Unicode
သိန်း ၁၀၀ တန် မြေကွက်ကို ရောင်း၊ တဝက်ကို ဘဏ်ထဲထည့် တဝက်ကို ရင်းနှီးပြီး ၅ နှစ်ကြာသောအခါ(စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါနော်)
လူတစ်ယောက်.. သိန်း ၁၀၀ တန် မြေကွက်ကို ရောင်းပြီး တစ်ဝက်ဖြစ်တဲ့ သိန်းငါးဆယ်ကို ဘဏ်ထဲထည့်လိုက်တယ်၊
တစ်ဝက်ကို နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ အတွက်ရင်းနှီးလိုက်တယ်…။




သူနိုင်ငံခြားမှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ၅နှစ်သွားအလုပ်လုပ်တယ်၊ အမိမြေပြန်လာတော့ သိန်း ၅၀၀ ပြန်ပါလာတယ်၊
ဒါဆို သူရင်းနှီးထားတဲ့ငွေသိန်း ၅ဝ ထက် ဆယ်ဆပိုမြတ်သွားပြီပေါ့…။
this is test
ဒါပေမယ့် ငါးနှစ်ကြာပြီးနောက် သူသိန်း၁၀၀နဲ့ ရောင်းခဲ့တဲ့မြေကွက်က အခု ခေါ်ဈေး သိန်း ၃၀၀၀ ဖြစ်နေပြီ။
ဒါဆို သူရှုံးခဲ့တာ ၁။ ငွေသိန်း ၂ထောင့်၉ရာ ၂။ သူပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ အားစိုက်မှု၊ ၃။ မိသားစုနဲ့ခွဲခွာရတဲ့ ၅နှစ်သက်တမ်း၊




၄။ သူ့အသက်ရဲ့ ကိုယ်ပိုင်အချိန် ၅နှစ်နဲ့ ၅။ သူ့ရဲ့ကျန်းမာရေးပဲ ဖြစ်မယ်…။
တကယ်လို့ သူ၅နှစ်လုပ်ခဲ့တဲ့အရာဆီက ပညာရခဲ့မယ်ဆို သူအခုအချိန်အသုံးချလို့ရသေးတယ်၊
တကယ်လို့ပညာမရခဲ့ဘဲ ပိုက်ဆံရဖို့ပဲ သည်းကြီးမည်ကြီးရှာနေမယ်ဆို အခု သူ့ကိုယ်မှာ ကျန်တာက ဗလာနတ္ထိနဲ့ အရှုံး။
ကျနော်တို့ လိုအပ်နေတာ ငွေကိုချွေတာနေဖို့ မဟုတ်ဘူး… ကျနော်တို့ လိုအပ်တာ ငွေဝင်မယ့် Source အရင်းအမြစ်ကို ရှာဖို့ပါ။
အပေါ်က စာကိုဖတ်ရင်တော့ အစပိုင်းတော့ ဟုတ်သလိုလို ထင်မိပါလိမ့်မယ်။




လက်တွေ့ အပြင်မှာတော့ သိန်း ၁၀၀ မြေကွက်ကနေသိန်း ၃၀၀၀ လောက် ၅ နှစ်အတွင်း အဆ ၃၀ ဈေးတက်သွားဖို့က မြန်မာပြည်လို လုပ်စား ပေါင်းစား ခွင်ရိုက်စား များတဲ့ နိုင်ငံမှာတောင် သိပ်မရှိပါဘူး။
ပြီးတော့ မြန်မာပြည်ဘဏ်တွေရဲ့ လက်ရှိအနေအထားနဲ့ဆို သူဘဏ်ထဲထည့်ခဲ့တဲ့ သိန်း ၅၀ ကလည်း ဘယ်တော့မှ ထုတ်မရတာကြောင့် ရာခိုင်နှုန်း ပေးပြီး ထုတ်ရလို့ ပိုပြီးတောင် ရှုံးသွားဦးမှာပါ။
Crd




Zawgyi
သိန္း ၁၀၀ တန္ ေျမကြက္ကို ေရာင္း၊ တဝက္ကို ဘဏ္ထဲထည့္ တဝက္ကို ရင္းႏွီးၿပီး ၅ ႏွစ္ၾကာေသာအခါ(စာေလးကို ဆုံးေအာင္ ဖတ္ၾကည့္လိုက္ပါေနာ္)
လူတစ္ေယာက္.. သိန္း ၁၀၀ တန္ ေျမကြက္ကို ေရာင္းၿပီး တစ္ဝက္ျဖစ္တဲ့ သိန္းငါးဆယ္ကို ဘဏ္ထဲထည့္လိုက္တယ္၊
တစ္ဝက္ကို ႏိုင္ငံျခားမွာ သြားအလုပ္လုပ္ဖို႔ အတြက္ရင္းႏွီးလိုက္တယ္…။




သူႏိုင္ငံျခားမွာ ပင္ပင္ပန္းပန္း၊ ဆင္းဆင္းရဲရဲ ၅ႏွစ္သြားအလုပ္လုပ္တယ္၊ အမိေျမျပန္လာေတာ့ သိန္း ၅၀၀ ျပန္ပါလာတယ္၊
ဒါဆို သူရင္းႏွီးထားတဲ့ေငြသိန္း ၅ဝ ထက္ ဆယ္ဆပိုျမတ္သြားၿပီေပါ့…။
ဒါေပမယ့္ ငါးႏွစ္ၾကာၿပီးေနာက္ သူသိန္း၁၀၀နဲ႔ ေရာင္းခဲ့တဲ့ေျမကြက္က အခု ေခၚေဈး သိန္း ၃၀၀၀ ျဖစ္ေနၿပီ။
ဒါဆို သူရႈံးခဲ့တာ ၁။ ေငြသိန္း ၂ေထာင့္၉ရာ ၂။ သူပင္ပင္ပန္းပန္းလုပ္ခဲ့တဲ့ အားစိုက္မႈ၊ ၃။ မိသားစုနဲ႔ခြဲခြာရတဲ့ ၅ႏွစ္သက္တမ္း၊




၄။ သူ႔အသက္ရဲ႕ ကိုယ္ပိုင္အခ်ိန္ ၅ႏွစ္နဲ႔ ၅။ သူ႔ရဲ႕က်န္းမာေရးပဲ ျဖစ္မယ္…။
တကယ္လို႔ သူ၅ႏွစ္လုပ္ခဲ့တဲ့အရာဆီက ပညာရခဲ့မယ္ဆို သူအခုအခ်ိန္အသုံးခ်လို႔ရေသးတယ္၊
တကယ္လို႔ပညာမရခဲ့ဘဲ ပိုက္ဆံရဖို႔ပဲ သည္းႀကီးမည္ႀကီးရွာေနမယ္ဆို အခု သူ႔ကိုယ္မွာ က်န္တာက ဗလာနတၳိနဲ႔ အရႈံး။




က်ေနာ္တို႔ လိုအပ္ေနတာ ေငြကိုေခြၽတာေနဖို႔ မဟုတ္ဘူး… က်ေနာ္တို႔ လိုအပ္တာ ေငြဝင္မယ့္ Source အရင္းအျမစ္ကို ရွာဖို႔ပါ။
အေပၚက စာကိုဖတ္ရင္ေတာ့ အစပိုင္းေတာ့ ဟုတ္သလိုလို ထင္မိပါလိမ့္မယ္။




လက္ေတြ႕ အျပင္မွာေတာ့ သိန္း ၁၀၀ ေျမကြက္ကေနသိန္း ၃၀၀၀ ေလာက္ ၅ ႏွစ္အတြင္း အဆ ၃၀ ေဈးတက္သြားဖို႔က ျမန္မာျပည္လို လုပ္စား ေပါင္းစား ခြင္႐ိုက္စား မ်ားတဲ့ ႏိုင္ငံမွာေတာင္ သိပ္မရွိပါဘူး။
ၿပီးေတာ့ ျမန္မာျပည္ဘဏ္ေတြရဲ႕ လက္ရွိအေနအထားနဲ႔ဆို သူဘဏ္ထဲထည့္ခဲ့တဲ့ သိန္း ၅၀ ကလည္း ဘယ္ေတာ့မွ ထုတ္မရတာေၾကာင့္ ရာခိုင္ႏႈန္း ေပးၿပီး ထုတ္ရလို႔ ပိုၿပီးေတာင္ ရႈံးသြားဦးမွာပါ။
Crd