ခိုးသွားတဲ့ဖုန်းတွေကို ဆိုင်ပိုင်ရှင်ဆီ သူခိုးကကိုယ်တိုင်ပြန်လာပေးသွားတာတဲ့ (ရုပ်/သံ)

News

Unicode

မကွေးက ဖောက်ထွင်းခံရတဲ့ ဖုန်းဆိုင်က ပစ္စည်းတွေကို ဖောက်ထွင်းသွားသူများက ပြန်လည်ပေးခဲ့ပါတယ်

ဖောက်ထွင်းသူများက သူတို့ နောင်တရကြောင်း ဆိုင်ပိုင်ရှင်များကို တောင်းပန်ခဲ့ပါတယ် ဖုန်းဆိုင်ပိုင်ရှင် လင်မယားကတော့ အခုလို ပစ္စည်းတွေပြန်ရလို့ ပျော်ရွှင်ရကြောင်း တင်ထားပါတယ်

တစ်ညတိတိ စိတ်ဆင်းရဲခဲ့ရတာလေး အခုတော့သူ့သခင်ဆီပြန်လာခဲ့ပြီလေ …

20.7.2022 ည ၁၁ နာရီမှာ Xiaomi အဓိကရောင်းတဲ့ Real Mobile 1 ဖောက်ခံရပါတယ် လင်မယားနှစ်ယောက်လုံး မျက်ရည်ကြီးပေါက်ကျခဲ့ရတာ

hihihihihihihihihi

this is test

ယောကျာ်းကပြောတယ် မိန်းမငါတို့သူများအပူစာမစားဖူး သူတစ်ပါးဒုက္ခရောက်အောင်မလုပ်ဖူးဘူး သမာအာဇီဝကျကျ ရှာဖွေထားခဲ့တာတွေ ဘယ်လိုနည်းနဲ့မှမဆုံးရှူံးနိုင်ဖူး တဲ့ ကိုယ်ကတော့မိန်းမဆိုတော့ တစ်ရက်လုံးဘာမှမစား ငိုတာပေါ့ ယောကျာ်းပြောတဲ့အတိုင်း ဥစ္စာရင်းမှန်လို့ပြန်ရခဲ့ပီ

ကိုယ့်ဘဝအခုလိုဖစ်ရပ်မျိုးကြုံတောင်မကြုံဖူးခဲ့ဖူး ယောကျာ်းဆီဖုန်းဆက်ပြီး အကိုရယ် ညီလေးတို့ ဖုန်းတွေအကုန်ပြန်ပေးချင်လို့ပါတဲ့ ညီလေးတို့ကိုကြိုက်တဲ့အပြစ်ပေးပါ ညီလေးတို့မူးလို့လုပ်မိတာပါ တဲ့ တကယ်ကိုအံ့ဩသွားတယ်

အခုကောင်လေးတွေခိုးယူသွားတဲ့ဟာတွေအကုန်ပြရပါဘီ ဆာလာအိတ်ကြီးနဲ့တစ်လုံး လာပို့သွားတာ ဘုရားရှင်ကျေးဇူးတော်ပါပဲ

အစစရာရာ ဒီ Operation ကြီး အောင်မြင်အောင်၂ ရက်အတွင်းလုပ်ဆောင်ပေးခဲ့ကျတဲ့ တာဝန်ရှိသူများ ဖုန်းလောကအသိုင်းဝိုင်း ညီအကိုမောင်နှမများ အကုန်ကျေးဇူးတင်ပါတယ်နော် Crd- Yamin Eain

Zawgyi

မေကြးက ေဖာက္ထြင္းခံရတဲ့ ဖုန္းဆိုင္က ပစၥည္းေတြကို ေဖာက္ထြင္းသြားသူမ်ားက ျပန္လည္ေပးခဲ့ပါတယ္

ေဖာက္ထြင္းသူမ်ားက သူတို႔ ေနာင္တရေၾကာင္း ဆိုင္ပိုင္ရွင္မ်ားကို ေတာင္းပန္ခဲ့ပါတယ္ ဖုန္းဆိုင္ပိုင္ရွင္ လင္မယားကေတာ့ အခုလို ပစၥည္းေတြျပန္ရလို႔ ေပ်ာ္႐ႊင္ရေၾကာင္း တင္ထားပါတယ္

တစ္ညတိတိ စိတ္ဆင္းရဲခဲ့ရတာေလး အခုေတာ့သူ႔သခင္ဆီျပန္လာခဲ့ၿပီေလ …

20.7.2022 ည ၁၁ နာရီမွာ Xiaomi အဓိကေရာင္းတဲ့ Real Mobile 1 ေဖာက္ခံရပါတယ္ လင္မယားႏွစ္ေယာက္လုံး မ်က္ရည္ႀကီးေပါက္က်ခဲ့ရတာ

ေယာက်ာ္းကေျပာတယ္ မိန္းမငါတို႔သူမ်ားအပူစာမစားဖူး သူတစ္ပါးဒုကၡေရာက္ေအာင္မလုပ္ဖူးဘူး သမာအာဇီဝက်က် ရွာေဖြထားခဲ့တာေတြ ဘယ္လိုနည္းနဲ႔မွမဆုံးရႉံးႏိုင္ဖူး တဲ့ ကိုယ္ကေတာ့မိန္းမဆိုေတာ့ တစ္ရက္လုံးဘာမွမစား ငိုတာေပါ့ ေယာက်ာ္းေျပာတဲ့အတိုင္း ဥစၥာရင္းမွန္လို႔ျပန္ရခဲ့ပီ

ကိုယ့္ဘဝအခုလိုဖစ္ရပ္မ်ိဳးႀကဳံေတာင္မႀကဳံဖူးခဲ့ဖူး ေယာက်ာ္းဆီဖုန္းဆက္ၿပီး အကိုရယ္ ညီေလးတို႔ ဖုန္းေတြအကုန္ျပန္ေပးခ်င္လို႔ပါတဲ့ ညီေလးတို႔ကိုႀကိဳက္တဲ့အျပစ္ေပးပါ ညီေလးတို႔မူးလို႔လုပ္မိတာပါ တဲ့ တကယ္ကိုအံ့ဩသြားတယ္

အခုေကာင္ေလးေတြခိုးယူသြားတဲ့ဟာေတြအကုန္ျပရပါဘီ ဆာလာအိတ္ႀကီးနဲ႔တစ္လုံး လာပို႔သြားတာ ဘုရားရွင္ေက်းဇူးေတာ္ပါပဲ

အစစရာရာ ဒီ Operation ႀကီး ေအာင္ျမင္ေအာင္၂ ရက္အတြင္းလုပ္ေဆာင္ေပးခဲ့က်တဲ့ တာဝန္ရွိသူမ်ား ဖုန္းေလာကအသိုင္းဝိုင္း ညီအကိုေမာင္ႏွမမ်ား အကုန္ေက်းဇူးတင္ပါတယ္ေနာ္ Crd- Yamin Eain

Leave a Reply

Your email address will not be published.