ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သေဒဏ်စီရင်မှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြင်းပြင်းထန်ထန်ရှုတ်ချပြီ …..

International News

Unicode
ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သေဒဏ်စီရင်မှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြင်းပြင်းထန်ထန်ရှုတ်ချ၊ စစ်အာဏာရှင် လက်အောက် တစ်ရက်မှ မနေလိုသော မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် ပြောဆို

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ANTONY J. BLINKENက ထုတ်ပြန်ပြောဆိုလိုက်သည်။

ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ရွေးကောက်ခံ လွှတ်တော်အမတ် ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကွပ်မျက်မှုအပေါ် အမေရိကန် ပြည်ထောင်စုက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း၊ စစ်တပ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို လုံးဝဂရုမစိုက်ကြောင်း သက်သေပြနေကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာ သိမ်းချိန်မှစတင်ပြီး စစ်တပ်က ပြည်သူ ၂၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၇ သိန်းကျော်ကို ထွက်ပြေး တိမ်းရှောင်စေခဲ့ကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များအပါအဝင် အပြစ်မဲ့ပြည်သူထောင် ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

စစ်တပ်၏ အတုအယောင် တရားရုံးတွင် သေဒဏ်ချမှတ်၍ ကွပ်မျက်မှုသည် ဒီမိုကရေစီ ဖျက်ဆီးသော လုပ်ရပ်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများ၏ ရဲရင့်သော စိတ်ဓာတ်ကို ဖိနှိပ်နိုင်မည်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ တိုက်ပွဲတွင် အမေရိကန် ပြည်ထောင်စုက မြန်မာပြည်သူများနှင့်အတူ ရပ် တည်လျက်ရှိပြီး စစ်အာဏာရှင် လက် အောက်တွင် တစ်ရက်ကလေးမျှပင် မနေလိုသော ပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်ဆန္ဒကို လေးစားရန် စစ်အုပ်စုကိုတောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုသည်။
crd

Zawgyi

hihihihihihihihihi

this is test

ဒီမိုကေရစီအေရး လႈပ္ရွားသူ ၄ ဦးကို စစ္တပ္က ေသဒဏ္စီရင္မႈ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ျပင္းျပင္းထန္ထန္ရႈတ္ခ်၊ စစ္အာဏာရွင္ လက္ေအာက္ တစ္ရက္မွ မေနလိုေသာ ျမန္မာျပည္သူမ်ား၏ ဆႏၵကို ေလးစားရန္ ေျပာဆို

အၾကမ္းဖက္စစ္တပ္က ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ကိုေအာင္သူရေဇာ္တို႔ကို ေသဒဏ္စီရင္လိုက္မႈကိုျပင္းျပင္းထန္ထန္ရႈတ္ခ်ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ANTONY J. BLINKENက ထုတ္ျပန္ေျပာဆိုလိုက္သည္။

ဒီမိုကေရစီေရး လႈပ္ရွားသူမ်ားႏွင့္ ေ႐ြးေကာက္ခံ လႊတ္ေတာ္အမတ္ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔ကို စစ္တပ္က ကြပ္မ်က္မႈအေပၚ အေမရိကန္ ျပည္ေထာင္စုက အျပင္းထန္ဆုံး ရႈတ္ခ်လိုက္ေၾကာင္း၊ စစ္တပ္သည္ လူ႔အခြင့္အေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို လုံးဝဂ႐ုမစိုက္ေၾကာင္း သက္ေသျပေနေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အာဏာ သိမ္းခ်ိန္မွစတင္ၿပီး စစ္တပ္က ျပည္သူ ၂၁၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့ၿပီး လူေပါင္း ၇ သိန္းေက်ာ္ကို ထြက္ေျပး တိမ္းေရွာင္ေစခဲ့ေၾကာင္း၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ သတင္းေထာက္မ်ားအပါအဝင္ အျပစ္မဲ့ျပည္သူေထာင္ ေပါင္းမ်ားစြာကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုသည္။

စစ္တပ္၏ အတုအေယာင္ တရား႐ုံးတြင္ ေသဒဏ္ခ်မွတ္၍ ကြပ္မ်က္မႈသည္ ဒီမိုကေရစီ ဖ်က္ဆီးေသာ လုပ္ရပ္ျဖစ္ၿပီး ျမန္မာျပည္သူျပည္သားမ်ား၏ ရဲရင့္ေသာ စိတ္ဓာတ္ကို ဖိႏွိပ္ႏိုင္မည္မဟုတ္ေၾကာင္း၊ လြတ္လပ္ေရးႏွင့္ ဒီမိုကေရစီ တိုက္ပြဲတြင္ အေမရိကန္ ျပည္ေထာင္စုက ျမန္မာျပည္သူမ်ားႏွင့္အတူ ရပ္ တည္လ်က္ရွိၿပီး စစ္အာဏာရွင္ လက္ ေအာက္တြင္ တစ္ရက္ကေလးမွ်ပင္ မေနလိုေသာ ျပည္သူမ်ား၏ ဒီမိုကေရစီ လိုလားခ်က္ဆႏၵကို ေလးစားရန္ စစ္အုပ္စုကိုေတာင္းဆိုေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာဆိုသည္။

crd

Leave a Reply

Your email address will not be published.