ချွေးပေါက်ကျယ်တဲ့သူတွေအတွက် ချွေးပေါက်ပြန်ကျဉ်းလာဖို့ ပြုလုပ်ပေးရမယ့်အချက် (၇) ချက်

Knowledge

Unicode
များသောအားဖြင့် မျက်နှာအဆီအရမ်းပြန်တာ၊ ၊ အိပ်ရေးပျက်တာ၊ မျက်နှာပေါ်ဆဲလ်သေနဲ့ အညစ်အကြေးတွေ ပိတ်မိတာစတဲ့ ပြဿနာတွေက ချွေးပေါက်ကျယ်စေတဲ့အကြောင်းအရင်းတွေပါပဲ။

ဒါ့အပြင် ဓာတ်မတည့်တဲ့ အလှကုန်တွေနဲ့ စားသောက်ပုံအမှားတွေကတစ်ဆင့်လည်း အဆီပြန်၊ အသားအရေပျက်စီးပြီး ချွေးပေါက်ကျယ်လာတတ်ပါတယ်။

ဒီလိုပြဿနာတွေဖြစ်လာတဲ့အခါ ချွေးပေါက်ပြန်ကျဉ်းအောင် ပြန်လည်ထိန်းသိမ်းနိုင်ဖို့ သတိထားပြီးပြုလုပ်ပေးရမယ့်အချက်တွေကို ဒီတစ်ခေါက်အကြောင်းအရာမှာ မျှဝေပေးလိုက်ပါတယ်။

၁။ သန့်စင်ပြီးသားသကြားထက် သကြားအညိုကိုရွေးချယ်စားသုံးပါ

သန့်စင်ပြီးသားသကြားပါဝင်မှုများတဲ့အစားအသောက်တွေ၊ ဆီများတဲ့အစားအစာတွေက ချွေးပေါက်ပိတ် စေနိုင်ပါတယ်။ သင်ကအချိုစားရတာကြိုက်တဲ့သူဆိုရင်တော့ သန့်စင်ထားတဲ့သကြားတွေအစား သကြားအညိုကိုစားသုံးနိုင်ပါတယ်။

hihihihihihihihihi

this is test

၂။ အဆီစုပ်စက္ကူ မကြာခဏသုံးခြင်းကိုရှောင်ပါ

အရေပြားကျွမ်းကျင်ပညာရှင်တွေက အဆီစုပ်စက္ကူတွေဟာခဏတာအတွက်ပဲဖြစ်ပြီး အသုံးများတဲ့အခါ မျက်နှာပေါ်မှာရှိတဲ့ လိုအပ်တဲ့အဆီတွေကိုပါဖယ်ရှားမိစေတဲ့အပြင် စုပ်ယူလိုက်တဲ့အဆီအတွက် အစားထိုးပြန်လည်ထုတ်လုပ်ရတဲ့ပမာဏလည်း ပိုပြီးမြှင့် တက်လာစေတယ်လို့ အကြံပြုထားပါတယ်။

၃။ Green Tea အနှစ်ပါဝင်တဲ့ Skincare ပစ္စည်းတွေကိုအသုံးပြုပါ

Green Tea ပါဝင်တဲ့ Skincare ပစ္စည်းတွေက အသားအရေကိုကာကွယ်ပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ ဒါ့အပြင် မျက်နှာအဆီပြန်ခြင်းကိုထိန်းပေးနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကိုလည်းလျှော့ချပေးပါတယ်။

၄။ မိတ်ကပ်ကြာရှည်ခံဖို့ Powder အချိန်တိုင်းထပ်တာမျိုးကိုလည်းရှောင်ရပါမယ်

အချိန်တိုင်း အဆီပြန်ခြင်းကင်းပြီး မိတ်ကပ်ဖုံဖုံလေးဖြစ်စေဖို့ Powder ခဏခဏထပ်လိမ်းတာမျိုးကလည်း တဖြည်းဖြည်းနဲ့ ချွေးပေါက်ပိတ်လာတတ်ပါတယ်။

ဒါကြောင့် မကြာခဏ Powder ထပ်တာမျိုးကိုရှောင်ပြီး နှစ်ကြိမ်ထပ်ပိုမလိမ်းသင့်ပါဘူး။ လိမ်းတဲ့အခါမှာလည်း Cushion လိမ်းတဲ့ဖော့တွေထက် Brush တွေကို အသုံးပြုပေးပါ။

၅။ အလှအပထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကိုသတိပြုပေးပါ

အချို့ မိတ်ကပ်ပစ္စည်းတွေမှာ မျက်နှာအသားအရေကို ချွေးပေါက်ပိတ်ပြီး ဆားဝက်ခြံထွက်စေတဲ့ ဓာတ်နဲ့ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။

ဥပမာ အုန်းဆီ၊ သံလွင်ဆီတွေကပါဝင်တဲ့ထုတ်ကုန်တွေက ချွေးပေါက်ပိတ်စေနိုင်တာကြောင့် ဒါတွေအစား ကြက်ဆူဆီနဲ့ Jojoba ဆီတွေကိုသာအသုံးပြုသင့်ပါတယ်။

၆။ “Salicylic Acid” ပါတဲ့ မျက်နှာသစ်ဆေးတွေကိုသုံးပါ

လေ့လာမှုတွေအရ “Salicylic Acid” ပါဝင်တဲ့မျက်နှာသစ်ဆေးတွေက ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့အပြင် အညစ်အကြေးနဲ့ ချွေးပေါက်တွေမပိတ်အောင်လည်း ကူညီပေးနိုင်တယ်လို့ပြောကြပါတယ်။ ဒါကြောင့် “Salicylic Acid” ပါတဲ့ Cleanser ထုတ် ကုန်တွေကိုအသုံးပြုပေးသင့်ပါတယ်။

၇။ Gel အမျိုးအစားဖြစ်တဲ့ Cleanser တွေကိုသုံးပါ

Cleanser သုံးတဲ့အခါမှာ Cream အမျိုးအစားတွေထက် Gel ပုံစံတွေကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဒီလို Cleanser တွေက ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေတဲ့အပြင် အဆီထုတ်လုပ်မှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။

Zawgyi

မ်ားေသာအားျဖင့္ မ်က္ႏွာအဆီအရမ္းျပန္တာ၊ ၊ အိပ္ေရးပ်က္တာ၊ မ်က္ႏွာေပၚဆဲလ္ေသနဲ႔ အညစ္အေၾကးေတြ ပိတ္မိတာစတဲ့ ျပႆနာေတြက ေခြၽးေပါက္က်ယ္ေစတဲ့အေၾကာင္းအရင္းေတြပါပဲ။

ဒါ့အျပင္ ဓာတ္မတည့္တဲ့ အလွကုန္ေတြနဲ႔ စားေသာက္ပုံအမွားေတြကတစ္ဆင့္လည္း အဆီျပန္၊ အသားအေရပ်က္စီးၿပီး ေခြၽးေပါက္က်ယ္လာတတ္ပါတယ္။

ဒီလိုျပႆနာေတြျဖစ္လာတဲ့အခါ ေခြၽးေပါက္ျပန္က်ဥ္းေအာင္ ျပန္လည္ထိန္းသိမ္းႏိုင္ဖို႔ သတိထားၿပီးျပဳလုပ္ေပးရမယ့္အခ်က္ေတြကို ဒီတစ္ေခါက္အေၾကာင္းအရာမွာ မွ်ေဝေပးလိုက္ပါတယ္။

၁။ သန႔္စင္ၿပီးသားသၾကားထက္ သၾကားအညိဳကိုေ႐ြးခ်ယ္စားသုံးပါ

သန႔္စင္ၿပီးသားသၾကားပါဝင္မႈမ်ားတဲ့အစားအေသာက္ေတြ၊ ဆီမ်ားတဲ့အစားအစာေတြက ေခြၽးေပါက္ပိတ္ ေစႏိုင္ပါတယ္။ သင္ကအခ်ိဳစားရတာႀကိဳက္တဲ့သူဆိုရင္ေတာ့ သန႔္စင္ထားတဲ့သၾကားေတြအစား သၾကားအညိဳကိုစားသုံးႏိုင္ပါတယ္။

၂။ အဆီစုပ္စကၠဴ မၾကာခဏသုံးျခင္းကိုေရွာင္ပါ

အေရျပားကြၽမ္းက်င္ပညာရွင္ေတြက အဆီစုပ္စကၠဴေတြဟာခဏတာအတြက္ပဲျဖစ္ၿပီး အသုံးမ်ားတဲ့အခါ မ်က္ႏွာေပၚမွာရွိတဲ့ လိုအပ္တဲ့အဆီေတြကိုပါဖယ္ရွားမိေစတဲ့အျပင္ စုပ္ယူလိုက္တဲ့အဆီအတြက္ အစားထိုးျပန္လည္ထုတ္လုပ္ရတဲ့ပမာဏလည္း ပိုၿပီးျမႇင့္ တက္လာေစတယ္လို႔ အႀကံျပဳထားပါတယ္။

၃။ Green Tea အႏွစ္ပါဝင္တဲ့ Skincare ပစၥည္းေတြကိုအသုံးျပဳပါ

Green Tea ပါဝင္တဲ့ Skincare ပစၥည္းေတြက အသားအေရကိုကာကြယ္ေပးၿပီး ႏူးညံ့ေခ်ာေမြ႕ေစပါတယ္။ ဒါ့အျပင္ မ်က္ႏွာအဆီျပန္ျခင္းကိုထိန္းေပးႏိုင္ၿပီး အိုမင္းရင့္ေရာ္ျခင္းကိုလည္းေလွ်ာ့ခ်ေပးပါတယ္။

၄။ မိတ္ကပ္ၾကာရွည္ခံဖို႔ Powder အခ်ိန္တိုင္းထပ္တာမ်ိဳးကိုလည္းေရွာင္ရပါမယ္

အခ်ိန္တိုင္း အဆီျပန္ျခင္းကင္းၿပီး မိတ္ကပ္ဖုံဖုံေလးျဖစ္ေစဖို႔ Powder ခဏခဏထပ္လိမ္းတာမ်ိဳးကလည္း တျဖည္းျဖည္းနဲ႔ ေခြၽးေပါက္ပိတ္လာတတ္ပါတယ္။

ဒါေၾကာင့္ မၾကာခဏ Powder ထပ္တာမ်ိဳးကိုေရွာင္ၿပီး ႏွစ္ႀကိမ္ထပ္ပိုမလိမ္းသင့္ပါဘူး။ လိမ္းတဲ့အခါမွာလည္း Cushion လိမ္းတဲ့ေဖာ့ေတြထက္ Brush ေတြကို အသုံးျပဳေပးပါ။

၅။ အလွအပထုတ္ကုန္ေတြရဲ႕ ပါဝင္ပစၥည္းေတြကိုသတိျပဳေပးပါ

အခ်ိဳ႕ မိတ္ကပ္ပစၥည္းေတြမွာ မ်က္ႏွာအသားအေရကို ေခြၽးေပါက္ပိတ္ၿပီး ဆားဝက္ၿခံထြက္ေစတဲ့ ဓာတ္နဲ႔ပစၥည္းေတြပါဝင္ေနတတ္ပါတယ္။

ဥပမာ အုန္းဆီ၊ သံလြင္ဆီေတြကပါဝင္တဲ့ထုတ္ကုန္ေတြက ေခြၽးေပါက္ပိတ္ေစႏိုင္တာေၾကာင့္ ဒါေတြအစား ၾကက္ဆူဆီနဲ႔ Jojoba ဆီေတြကိုသာအသုံးျပဳသင့္ပါတယ္။

၆။ “Salicylic Acid” ပါတဲ့ မ်က္ႏွာသစ္ေဆးေတြကိုသုံးပါ

ေလ့လာမႈေတြအရ “Salicylic Acid” ပါဝင္တဲ့မ်က္ႏွာသစ္ေဆးေတြက ဝက္ၿခံေတြကိုေပ်ာက္ကင္းေစတဲ့အျပင္ အညစ္အေၾကးနဲ႔ ေခြၽးေပါက္ေတြမပိတ္ေအာင္လည္း ကူညီေပးႏိုင္တယ္လို႔ေျပာၾကပါတယ္။ ဒါေၾကာင့္ “Salicylic Acid” ပါတဲ့ Cleanser ထုတ္ ကုန္ေတြကိုအသုံးျပဳေပးသင့္ပါတယ္။

၇။ Gel အမ်ိဳးအစားျဖစ္တဲ့ Cleanser ေတြကိုသုံးပါ

Cleanser သုံးတဲ့အခါမွာ Cream အမ်ိဳးအစားေတြထက္ Gel ပုံစံေတြကိုအသုံးျပဳဖို႔အႀကံျပဳခ်င္ပါတယ္။ ဒီလို Cleanser ေတြက ေခြၽးေပါက္က်ယ္ျခင္းကိုသက္သာေစတဲ့အျပင္ အဆီထုတ္လုပ္မႈကိုလည္းေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Leave a Reply

Your email address will not be published.