အမေစုကို ချစ်တဲ့သူတွေ ဖတ်ကြည့်ပေးပါနော်

News

Unicode
* ဓမ္မနည်းဖြင့်
* ဒေါ်အောင်ဆန်းစုကြည်ကို လေ့လာအကဲခတ်ခြင်း

* ဒေါ်အောင်ဆန်းစုကြည် ရုပ်လက္ခဏာ ထူးခြားချက်
* ခါး အလွန်မတ်နေပါတယ်

ငယ်စဉ်ကကော မတ်သလား..
ခုလောက် မမတ်ပါဘူး
ခါးယိုင်တာ စောင်းတာတွေကို
ငယ်ဘဝ ပုံတွေမှာ မြင်နိုင်ပါတယ်.

ဘာလို့ ခါးမတ်နေတာလဲ
အထိုင်ကြာတဲ့ ယောဂီတွေမှ သိပါတယ်
ဆယ့်ငါးမိနစ် နာရီဝက် လေးဆယ့်ငါးမိနစ်လောက်
ထိုင်တဲ့ ယောဂီက သိပ်မသိပါဘူး

အထိုင်ကြာလာလျင်
ဝါယောတလုံး အထိန်းရ ခက်ဆုံးပဲတဲ့
မှတ်ထားကြ ..

hihihihihihihihihi

this is test

ဝါယာဓါတ်များ ရုတ်တရက် ဖောက်ပြန်လာရင်
လျှပ်စီးလက်သလို ခန္ဓာကိုယ်ထဲ ဖျင်းခနဲ..
ထောက်ကန်မှုတွေက ကိုယ်ကာယကြီးကိုတောင်
ယိမ်းယိုင်စေပါတယ်.

ခါးများ မတ်မထားဘူးဆိုရင်
ဝါယောဓါတ် ဖောက်ပြန်မှုကြောင့်
တရားထိုင်နေစဉ်
ရှေ့သို့ လည်းကောင်း..ဘေးသို့ လည်းကောင်း
လဲကျ ယိမ်းယိုင်စေပါတယ်

သူတော်ကောင်း ယောဂီတို့
တရားထိုင်မယ် ဆိုလျင်..
အကြောအခြင်တွေ လျော့ထားရမှာ ဖြစ်ပေမယ့်…..
ခါးကိုတော့ ကျောက်စိုင်ကျောက်သားသဖွယ်
မတ်ထားရမှသာ ဝါယောဓါတ် ဖောက်ပြန်မှုကို
ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်

ဝါယောတလုံး အခက်ဆုံးတဲ့
ရုတ်တရက်များ ဝါယောဓါတ် ဖောက်ပြန်လာရင်
မြန်လွန်းလို့ အဖြစ်ကို မရှုနိုင်ဘူး
ဝါယော အပျက်ကိုသာ ရအောင် ဖမ်းရှုကြပါ

* အမြဲတမ်း active လန်းဆန်းတက်ကြွနေခြင်း

နှစ်ပေါင်းများစွာ
အကျယ်ချုပ်. စိတ်အကျဉ်းချ ခံရရင်
စိတ်ဒဏ်ရာရ ထိုင်းမှိုင်းသွားပါတယ်

နယ်လဆင်မင်ဒဲလားတောင်
အမူအယာတွေ လေးလံ သွားတာ.
ရုတ်တရက် မျက်နှာအမူအယာ
ထိုင်းမှိုင်းသွားတာတွေ ရှိပါတယ်

ဟုတ်မဟုတ် သိချင်ရင်
Stay home ကာလ ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့်
ရက်ပိုင်းကလေး စိတ်အကျဉ်းချခံရတာက
ရုပ်သွင်ပြင်မှာ လာပေါ်ပါတယ်

* ဉာဏ်ရည် ဉာဏ်သွေး အလွန်မြင့်မားနေခြင်း

နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံရ
ကိုယ်ဖတ်ချင်တဲ့ စာက အစ မဖတ်ရ
လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ခံထားရသူက
ဉာဏ်ရည်တွေ ဘာလို့ မြင့်မားနေတာလဲ

ဖြစ်နိုင်ချေက တရားဓမ္မကြောင့်ပါပဲ လို့
တွေးလို့ရတယ်..ဝိပဿနာ တရားထိုင်ခြင်းက
ဉာဏ်ရည် ဉာဏ်သွေး အထူးတက်စေပါတယ်
ဖြစ်ပျက်တွေ ခပ်စိပ်စိပ်ပေါ်တာကို
နောက်က ဉာဏ်နဲ့ လိုက်မှတ်နေရတာကိုက
ဉာဏ်ထက်မြက်စေပါတယ် ..

ကိုယ့်သားသမီးများ ဉာဏ်မထက်မြက်ဘူး
ဉာဏ်တုန်းနေတယ်လို့များ ထင်ရင်
ကလေးတွေကို တရားထိုင်နည်း သင်ပေးပြီး
ထိုင်ခိုင်းကြည့်..
ဉာဏ်ရည် မထက်လာဘူးဆိုရင် ပြော

* သက္ကာယဒိဌိစင်ပြီလား

ဆိုရရင် ငါ့လင် ငါ့သား နဲ့
မြန်မာပြည်က လူတွေကို ရွေးပါဆိုတော့..
ငါ ဆိုတာကို ပယ်သတ်ခဲ့တယ်..
ငါ့လင် ငါ့သား ရှိရာကို မသွား ..
ပုဂ္ဂိုလ်သတ္တဝါ မစွဲတော့ဘူးတဲ့
သူတော်ကောင်းမကြီးက..

ဘယ်သူကများ ငါစွဲ ဖျောက်နိုင်လို့တုန်း..
ဘယ်သူကကော ငါ့လင် ငါ့သား ပစ်ပယ်နိုင်မှာတုန်း
ကိုယ်ချင်းစာကြစမ်းပါ
ကိုယ်သာဆို..နှစ်ခါမခေါ်ရဘူး
ဖုတ်ဖက်ခါကို ပြေးကြမှာ

ကဲ * သမ္မာဒိဋ္ဌိဆိုက်သွားပြီ ဆိုတာသိကြပြီလား

အရေးကြီးဆုံးအချက်
သောက ဗျာပါဒတွေကို
ဘယ်လို ငြိမ်းသတ်နိုင်ခဲ့တာလဲ

သားကွဲလို့ လင်သေ မယ်ပဋာ လို အဖြစ်
တခြား သာမန်လူသာဆို ရူးတယ်
ဆယ်ခါပြန်တောင် ရူးစေလိမ့်ဦးမယ်

မှတ်ထားကြဦး
သေကွဲထက် ရှင်ကွဲက ပိုဆိုးတယ်
သေသွားတာကဖြင့် သေသောသူ ကြာရင်မေ့
ဆိုသလို သေဆဲကာလသာ ပူဆွေးရပေမပေါ့

ရှင်ကွဲဆိုတာက ဘဝ တသက်တာလုံး တွေးလိုက်
အတွေးစလေး ဝင်လာတိုင်း
ငါ့သားလေးတွေ ဘာများလုပ်နေကြမလဲ.
ငါ့သားလေးတွေ နေများကောင်းပါ့မလား ဆိုတဲ့
သမုဒယ သစ္စာက အမြဲ သောကဗျာပါဒတွေ
ပေးနေတော့တာပေါ့

ဆဲဆိုနေသူတွေ
ကိုယ်ချင်းစာစိတ်လေး ဝင်ကြည့်

ငါ့ သားသမီးလေးတွေနဲ့များ
အဲလိုကြုံခဲ့ရင် ဆိုတဲ့ အတွေးလေး ဝင်ကြည့်
အမှန်အမြင် မြင်ပါလိမ့်မယ်

ကဲ သောကဗျာပါဒတွေ တွေ့လာပြီဆိုတော့
ဘယ်လိုများဖြင့် ဒီအပူ ငြိမ်းမလဲ ငြိမ်းကြမလဲ

ဒေါ်အောင်ဆန်းစုကြည် ဘဝက
မယ်ပဋာလို အဖြစ် မျိုးမကပါဘူး
Nld အဖွဲ့ကနေ အထုတ်ခံရပါတယ်
သူမကို ထောက်ခံနေတဲ့့ပြည်သူတွေက အစ
စစ်အစိုးရ နှိပ်ကွပ်မှုကြောင့်
သူမအနား မကပ်ရဲကြတော့ပါဘူး

* ဒေါ်အောင်ဆန်းစုကြည်ဘဝ
* သုညတဆိုက်ခဲ့ရတယ်..
သူမမှာ ဘာမှ မရှိတော့ဘူး
ဘာဆို ဘာမှ မရှိတော့ဘူး

ဒီလိုအချိန် ရပ်တည်နိုင်ဖို့
တရားဓမ္မကပဲ ကယ်ဆယ်နိုင်ပါတယ်
တရားဓမ္မ လို့ဆိုရာမှာလဲ
ပရိတ်ပဌာန်းတွေ ရွတ်မယ် ပုတီးစိပ်မယ်ဆိုရုံနဲ့
ဒီမီး ကိုတော့ မငြိမ်းနိုင်ပါဘူး

ပရိတ်ပဌာန်းရွတ်ဆဲကာလ
ပုတီးစိပ်ဆဲကာလလေးသာ ထိန်းရုံထိန်းနိုင်မယ်
ရပ်လိုက်တာနဲ့..အပူဆိုတာ
ပြာဖုံးမီးခဲများ ထတောက် လိုက်သလို.
ဟဒယ နှလုံးအိမ်ကို တောက်လောင်တာများ
နှလုံးသွေးတွေ လောင်ကျွမ်းသလို ခံစားရတယ်

* ဝိပဿနာတရားမှ တပါးအခြားမရှိပြီ

ဒီအပူမီး ငြိမ်းနိုင်ဖို့က
ဝိပဿနာတရားကလွဲ မရှိပါဘူး

သုညတဘဝ ဆိုက်ရောက်နေတဲ့ အချိန်
သုညတဆိုက် ဝိပဿနာ ညဏ်အမြင် မြင်မှ
အပူမီး မှန်သမျှ အကုန်ငြိမ်းပါတယ်

* သမုဒယကြောင့် ဖြစ်လာတဲ့ ဒုက္ခ

ဒီဒုက္ခတွေ ဒုက္ခမှန်သမျှတွေလဲ အမြဲမရှိ ဆိုတာ
သိလိုက်တာ နဲ့ ဒုက္ခချုပ်ရာကို လှမ်းမြင်နိုင်ပါပြီ

ထို့ကြောင့်…
သူမကို ဆဲဆိုနေသူတွေထဲက တချို့တလေ
ဤစာကို မြင်၍ အမှန်အမြင်လေးများ မြင်ရင်ဖြင့်
ရေးရကျိုးနပ်ပါတယ်

သူများတွေလှူလို့ ကိုယ်မလှူနိုင်လို့လဲ
စိတ်မကောင်းမဖြစ်ကြပါနဲ့
ဖြစ်ပျက်မြင်အောင်သာ ကြိုးစားကြပါ
ကိုယ်ချင်းစာ စိတ်သာ အရင်ရအောင် ယူကြပါ။

Credit

Zawgyi

* ဓမၼနည္းျဖင့္
* ေဒၚေအာင္ဆန္းစုၾကည္ကို ေလ့လာအကဲခတ္ျခင္း

* ေဒၚေအာင္ဆန္းစုၾကည္ ႐ုပ္လကၡဏာ ထူးျခားခ်က္
* ခါး အလြန္မတ္ေနပါတယ္

ငယ္စဥ္ကေကာ မတ္သလား..
ခုေလာက္ မမတ္ပါဘူး
ခါးယိုင္တာ ေစာင္းတာေတြကို
ငယ္ဘဝ ပုံေတြမွာ ျမင္ႏိုင္ပါတယ္.

ဘာလို႔ ခါးမတ္ေနတာလဲ
အထိုင္ၾကာတဲ့ ေယာဂီေတြမွ သိပါတယ္
ဆယ့္ငါးမိနစ္ နာရီဝက္ ေလးဆယ့္ငါးမိနစ္ေလာက္
ထိုင္တဲ့ ေယာဂီက သိပ္မသိပါဘူး

အထိုင္ၾကာလာလ်င္
ဝါေယာတလုံး အထိန္းရ ခက္ဆုံးပဲတဲ့
မွတ္ထားၾက ..

ဝါယာဓါတ္မ်ား ႐ုတ္တရက္ ေဖာက္ျပန္လာရင္
လွ်ပ္စီးလက္သလို ခႏၶာကိုယ္ထဲ ဖ်င္းခနဲ..
ေထာက္ကန္မႈေတြက ကိုယ္ကာယႀကီးကိုေတာင္
ယိမ္းယိုင္ေစပါတယ္.

ခါးမ်ား မတ္မထားဘူးဆိုရင္
ဝါေယာဓါတ္ ေဖာက္ျပန္မႈေၾကာင့္
တရားထိုင္ေနစဥ္
ေရွ႕သို႔ လည္းေကာင္း..ေဘးသို႔ လည္းေကာင္း
လဲက် ယိမ္းယိုင္ေစပါတယ္

သူေတာ္ေကာင္း ေယာဂီတို႔
တရားထိုင္မယ္ ဆိုလ်င္..
အေၾကာအျခင္ေတြ ေလ်ာ့ထားရမွာ ျဖစ္ေပမယ့္…..
ခါးကိုေတာ့ ေက်ာက္စိုင္ေက်ာက္သားသဖြယ္
မတ္ထားရမွသာ ဝါေယာဓါတ္ ေဖာက္ျပန္မႈကို
ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္

ဝါေယာတလုံး အခက္ဆုံးတဲ့
႐ုတ္တရက္မ်ား ဝါေယာဓါတ္ ေဖာက္ျပန္လာရင္
ျမန္လြန္းလို႔ အျဖစ္ကို မရႈႏိုင္ဘူး
ဝါေယာ အပ်က္ကိုသာ ရေအာင္ ဖမ္းရႈၾကပါ

* အၿမဲတမ္း active လန္းဆန္းတက္ႂကြေနျခင္း

ႏွစ္ေပါင္းမ်ားစြာ
အက်ယ္ခ်ဳပ္. စိတ္အက်ဥ္းခ် ခံရရင္
စိတ္ဒဏ္ရာရ ထိုင္းမႈိင္းသြားပါတယ္

နယ္လဆင္မင္ဒဲလားေတာင္
အမူအယာေတြ ေလးလံ သြားတာ.
႐ုတ္တရက္ မ်က္ႏွာအမူအယာ
ထိုင္းမႈိင္းသြားတာေတြ ရွိပါတယ္

ဟုတ္မဟုတ္ သိခ်င္ရင္
Stay home ကာလ ကိုယ္႐ုပ္ကို မွန္ထဲျပန္ၾကည့္
ရက္ပိုင္းကေလး စိတ္အက်ဥ္းခ်ခံရတာက
႐ုပ္သြင္ျပင္မွာ လာေပၚပါတယ္

* ဉာဏ္ရည္ ဉာဏ္ေသြး အလြန္ျမင့္မားေနျခင္း

ႏွစ္ေပါင္းမ်ားစြာ အခ်ဳပ္အေႏွာင္ခံရ
ကိုယ္ဖတ္ခ်င္တဲ့ စာက အစ မဖတ္ရ
ေလာကႀကီးနဲ႔ အဆက္အသြယ္ျဖတ္ခံထားရသူက
ဉာဏ္ရည္ေတြ ဘာလို႔ ျမင့္မားေနတာလဲ

ျဖစ္ႏိုင္ေခ်က တရားဓမၼေၾကာင့္ပါပဲ လို႔
ေတြးလို႔ရတယ္..ဝိပႆနာ တရားထိုင္ျခင္းက
ဉာဏ္ရည္ ဉာဏ္ေသြး အထူးတက္ေစပါတယ္
ျဖစ္ပ်က္ေတြ ခပ္စိပ္စိပ္ေပၚတာကို
ေနာက္က ဉာဏ္နဲ႔ လိုက္မွတ္ေနရတာကိုက
ဉာဏ္ထက္ျမက္ေစပါတယ္ ..

ကိုယ့္သားသမီးမ်ား ဉာဏ္မထက္ျမက္ဘူး
ဉာဏ္တုန္းေနတယ္လို႔မ်ား ထင္ရင္
ကေလးေတြကို တရားထိုင္နည္း သင္ေပးၿပီး
ထိုင္ခိုင္းၾကည့္..
ဉာဏ္ရည္ မထက္လာဘူးဆိုရင္ ေျပာ

* သကၠာယဒိဌိစင္ၿပီလား

ဆိုရရင္ ငါ့လင္ ငါ့သား နဲ႔
ျမန္မာျပည္က လူေတြကို ေ႐ြးပါဆိုေတာ့..
ငါ ဆိုတာကို ပယ္သတ္ခဲ့တယ္..
ငါ့လင္ ငါ့သား ရွိရာကို မသြား ..
ပုဂၢိဳလ္သတၱဝါ မစြဲေတာ့ဘူးတဲ့
သူေတာ္ေကာင္းမႀကီးက..

ဘယ္သူကမ်ား ငါစြဲ ေဖ်ာက္ႏိုင္လို႔တုန္း..
ဘယ္သူကေကာ ငါ့လင္ ငါ့သား ပစ္ပယ္ႏိုင္မွာတုန္း
ကိုယ္ခ်င္းစာၾကစမ္းပါ
ကိုယ္သာဆို..ႏွစ္ခါမေခၚရဘူး
ဖုတ္ဖက္ခါကို ေျပးၾကမွာ

ကဲ * သမၼာဒိ႒ိဆိုက္သြားၿပီ ဆိုတာသိၾကၿပီလား

အေရးႀကီးဆုံးအခ်က္
ေသာက ဗ်ာပါဒေတြကို
ဘယ္လို ၿငိမ္းသတ္ႏိုင္ခဲ့တာလဲ

သားကြဲလို႔ လင္ေသ မယ္ပဋာ လို အျဖစ္
တျခား သာမန္လူသာဆို ႐ူးတယ္
ဆယ္ခါျပန္ေတာင္ ႐ူးေစလိမ့္ဦးမယ္

မွတ္ထားၾကဦး
ေသကြဲထက္ ရွင္ကြဲက ပိုဆိုးတယ္
ေသသြားတာကျဖင့္ ေသေသာသူ ၾကာရင္ေမ့
ဆိုသလို ေသဆဲကာလသာ ပူေဆြးရေပမေပါ့

ရွင္ကြဲဆိုတာက ဘဝ တသက္တာလုံး ေတြးလိုက္
အေတြးစေလး ဝင္လာတိုင္း
ငါ့သားေလးေတြ ဘာမ်ားလုပ္ေနၾကမလဲ.
ငါ့သားေလးေတြ ေနမ်ားေကာင္းပါ့မလား ဆိုတဲ့
သမုဒယ သစၥာက အၿမဲ ေသာကဗ်ာပါဒေတြ
ေပးေနေတာ့တာေပါ့

ဆဲဆိုေနသူေတြ
ကိုယ္ခ်င္းစာစိတ္ေလး ဝင္ၾကည့္

ငါ့ သားသမီးေလးေတြနဲ႔မ်ား
အဲလိုႀကဳံခဲ့ရင္ ဆိုတဲ့ အေတြးေလး ဝင္ၾကည့္
အမွန္အျမင္ ျမင္ပါလိမ့္မယ္

ကဲ ေသာကဗ်ာပါဒေတြ ေတြ႕လာၿပီဆိုေတာ့
ဘယ္လိုမ်ားျဖင့္ ဒီအပူ ၿငိမ္းမလဲ ၿငိမ္းၾကမလဲ

ေဒၚေအာင္ဆန္းစုၾကည္ ဘဝက
မယ္ပဋာလို အျဖစ္ မ်ိဳးမကပါဘူး
Nld အဖြဲ႕ကေန အထုတ္ခံရပါတယ္
သူမကို ေထာက္ခံေနတဲ့့ျပည္သူေတြက အစ
စစ္အစိုးရ ႏွိပ္ကြပ္မႈေၾကာင့္
သူမအနား မကပ္ရဲၾကေတာ့ပါဘူး

* ေဒၚေအာင္ဆန္းစုၾကည္ဘဝ
* သုညတဆိုက္ခဲ့ရတယ္..
သူမမွာ ဘာမွ မရွိေတာ့ဘူး
ဘာဆို ဘာမွ မရွိေတာ့ဘူး

ဒီလိုအခ်ိန္ ရပ္တည္ႏိုင္ဖို႔
တရားဓမၼကပဲ ကယ္ဆယ္ႏိုင္ပါတယ္
တရားဓမၼ လို႔ဆိုရာမွာလဲ
ပရိတ္ပဌာန္းေတြ ႐ြတ္မယ္ ပုတီးစိပ္မယ္ဆို႐ုံနဲ႔
ဒီမီး ကိုေတာ့ မၿငိမ္းႏိုင္ပါဘူး

ပရိတ္ပဌာန္း႐ြတ္ဆဲကာလ
ပုတီးစိပ္ဆဲကာလေလးသာ ထိန္း႐ုံထိန္းႏိုင္မယ္
ရပ္လိုက္တာနဲ႔..အပူဆိုတာ
ျပာဖုံးမီးခဲမ်ား ထေတာက္ လိုက္သလို.
ဟဒယ ႏွလုံးအိမ္ကို ေတာက္ေလာင္တာမ်ား
ႏွလုံးေသြးေတြ ေလာင္ကြၽမ္းသလို ခံစားရတယ္

* ဝိပႆနာတရားမွ တပါးအျခားမရွိၿပီ

ဒီအပူမီး ၿငိမ္းႏိုင္ဖို႔က
ဝိပႆနာတရားကလြဲ မရွိပါဘူး

သုညတဘဝ ဆိုက္ေရာက္ေနတဲ့ အခ်ိန္
သုညတဆိုက္ ဝိပႆနာ ညဏ္အျမင္ ျမင္မွ
အပူမီး မွန္သမွ် အကုန္ၿငိမ္းပါတယ္

* သမုဒယေၾကာင့္ ျဖစ္လာတဲ့ ဒုကၡ

ဒီဒုကၡေတြ ဒုကၡမွန္သမွ်ေတြလဲ အၿမဲမရွိ ဆိုတာ
သိလိုက္တာ နဲ႔ ဒုကၡခ်ဳပ္ရာကို လွမ္းျမင္ႏိုင္ပါၿပီ

ထို႔ေၾကာင့္…
သူမကို ဆဲဆိုေနသူေတြထဲက တခ်ိဳ႕တေလ
ဤစာကို ျမင္၍ အမွန္အျမင္ေလးမ်ား ျမင္ရင္ျဖင့္
ေရးရက်ိဳးနပ္ပါတယ္

သူမ်ားေတြလႉလို႔ ကိုယ္မလႉႏိုင္လို႔လဲ
စိတ္မေကာင္းမျဖစ္ၾကပါနဲ႔
ျဖစ္ပ်က္ျမင္ေအာင္သာ ႀကိဳးစားၾကပါ
ကိုယ္ခ်င္းစာ စိတ္သာ အရင္ရေအာင္ ယူၾကပါ။

Credit

Leave a Reply

Your email address will not be published.