Unicode
အသက်အရွယ် ရလာပြီဆိုတာနဲ့ အဓိက သိသာတာက မျက်လုံးတွေပါပဲ သင့်မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ တွေ့နေရပြီဆိုတာနဲ့ သင်ဘယ်လောက်ပင်ပန်းပြီး
အရွယ်ကျနေပြီလဲဆိုတာ ခန့်မှန်းလို့ရပါတယ် ဒါ့ကြောင့် ငယ်ရွယ်နုပျိုမှုကို ဆက်လက်ထိန်းထားဖို့အတွက် အရေးအကြောင်းတွေ မဖြစ်စေနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။




၁ ။ ဆဲလ်သေတွေ ဖယ်ရှားပါ
ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်ဖို့အတွက် ကျန်းမာလှပတဲ့ အသားအရေကို ရစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းက Exfoliateလုပ်ခြင်း
ဆဲလ်သေတွေ ဖယ်ရှားပေးခြင်း ဖြစ်တယ်လို့ Jonna Vergas Skincare ရဲ့ Founder ဖြစ်သူက ဆိုပါတယ်။
this is test
တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေဖယ်ရှားတဲ့ scrub မျိုး လုပ်ပေးမယ်ဆိုရင် skin careတွေက အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်တာကြောင့် ပိုပြီးသိသာတဲ့ အကျိုးဆက်ကို ရစေနိုင်ပါတယ်။




၂ ။ ညင်သာစွာ ထိတွေ့ပါ
မျက်နှာဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေထက် ပိုပြီးနူးညံ့တာကြောင့် ညင်သာစွာ ထိတွေ့သင့်ပါတယ်
မျက်လုံးနားတဝိုက်ကို skincare လိမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ အတွင်းဘက်ကနေ အပြင်ဘက်ကို ပုတ်ပြီး လိမ်းပေးပါ အရေပြားကို ဖိဆွဲတာမျိုး မလုပ်မိအောင် သတိပြုပါ။




၃ ။ အေးမြနေပါစေ
မျက်နှာသစ်တဲ့အခါ ရေပူနဲ့ မသစ်ပါနဲ့ ရေပူက မျက်နှာကို ခြောက်သွေ့စေပြီး အစိုဓာတ်တွေလျော့ပါးစေသလို ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်
အလှကုန်ပစ္စည်းတွေကို အေးတဲ့နေရာမှာ အေးတဲ့နေရာမှာ သိမ်းထားပေးပါ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်းတွေ ကြာရှည်ခံသလို အာနိသင် လျော့ပါးသွားတာမျိုးလည်း မရှိတော့ပါဘူး။




၄ ။ ဟင်းသီးဟင်းရွက် စားသုံးပါ
Fatty acidsပြည့်ဝတဲ့ အစေ့၊ အဆံတွေ ၊ ဥနဲ့ ထောပတ်သီးတွေ စားသုံးသင့်သလို antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံမျိုးစုံကိုလည်း စားသုံးပေးသင့်ပါတယ်။
အရောင်စုံ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်နဲ့အတူ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက် သောက်သုံးပေးသင့်ပါတယ် ဒါ့အပြင် ဝိုင်နီကလည်း အသားအရေကို အထောက်အကူပြုတာကြောင့် သောက်သုံးပေးပါ။
crd




Zawgyi
အသက္အ႐ြယ္ ရလာၿပီဆိုတာနဲ႔ အဓိက သိသာတာက မ်က္လုံးေတြပါပဲ သင့္မ်က္လုံးတစ္ဝိုက္မွာ အေရးအေၾကာင္းေတြ ေတြ႕ေနရၿပီဆိုတာနဲ႔ သင္ဘယ္ေလာက္ပင္ပန္းၿပီး
အ႐ြယ္က်ေနၿပီလဲဆိုတာ ခန႔္မွန္းလို႔ရပါတယ္ ဒါ့ေၾကာင့္ ငယ္႐ြယ္ႏုပ်ိဳမႈကို ဆက္လက္ထိန္းထားဖို႔အတြက္ အေရးအေၾကာင္းေတြ မျဖစ္ေစႏိုင္တဲ့ နည္းလမ္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။




၁ ။ ဆဲလ္ေသေတြ ဖယ္ရွားပါ
ငယ္႐ြယ္ႏုပ်ိဳမႈကို ေဖာ္ေဆာင္ဖို႔အတြက္ က်န္းမာလွပတဲ့ အသားအေရကို ရေစႏိုင္တဲ့ အလြယ္ကူဆုံးနည္းလမ္းက Exfoliateလုပ္ျခင္း
ဆဲလ္ေသေတြ ဖယ္ရွားေပးျခင္း ျဖစ္တယ္လို႔ Jonna Vergas Skincare ရဲ႕ Founder ျဖစ္သူက ဆိုပါတယ္။
တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ဆဲလ္ေသဖယ္ရွားတဲ့ scrub မ်ိဳး လုပ္ေပးမယ္ဆိုရင္ skin careေတြက အသားထဲ အလြယ္တကူ စိမ့္ဝင္ႏိုင္တာေၾကာင့္ ပိုၿပီးသိသာတဲ့ အက်ိဳးဆက္ကို ရေစႏိုင္ပါတယ္။




၂ ။ ညင္သာစြာ ထိေတြ႕ပါ
မ်က္ႏွာဟာ ခႏၶာကိုယ္ရဲ႕ က်န္တဲ့ အစိတ္အပိုင္းေတြထက္ ပိုၿပီးႏူးညံ့တာေၾကာင့္ ညင္သာစြာ ထိေတြ႕သင့္ပါတယ္
မ်က္လုံးနားတဝိုက္ကို skincare လိမ္းတဲ့အခါ လက္ေခ်ာင္းေလးေတြနဲ႔ အတြင္းဘက္ကေန အျပင္ဘက္ကို ပုတ္ၿပီး လိမ္းေပးပါ အေရျပားကို ဖိဆြဲတာမ်ိဳး မလုပ္မိေအာင္ သတိျပဳပါ။




၃ ။ ေအးျမေနပါေစ
မ်က္ႏွာသစ္တဲ့အခါ ေရပူနဲ႔ မသစ္ပါနဲ႔ ေရပူက မ်က္ႏွာကို ေျခာက္ေသြ႕ေစၿပီး အစိုဓာတ္ေတြေလ်ာ့ပါးေစသလို ယားယံတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္
အလွကုန္ပစၥည္းေတြကို ေအးတဲ့ေနရာမွာ ေအးတဲ့ေနရာမွာ သိမ္းထားေပးပါ ဒီလိုလုပ္ျခင္းအားျဖင့္ ပစၥည္းေတြ ၾကာရွည္ခံသလို အာနိသင္ ေလ်ာ့ပါးသြားတာမ်ိဳးလည္း မရွိေတာ့ပါဘူး။




၄ ။ ဟင္းသီးဟင္း႐ြက္ စားသုံးပါ
Fatty acidsျပည့္ဝတဲ့ အေစ့၊ အဆံေတြ ၊ ဥနဲ႔ ေထာပတ္သီးေတြ စားသုံးသင့္သလို antioxidant ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့ အသီးအႏွံမ်ိဳးစုံကိုလည္း စားသုံးေပးသင့္ပါတယ္။
အေရာင္စုံ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္နဲ႔အတူ တစ္ေန႔ကို အနည္းဆုံး ေရ ၈ခြက္ ေသာက္သုံးေပးသင့္ပါတယ္ ဒါ့အျပင္ ဝိုင္နီကလည္း အသားအေရကို အေထာက္အကူျပဳတာေၾကာင့္ ေသာက္သုံးေပးပါ။