သူငယ်ချင်း စစ်မစစ် စမ်းသပ်နည်း

Uncategorized

Unicode
သူငယ်ချင်း စစ်မစစ် စမ်းသပ်နည်း

ကလင်ကလင် ကလင် “ဟယ်လို”

“သားကြီး ငါပါ အရေးကြီးလို့ ငွေလေး ၂သိန်းလောက် ခဏဆွဲချင်လို့ပါ”

“ငါ့မှာလဲ မရှိဘူးကွ ငါလဲ ဘိုင်ပြတ်နေတာ”

“ရှိရင်လုပ်ပါကွာ ငါအရမ်းအခက်အခဲ ဖြစ်နေလို့ပါ”

hihihihihihihihihi

this is test

“တကယ်မရှိလို့ပါကွာ”

“ငါက မင့်စိတ်ကို စမ်းကြည့်တာပါကွာ တကယ်မချေးပါဘူး ငါဖုန်းချလိုက်ပြီနော်”

နောက်တယောက်—ကလင်ကလင် ကလင်

“ဟှောင့် သားကြီးပြော”

“အေး ငါအကူအညီ တခုတောင်းချင်လို့”

“ပြောလေ ဘာကူညီရမလဲ”

“ငါ အရေးတကြီးလိုနေလို့ ငွေ၂ သိန်းလောက် ခဏလှည့်ထားချင်လို့”

“ငါ့မှာ ဘယ်လိုလုပ် ရှိမှာလဲကွာ”

“ကြံလို့ဖန်လို့ရရင် ဖန်ပေးစမ်းပါကွာ ငါတကယ်ဒုက္ခရောက်နေလို့”

“တကယ် အဆင်မပြေလို့ပါကွာ ငါလဲ ကူညီချင်ပါတယ်”

“‌ငါက မင့်စိတ်ကို စမ်းတာပါကွာ တကယ်မချေးပါဘူး ဒါပဲနော်”

နောက်တယောက် ကလင် ကလင် ကလင်…

“ဟယ်လို အမိန့်ရှိပါ”

“သယ်ရင်း ငါပါ မင့်ဆီက အကူအညီ တခုတောင်းချင်လို့”

“ပြောလေ သူငယ်ချင်း ဘာကူညီရမလဲ”

“ငါအရေးတကြီး ငွေလိုနေလို့ ၂ သိန်းလောက် ခဏချေးချင်လို့ပါ”

“ရတယ်လေ သူငယ်ချင်း ငါဟန်းစက်လဲမလို့ စုထားတာရှိတယ် မင်း၂လလောက်တော့ သုံးလို့ရတယ် အဆင်ပြေလား”

“အဲ့လောက်မကြာပါဘူးကွာ တပတ်လောက်ဆို ပြန်ပေးမှာပါ ငါအတိုးလဲပေးပါ့မယ်”

“မဟုတ်တာကွာ ဘာအတိုးမှ ပေးစရာမလိုဘူး မင်းလာယူလိုက် ငါအိမ်မှာရှိတယ်”

“အေးပါကွာ”

သူကူညီတာ ပျက်ရယ်ပြုရာ ရောက်မှာစိုးလို့ သူ့ဆီက ငွေ၂ သိန်းခဏယူ ၃ရက်လောက်နေတော့ ပြန်ပေးလိုက်တယ်။

ဒါနဲ့ အရမ်းချစ်ပါတယ်ဆိုတဲ့သူငယ်ချင်းတွေဆီက ငွေချေးဖူးပြီးပြီလား ????

Credit:ကောင်းကင်ထက်က ကြယ်စင် {ကလေး}

Zawgyi


ကလင်ကလင် ကလင် “ဟယ်လို”




“တကယ်မရှိလို့ပါကွာ”



“ဟှောင့် သားကြီးပြော”


“ပြောလေ ဘာကူညီရမလဲ”







“ဟယ်လို အမိန့်ရှိပါ”







“အေးပါကွာ”




Leave a Reply

Your email address will not be published.