မန္တလေး မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေတပိဿာကျော် ပါသွား၊ ဝန်ထမ်းတဦး ကျည်ထိမှန် ဒဏ်ရာရ

Cele News

Unicode
မန္တလေး မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေတပိဿာကျော် ပါသွား၊ ဝန်ထမ်းတဦး ကျည်ထိမှန် ဒဏ်ရာရ
ဧရာဝတီ၊ ဇူလိုင် ၂၄၊ ၂၀၂၂
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ ၁၂၅လမ်း၊ (စ) စျေးမြောက်ဘက်တိုက်တန်းရှိ မောသစ်ရွှေဆိုင်မှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခံရပြီး ရွှေတပိဿာကျော်နှင့် ငွေကျပ်သိန်း ၆၀ ကျော် ပါရှိသွားကြောင်း သိရသည်။

“သေနတ် ၃ ချက် ပစ်ဖောက်ပြီး ရွှေထည်ပစ္စည်းတွေ ယူသွားတယ်လို့ သိရတယ်၊၊(စ)စျေး မြောက်ဘက်တိုက်တန်းမှာ ဖွင့်ထားတဲ့ ရွှေဆိုင်ပါ။ ဆိုင်ဝန်ထမ်းတယောက် သေနတ်မှန်ထားတယ်လို့ သိရတယ်ဗျ” ဟု ဖြစ်စဉ်အနီး နေထိုင်သူတဦးက ပြောသညိ။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီခန့်က မောသစ်ရွှေဆိုင်သို့ အမည်မသိ လူ ၂ ဦး ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ဖောက်ကာ နားကပ်၊ ဆွဲသီး၊ လက်စွပ်၊ ရွှေကလစ်စသည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၆၀ အပါ အဝင် (စုစုပေါင်းကာလတန်ဖိုး သိန်း ၂၀၀၀ ကျပ်ခန့်) ယူဆောင်သွားခြင်းဟု သိရသည်။

ထို့ပြင် သေနတ်ပစ်ဖောက်မှုကြောင့် ရွှေဆိုင်ဝန်ထမ်း ကိုဖြိုးမင်းစိုး ခြေထောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသညိ။
ထိုသို့ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးအနီးဝန်းကျင်အား လမ်းပိတ်ဆို့ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မောသစ်ရွှေဆိုင်သည် ဆိုင်ခွဲ ၃ ခုထိ ဖွင့်လှစ်ထားပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၇ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၂ လမ်းနှင့် ၁၃၄ လမ်းထောင့် စက်မှု(၁) စျေးတိုက်တန်းရှိ ဆိုင်ခွဲ ဓားပြတိုက်ခံရမှုတွင်လည်း ရွှေချိန် ၆၅ ကျပ်သား ၉ ပဲ ၄ ရွေး (ကာလတန်ဖိုး ၁၁၈၀ သိန်းခန့်) ပါသွားသေးသည်။

မောသစ်ရွှေဆိုင်အား ပထမအကြိမ် ဓားပြတိုက်ခံရမှုနှင့် ဝိန့်လီရွှေဆိုင်ဓားပြတိုက်မှု ကျုးလွန်သူ ၁၀ ဦးကို ပစ္စတိုသေနတ် ၂ လက်၊ ကျည်တောင့် ၂၀၊ လက်ပစ်ဗုံး ၂ လုံး၊ ရွှေထည်ပစ္စည်းမျိုးစုံ ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေ သားကျပ်သိန်း ၅၁၀၊ တိုက်ရာပါပစ္စည်းများအား ရောင်း ချ၍ ဝယ်ယူထားသော လက်ကိုင်ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့သညိဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
crd

hihihihihihihihihi

this is test

Zawgyi

မႏၲေလး ေမာသစ္ေ႐ႊဆိုင္ ဓားျပတိုက္ခံရမႈ ေ႐ႊတပိႆာေက်ာ္ ပါသြား၊ ဝန္ထမ္းတဦး က်ည္ထိမွန္ ဒဏ္ရာရ
ဧရာဝတီ၊ ဇူလိုင္ ၂၄၊ ၂၀၂၂
မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၅၈ လမ္းႏွင့္ ၅၉ လမ္းၾကား၊ ၁၂၅လမ္း၊ (စ) ေစ်းေျမာက္ဘက္တိုက္တန္းရွိ ေမာသစ္ေ႐ႊဆိုင္မွာ ယေန႔ မြန္းလြဲ ၂ နာရီခန္႔က ဓားျပတိုက္ခံရၿပီး ေ႐ႊတပိႆာေက်ာ္ႏွင့္ ေငြက်ပ္သိန္း ၆၀ ေက်ာ္ ပါရွိသြားေၾကာင္း သိရသည္။
“ေသနတ္ ၃ ခ်က္ ပစ္ေဖာက္ၿပီး ေ႐ႊထည္ပစၥည္းေတြ ယူသြားတယ္လို႔ သိရတယ္၊၊(စ)ေစ်း ေျမာက္ဘက္တိုက္တန္းမွာ ဖြင့္ထားတဲ့ ေ႐ႊဆိုင္ပါ။ ဆိုင္ဝန္ထမ္းတေယာက္ ေသနတ္မွန္ထားတယ္လို႔ သိရတယ္ဗ်” ဟု ျဖစ္စဥ္အနီး ေနထိုင္သူတဦးက ေျပာသညိ။

ျဖစ္စဥ္မွာ ယေန႔မြန္းလြဲ ၂ နာရီခန္႔က ေမာသစ္ေ႐ႊဆိုင္သို႔ အမည္မသိ လူ ၂ ဦး ဆိုင္ကယ္ ၁ စီးျဖင့္ ေရာက္ရွိလာၿပီး ဆိုင္အတြင္းသို႔ ဝင္ေရာက္ကာ ေသနတ္ျဖင့္ ၃ ခ်က္ခန႔္ ပစ္ေဖာက္ကာ နားကပ္၊ ဆြဲသီး၊ လက္စြပ္၊ ေ႐ႊကလစ္စသည့္ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ေငြက်ပ္သိန္း ၆၀ အပါ အဝင္ (စုစုေပါင္းကာလတန္ဖိုး သိန္း ၂၀၀၀ က်ပ္ခန႔္) ယူေဆာင္သြားျခင္းဟု သိရသည္။

ထို႔ျပင္ ေသနတ္ပစ္ေဖာက္မႈေၾကာင့္ ေ႐ႊဆိုင္ဝန္ထမ္း ကိုၿဖိဳးမင္းစိုး ေျခေထာက္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္ (မစိုးရိမ္ရ)ရရွိခဲ့ေၾကာင္း သိရသညိ။

ထိုသို႔ ဓားျပတိုက္မႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီးအနီးဝန္းက်င္အား လမ္းပိတ္ဆို႔ စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ေမာသစ္ေ႐ႊဆိုင္သည္ ဆိုင္ခြဲ ၃ ခုထိ ဖြင့္လွစ္ထားၿပီး ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ ၁၇ ရက္ကလည္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဇ) ရပ္ကြက္ ၆၂ လမ္းႏွင့္ ၁၃၄ လမ္းေထာင့္ စက္မႈ(၁) ေစ်းတိုက္တန္းရွိ ဆိုင္ခြဲ ဓားျပတိုက္ခံရမႈတြင္လည္း ေ႐ႊခ်ိန္ ၆၅ က်ပ္သား ၉ ပဲ ၄ ေ႐ြး (ကာလတန္ဖိုး ၁၁၈၀ သိန္းခန႔္) ပါသြားေသးသည္။

ေမာသစ္ေ႐ႊဆိုင္အား ပထမအႀကိမ္ ဓားျပတိုက္ခံရမႈႏွင့္ ဝိန႔္လီေ႐ႊဆိုင္ဓားျပတိုက္မႈ က်ဳးလြန္သူ ၁၀ ဦးကို ပစၥတိုေသနတ္ ၂ လက္၊ က်ည္ေတာင့္ ၂၀၊ လက္ပစ္ဗုံး ၂ လုံး၊ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ၂ ပိႆာ ၄၄ က်ပ္သားခန႔္၊ ေငြ သားက်ပ္သိန္း ၅၁၀၊ တိုက္ရာပါပစၥည္းမ်ားအား ေရာင္း ခ်၍ ဝယ္ယူထားေသာ လက္ကိုင္ဖုန္း ၅ လုံး၊ ဆိုင္ကယ္ ၅ စီးတို႔ႏွင့္အတူ ဖမ္းဆီးႏိုင္ခဲ့သညိဟု စစ္ေကာင္စီက သတင္းထုတ္ျပန္ထားသည္။

crd

Leave a Reply

Your email address will not be published.