပိုင်ဆိုင်လိုသူများအတွက် နည်းလမ်း(၉)မျိုး

News

Unicode
ကြည်လင်လှပသော အသားအရေနှင့်နေ့စဉ်လုပ်နေကျ အပြုအမူများမှာဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် အသား အရေဝင်းပစိုပြေလိုသူတိုင်း လိုက်နာသင့်တဲ့ နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။

၁။ မျက်နှာကိုရေအေးပတ်ဖြန်းပေးပါ။

မျက်နှာကိုရေအေးဖြင့် ပတ်ဖြန်းပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ ရာသီမျိုးမှာရေအေးဖြင့် မျက်နှာကို ခဏခဏဖြန်းပေးတာကြောင့် ရေဓာတ်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

၂။ အနားယူပါ။

အလွန်ရိုးရှင်းသော နည်းလမ်းဖြစ်ပေမယ့် လိုက်နာသူနည်းပါးသောနည်းလမ်းလည်းဖြစ်ပါတယ်။ ဟန်းဖုန်း၊ တီဗွီ၊ ကွန်ပျူတာစတာတွေနဲ့ ဝေးဝေးမှာနေပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာအနားယူလိုက်ပါ။ မကြာခင်မှာ ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

hihihihihihihihihi

this is test

၃။ အာဟာရပြည့်ဝအောင် စားသုံးပါ။

အရေပြားကျန်းမာရေးကိုအထောက်အကူပြုတဲ့ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ ချယ်ရီသီး၊ ဗာဒံစေ့၊ ရေနွေးကြမ်းစတာတွေကို မှီဝဲတာကြောင့် အပြစ်ကင်းသော အရေပြားကိုပိုင်ဆိုင်နိုင်ရုံသာမက ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျချင်လို့ အစာမစားဘဲနေတာမျိုး မပြုလုပ်သင့်ပါဘူး။ အသားအရေကို ပိုပြီးညစ်နွမ်းစေလို့ပါပဲ။

၄။ အရေအပြားကိုပုံမှန်ဂရုစိုက်ပါ။ ကြေး(ဂျီး)ချွတ်ပါ။

သန့်စင်ခြင်း၊ အစိုဓာတ်ထိန်းခြင်း၊ ကြေး(ဂျီး)ချွတ်ခြင်းတို့ကို အချိန်ပေးပြီးပုံမှန်လုပ်ဆောင်ပေးပါ။ ဒါ့အပြင် အရေပြားပေါ်ကို လက်သည်းနဲ့ကုတ်ဖဲ့ခြင်း၊ အတင်းပွတ်တိုက်ခြင်းစတာတွေကိုရှောင်ရှားပါ။ အရေပြားကိုထိခိုက်မခံတဲ့ ပစ္စည်းတစ်ခုလိုချစ်ခင်တန်ဖိုးထားပါ။

အရေပြားကို တစ်လတစ်ကြိမ်လောက် ပုံမှန်ကြေး(ဂျီး)ချွတ်ပေးပါ။ ကြေး(ဂျီး)ချွတ်ပေးတာကြောင့် အရေပြား ဆဲလ်သေတွေကို ကွာကျစေသလိုပွတ်သတ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ကျန်းမာသော အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ကြေး(ဂျီး)ချွတ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ်ကို ချက်ချင်းလိမ်းပေးဖို့ လိုအပ်ပါတယ်။

၅။ ကောင်းစွာအိပ်စက်အနားယူပါ။

အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ပျော်နေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ဟာအရေပြားရဲ့ လိုအပ်ချက်များကို အလိုလိုပြုပြင်နေတတ်ပါတယ်။ အရေပြားကို ပြုပြင်ပေးတဲ့အကောင်းဆုံး အချိန်ကတော့ ည ၁၀ နာရီမှ မနက် ၈ နာရီထိ ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်တာကြောင့် စွမ်းအင်ပြည့်ဝစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေကာ အရေပြား ညစ်နွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၆။ ပျားရည်ဖြင့်ပြုလုပ်ထားသောမျက်နှာပေါင်းတင်လွှာအသုံးပြုပါ။

ပျားရည်အနည်းငယ်ကိုယူပြီး မျက်နှာပေါ်မှာသုတ်လိမ်းပြီး ၁၅ မိနစ်ကြာလျှင် ရေဖြင့်ဆေးချလိုက်ပါ။ အသား အရေနူးညံ့စိုပြေပြီး ကြည့်ကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။

၇။ ဖောင်ဒေးရှင်းမိတ်ကပ်ကိုခပ်ပါးပါးလေးလိမ်းပါ။

ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ်မယ်ဆိုပါက ကိုယ့်အသားအရေနှင့်အလိုက်ဖက်ဆုံး အရောင်ကိုရွေးချယ် ဝယ်ယူပါ။ ဖောင်ဒေးရှင်းကို ခပ်ထူထူလိမ်းတာကြောင့် အိုမင်းတဲ့အသွင်သဏ်ဏ္ဍာန် ဖြစ်စေပါတယ်။

၈။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

သွေးလည်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်းနှင့် အေရိုးဗစ်လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ဆောင်ပေးပါ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကားမှတ်တိုင်သို့ လမ်းလျှောက်သွားတာ မျိုး၊ ဓာတ်လှေကားအစား လှေကားဖြင့်အတက်အဆင်းလုပ်တာမျိုး၊ အားလပ်ရက်မှာ စက်ဘီးစီးတာမျိုးစတာတွေကို လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များသန့်စင်သွားပြီး လှပပြီးကျန်းမာတဲ့ အရေပြားကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၉။ ရေများများသောက်ပါ။

ခြောက်သွေ့မွဲခြောက်တဲ့ အသားအရေက လူကိုအိုမင်းရင့်ရော်တဲ့ပုံ ပေါက်စေပါတယ်။ ရေဆာတဲ့အချိန် မှာ ရေသောက်တာမျိုးမလုပ်ဘဲ တစ်နေ့ကို ရေဖန်ခွက် ၈ ခွက် (သို့) ရေသန့်ဗူး တစ်ဗူးနဲ့ တစ်ဝက် (1500 ml) ပုံမှန်သောက်ပေးသွားရင် သိပ်မကြာခင်မှာ စိုပြေလှပတဲ့ အသားအရေ ပိုင်ရှင်ဖြစ်လာမှာပါ။

Dr. Htet Htet Aung

Zawgyi

ၾကည္လင္လွပေသာ အသားအေရႏွင့္ေန႔စဥ္လုပ္ေနက် အျပဳအမူမ်ားမွာဆက္စပ္မႈရွိပါတယ္။ ဒါေၾကာင့္ အသား အေရဝင္းပစိုေျပလိုသူတိုင္း လိုက္နာသင့္တဲ့ နည္းလမ္းမ်ားကို ေဝမွ်ေပးလိုက္ပါတယ္။

၁။ မ်က္ႏွာကိုေရေအးပတ္ျဖန္းေပးပါ။

မ်က္ႏွာကိုေရေအးျဖင့္ ပတ္ျဖန္းေပးတာေၾကာင့္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး ေတာက္ပတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ပါတယ္။ အထူးသျဖင့္ ေႏြရာသီပူအိုက္တဲ့ ရာသီမ်ိဳးမွာေရေအးျဖင့္ မ်က္ႏွာကို ခဏခဏျဖန္းေပးတာေၾကာင့္ ေရဓာတ္ကို ထိန္းသိမ္းထားႏိုင္မွာျဖစ္ပါတယ္။

၂။ အနားယူပါ။

အလြန္႐ိုးရွင္းေသာ နည္းလမ္းျဖစ္ေပမယ့္ လိုက္နာသူနည္းပါးေသာနည္းလမ္းလည္းျဖစ္ပါတယ္။ ဟန္းဖုန္း၊ တီဗြီ၊ ကြန္ပ်ဴတာစတာေတြနဲ႔ ေဝးေဝးမွာေနၿပီး တိတ္ဆိတ္ၿငိမ္သက္တဲ့ ေနရာတစ္ခုမွာအနားယူလိုက္ပါ။ မၾကာခင္မွာ က်န္းမာလွပတဲ့အသားအေရကိုပိုင္ဆိုင္ဖို႔ အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

၃။ အာဟာရျပည့္ဝေအာင္ စားသုံးပါ။

အေရျပားက်န္းမာေရးကိုအေထာက္အကူျပဳတဲ့ ေထာပတ္သီး၊ ခရမ္းခ်ဥ္သီး၊ ခ်ယ္ရီသီး၊ ဗာဒံေစ့၊ ေရေႏြးၾကမ္းစတာေတြကို မွီဝဲတာေၾကာင့္ အျပစ္ကင္းေသာ အေရျပားကိုပိုင္ဆိုင္ႏိုင္႐ုံသာမက က်န္းမာေသာ ကိုယ္အေလးခ်ိန္ကိုလည္းထိန္းထားႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္က်ခ်င္လို႔ အစာမစားဘဲေနတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ အသားအေရကို ပိုၿပီးညစ္ႏြမ္းေစလို႔ပါပဲ။

၄။ အေရအျပားကိုပုံမွန္ဂ႐ုစိုက္ပါ။ ေၾကး(ဂ်ီး)ခြၽတ္ပါ။

သန႔္စင္ျခင္း၊ အစိုဓာတ္ထိန္းျခင္း၊ ေၾကး(ဂ်ီး)ခြၽတ္ျခင္းတို႔ကို အခ်ိန္ေပးၿပီးပုံမွန္လုပ္ေဆာင္ေပးပါ။ ဒါ့အျပင္ အေရျပားေပၚကို လက္သည္းနဲ႔ကုတ္ဖဲ့ျခင္း၊ အတင္းပြတ္တိုက္ျခင္းစတာေတြကိုေရွာင္ရွားပါ။ အေရျပားကိုထိခိုက္မခံတဲ့ ပစၥည္းတစ္ခုလိုခ်စ္ခင္တန္ဖိုးထားပါ။

အေရျပားကို တစ္လတစ္ႀကိမ္ေလာက္ ပုံမွန္ေၾကး(ဂ်ီး)ခြၽတ္ေပးပါ။ ေၾကး(ဂ်ီး)ခြၽတ္ေပးတာေၾကာင့္ အေရျပား ဆဲလ္ေသေတြကို ကြာက်ေစသလိုပြတ္သတ္ေပးတာေၾကာင့္ ေသြးလွည့္ပတ္မႈေကာင္းမြန္ေစၿပီး က်န္းမာေသာ အသားအေရကို ပိုင္ဆိုင္ေစမွာျဖစ္ပါတယ္။ ေၾကး(ဂ်ီး)ခြၽတ္ၿပီးခ်ိန္မွာ အစိုဓာတ္ထိန္းခရင္မ္ကို ခ်က္ခ်င္းလိမ္းေပးဖို႔ လိုအပ္ပါတယ္။

၅။ ေကာင္းစြာအိပ္စက္အနားယူပါ။

အိပ္ေရးဝေအာင္အိပ္ပါ။ အိပ္ေပ်ာ္ေနစဥ္အေတာအတြင္းမွာ ခႏၶာကိုယ္ဟာအေရျပားရဲ႕ လိုအပ္ခ်က္မ်ားကို အလိုလိုျပဳျပင္ေနတတ္ပါတယ္။ အေရျပားကို ျပဳျပင္ေပးတဲ့အေကာင္းဆုံး အခ်ိန္ကေတာ့ ည ၁၀ နာရီမွ မနက္ ၈ နာရီထိ ျဖစ္ပါတယ္။ ေကာင္းေကာင္းအိပ္စက္တာေၾကာင့္ စြမ္းအင္ျပည့္ဝေစၿပီး ေသြးလည္ပတ္မႈေကာင္းမြန္ေစကာ အေရျပား ညစ္ႏြမ္းျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

၆။ ပ်ားရည္ျဖင့္ျပဳလုပ္ထားေသာမ်က္ႏွာေပါင္းတင္လႊာအသုံးျပဳပါ။

ပ်ားရည္အနည္းငယ္ကိုယူၿပီး မ်က္ႏွာေပၚမွာသုတ္လိမ္းၿပီး ၁၅ မိနစ္ၾကာလွ်င္ ေရျဖင့္ေဆးခ်လိုက္ပါ။ အသား အေရႏူးညံ့စိုေျပၿပီး ၾကည့္ေကာင္းလာတာကိုေတြ႕ရပါလိမ့္မယ္။

၇။ ေဖာင္ေဒးရွင္းမိတ္ကပ္ကိုခပ္ပါးပါးေလးလိမ္းပါ။

ေဖာင္ေဒးရွင္းမိတ္ကပ္ကို ေ႐ြးခ်ယ္မယ္ဆိုပါက ကိုယ့္အသားအေရႏွင့္အလိုက္ဖက္ဆုံး အေရာင္ကိုေ႐ြးခ်ယ္ ဝယ္ယူပါ။ ေဖာင္ေဒးရွင္းကို ခပ္ထူထူလိမ္းတာေၾကာင့္ အိုမင္းတဲ့အသြင္သဏ္႑ာန္ ျဖစ္ေစပါတယ္။

၈။ ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။

ေသြးလည္ပတ္မႈေကာင္းေစတဲ့ ေလ့က်င့္ခန္း၊ ေယာဂေလ့က်င့္ခန္းႏွင့္ ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြကို ပုံမွန္ လုပ္ေဆာင္ေပးပါ။ ေန႔စဥ္ ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုရင္ေတာ့ ကားမွတ္တိုင္သို႔ လမ္းေလွ်ာက္သြားတာ မ်ိဳး၊ ဓာတ္ေလွကားအစား ေလွကားျဖင့္အတက္အဆင္းလုပ္တာမ်ိဳး၊ အားလပ္ရက္မွာ စက္ဘီးစီးတာမ်ိဳးစတာေတြကို လုပ္ေပးပါ။ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ ခႏၶာကိုယ္တြင္းရွိ အဆိပ္အေတာက္မ်ားသန႔္စင္သြားၿပီး လွပၿပီးက်န္းမာတဲ့ အေရျပားကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

၉။ ေရမ်ားမ်ားေသာက္ပါ။

ေျခာက္ေသြ႕မြဲေျခာက္တဲ့ အသားအေရက လူကိုအိုမင္းရင့္ေရာ္တဲ့ပုံ ေပါက္ေစပါတယ္။ ေရဆာတဲ့အခ်ိန္ မွာ ေရေသာက္တာမ်ိဳးမလုပ္ဘဲ တစ္ေန႔ကို ေရဖန္ခြက္ ၈ ခြက္ (သို႔) ေရသန႔္ဗူး တစ္ဗူးနဲ႔ တစ္ဝက္ (1500 ml) ပုံမွန္ေသာက္ေပးသြားရင္ သိပ္မၾကာခင္မွာ စိုေျပလွပတဲ့ အသားအေရ ပိုင္ရွင္ျဖစ္လာမွာပါ။

Dr. Htet Htet Aung

Leave a Reply

Your email address will not be published.