စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး

News

Unicode
အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် စွပ်စွဲ ဖမ်းဆီး ထောင်ချမှုတွေ၊ ပစ်ခတ် သတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန် နေတဲ့ စစ်ကောင်စီက သူတို့ရဲ့ စစ်ခုံရုံးနဲ့ သေဒဏ်ချမှတ်ထားတဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကို သေဒဏ် ကွပ်မျက် စီရင်လိုက်ပြီ ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ဒါနဲ့ ပတ်သက်လို့ မိသားစုဝင်တွေ အနေနဲ့ ကြိုတင်သိရှိထားတာ မရှိတဲ့အတွက် ရန်ကုန် အင်းစိန်ထောင်ကို ရောက်လာ ခဲ့ကြပြီး သတင်း အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့အခါမှသာ ထောင်အာဏာပိုင်တွေက မှန်ကန်တယ်လို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ လေးဦးစလုံးရဲ့ သေဆုံးနေတဲ့ ရုပ်ခန္ဓာတွေကိုတော့ မိသားစုတွေဟာ အခုချိန်ထိ မြင်တွေ့ခွင့်၊ ရယူခွင့် မရရှိခဲ့တဲ့အပြင် ဘယ်နေ့၊ ဘယ်အချိန်မှာ ကွပ်မျက်လိုက်တယ် ဆိုတာကိုတောင် သိခွင့် မရခဲ့ကြပါ ဘူး။

ဒီလို ကွပ်မျက်ခြင်း ခံလိုက်ရတဲ့သူတွေထဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဖြစ်သူ ကိုဂျင်မီနဲ့ ဟစ်ဟော့ဂီတအဖွဲ့ ACID ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် တို့ကို လူသိများ ပေမယ့် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ကိုတော့ သိရှိသူ နည်းပါး ပါတယ်။

ကွပ်မျက်ခံရချိန်မှာ အသက်၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်သူရဇော်ဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဇနီးဖြစ် သူနဲ့ ၉ လသားအရွယ် ကလေးငယ်လေး ကျန်ရစ်ခဲ့ပါတယ်။

hihihihihihihihihi

this is test

သူ့ကို စစ်ကောင်စီက စတင် ဖမ်းဆီးသွားချိန်ကတည်းက ဇနီးဖြစ်သူမှာ ကိုယ်ဝန်၂ လနဲ့ ကျန်နေခဲ့ရတာဖြစ်ပြီး နေ့စေ့လစေ့ ရောက်ချိန်မှာ ပုံမှန်အတိုင်း မွေးဖွားနိုင်ခြင်း မရှိခဲ့လို့ ဆေးရုံတက် ခွဲစိတ်ကာ မွေးခဲ့ရတယ်လို့လည်း သိရပါတယ်။

သူတို့ကို မကွပ်မျက်မီ စစ်ကောင်စီဘက်က မိသားစုနဲ့ နောက်ဆုံး တွေ့ဆုံခွင့်အနေနဲ့ ဆက်သွယ်ပြောကြားလာတဲ့ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီမှာ ကိုအောင်သူရဇော်ရဲ့ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်စန်းဟာ အင်းစိန်ထောင်ကို သွားရောက် တွေ့ဆုံခဲ့ပါ တယ်။

ဒီလို တွေ့ဆုံဖို့ ဆက်သွယ်လာချိန်မှာ ကိုအောင်သူရဇော်ရဲ့ ဇနီးဖြစ်သူက အလုပ်ဆင်းနေရတဲ့အတွက် သွားရောက် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီလိုမျိုး မတွေ့ဆုံလိုက်တာဟာလည်း သူတို့ရဲ့ နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်လိမ့်မယ်လို့ မထင်ထားမိခဲ့လို့ပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ အနေနဲ့လည်း သားဖြစ်သူနဲ့ သွားရောက် တွေ့ဆုံပြီး ပြန်လာတဲ့အထိလည်း ကွပ်မျက်တာနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်က တစုံတရာ အသိပေး ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။

ဒီအတွက် သွားတွေ့စဉ်တုန်းက သားဖြစ်သူကို ပိန်နေမယ်လို့ တွေးထင်ထားတဲ့ ဒေါ်မြင့်မြင့်စန်းဟာ သားဖြစ်သူကို ဝဝဖြိုးဖြိုးနဲ့ အွန်လိုင်းကတဆင့် တွေ့လိုက်ရလို့ စိတ်ချမ်းသာပြီး ပြန်လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“သားတယောက်လုံး သေရတာဆိုတော့ မရှုမလှကို ခံစားရတာပေါ့။ သားသမီးဆိုတော့ ပိုပြီး ဆိုးတာပေါ့။ ၂၃ ရက်က ညနေ ၅ နာရီ သွားတွေ့ပါတယ်။ အဲဒီက ကိုယ်ကထင်တာက သူက ပိန်ချုံးနေမယ် ထင်ထားတာ၊ တကယ်တွေ့တော့ သူက ဝဝဖြိုးဖြိုးနဲ့ဆိုတော့ တကယ် စိတ်ချမ်းသာပြီး ပြန်လာခဲ့ပါတယ်။ သားကြီးကလည်း သားကို နောက်တခါ ပါဆယ်လေး ပို့ လို့ရှိရင် သွားတိုက်ဆေးရယ်၊ ဖိနပ်ရယ်၊ သွားပွတ်တံလေးရယ် အဓိကထားပြီး ယူလာခဲ့ပေးပါတဲ့ မှာတယ်”

“သားရယ် သွားတိုက်ဆေးနဲ့ သွားပွတ်တံကတော့ အမေ အခု သယ်လာခဲ့တယ်။ ဖိနပ်ကတော့ အမေ ပိုက်ဆံ ပို့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့လောက်မှာ သားအတွက် လာပို့ပေးမယ်လို့ ပြောခဲ့တာ။ အဲဒီနေ့မှာ ဖိနပ်ပါ ဝယ်လာခဲ့ပေးမယ်ပေါ့” လို့ သားအမိ နှစ်ဦး ပြောဖြစ်ခဲ့တာတွေကို မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

ဒါ့ပြင် ထောင်အာဏာပိုင်တွေကိုလည်း “ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျမကို ပြောပါ ဆရာရယ်။ ခံနိုင်ရည်ရှိအောင် ကျမ ကြိုးစားထားပါတယ်” လို့ ပြောခဲ့သေးကြောင်းကိုလည်း ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်။

ဒါပေမယ့် သားဖြစ်သူနဲ့ တွေ့ခဲ့ပြီး နှစ်ရက်အကြာ မနက်ခင်းမှာတော့ ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်မြင့်မြင့်စန်းအနေနဲ့ ရပ်ကွက်ရုံးကို သွားခဲ့ပြီး မေးမြန်ခဲ့ရာမှာတော့ အမှန်တကယ် သတ်လိုက်ကြပြီဆိုတာကို သိရှိခဲ့ရ ပါတယ်။

“ရပ်ကွက်ရုံး သွားမေးမှ ဟုတ်တယ် အစ်မ၊ အတိအလင်း လုပ်လိုက်ပြီလို့ ပြောတယ်။ လုပ်လိုက်ပြီဆိုလည်း သားရဲ့ ရုပ်ကလာပ်လေးကို မြင်ခွင့်ရှိသေးလား၊ သယ်ခွင့်ရှိသေးလား မေးတော့ ဘာမှမရှိတော့ဘူးလို့ ပြောတယ်” လို့ ကိုအောင် သူရဇော်ရဲ့ မိခင်က ပြောပါတယ်။

သားဖြစ်သူ သေဆုံးတာကို သိလိုက်ရတဲ့ မိခင်တယောက်အနေနဲ့ ထိခိုက်ခံစားရပေမယ့်လည်း သားဖြစ်သူအတွက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

“သားတယောက်လုံး ဒီလိုဖြစ်သွားတော့ ပူဆွေးသောက တကယ် ရောက်ရပါတယ်၊ မနေနိုင်၊ မထိုင်နိုင်လောက်အောင်ကို ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း သားရဲ့ လုပ်ရပ်ကို အန်တီ ဂုဏ်ယူပါတယ်။ သူ့ရဲ့ မိသားစုကိုတောင် စွန့်ခွာပြီး ဒီလိုလုပ်ခဲ့ တာကိုလည်း ဘာပဲဖြစ်နေဖြစ်နေ သားကြီးအတွက် ဂုဏ်ယူတယ်” လို့ ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်

သားဖြစ်သူအတွက် နောက်ဆုံး ဆန္ဒအနေနဲ့လည်း “တကယ်လို့ ရုပ်အလောင်းလေး ရှိသေးတယ်ဆိုရင် မြင်ခွင့်လေး ရချင် ပါတယ်။ သားကြီးရဲ့ ဈာပနလေးလုပ်၊ ဆွမ်းလေးကပ်ပေးချင်ပါတယ်” လို့ ကိုအောင်သူရဇော်ရဲ့ မိခင်က တောင်းဆိုထားပါ တယ်။

ကိုအောင်သူရဇော်လိုပဲ စစ်ကောင်စီရဲ့ ကွပ်မျက်တာ ခံလိုက်ရသူကတော့ လှိုင်သာယာမြို့နယ်မှာပဲ နေထိုင်တဲ့ ၄၁ နှစ် အရွယ် ကိုလှမျိုးအောင် ဖြစ်ပါတယ်။

သူ စတင် ဖမ်းဆီးခံရကတည်းက ဇနီးဖြစ်သူ မကြူကြူသင်း၊ သားဖြစ်သူတို့ အပါအဝင် အတူနေ မိသားစု အချို့လည်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး တလခန့်အကြာမှာတော့ သားဖြစ်သူနဲ့ ယောက္ခမဖြစ်သူတို့သာ လှိုင်သာယာအချုပ်ကနေ ပြန် လွတ်မြောက်ခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် ကိုလှမျိုးအောင် အနေနဲ့ သေဒဏ်ချမှတ်ခံရပြီး ဇနီးဖြစ်သူကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ် ချမှတ်ခံရကာ လတ်တလော ကျိုက်မရောထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။

ယခု ကိုလှမျိုးအောင်အနေနဲ့ ကွပ်မျက်ခံရချိန်မှာတော့ ဇနီးဖြစ်သူဟာလည်း ထောင်ကျခံနေရဆဲဖြစ်သလို သားသမီးနှစ်ဦး လည်း ကျန်ရစ်ခဲ့ပါတယ်။

သေဒဏ် ချမှတ်ခံရသူတွေထဲ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်တို့အနေနဲ့ နောက်ဆုံးအနေနဲ့ မိသားစုဝင် တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ကြပေမယ့် ကိုလှမျိုးအောင်ကတော့ မိသားစုနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့လည်း ဇနီးဖြစ်သူရဲ့ ဖခင်ဖြစ်သူ ဦးမြင့်ဦးက ပြောပါတယ်။

ကိုလှမျိုးအောင်အနေနဲ့ ပြစ်ဒဏ်ချခံရပြီးနောက် တောင်ငူထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သေဒဏ်အတည်ပြုပြီးမှသာ အင်းစိန်ထောင်ကို ပြန်လည် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဦးမြင့်ဦးက “ပထမက တောင်ငူထောင်မှာ ထားတာ။ သေဒဏ်မိန့်တွေ အတည်ပြုလိုက်ပြီဆိုတော့ အင်း စိန်ကို ပို့တယ်။ သွားစုံစမ်းတော့ မရှိဘူးပဲ ပြောတယ်။ သုံးခေါက်သွားတာ သုံးခါလုံး မတွေ့ရဘူး။ သေပြီ ဆိုတာတောင် ကိုယ်တွေ အိမ်ကို အကြောင်း မကြားဘူး။ သွားပြီး စုံစမ်းမှ သိရတာ။ မကွပ်မျက်ခင် နောက်ဆုံးအနေနဲ့တောင် မတွေ့လိုက် ရဘူး” လို့ ပြောပါတယ်။

ကွပ်မျက်ခံရလိုက်တာကို ယနေ့မနက်က အင်းစိန်ထောင်ကို သွားရောက် စုံစမ်းရာမှာလည်း ကွပ်မျက်တာကို အတည်ပြု နိုင်ခဲ့ပေမယ့် ကိုလှမျိုးအောင်ရဲ့ ရုပ်အလောင်းကို ပြန်မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

ကိုလှမျိုးအောင် ကွပ်မျက်ခံလိုက်ရတာနဲ့ ပတ်သက်လို့လည်း တစုံတရာ မှတ်ချက်ပေးပြောကြားလိုတာ မရှိတော့ဘူးလို့ လည်း ဦးမြင့်ဦးက ဆိုပါတယ်။

“ပြောလို့လည်း ဘာမှဖြစ်လာတော့မှာမှ မဟုတ်တာ၊ ကျန်တဲ့သူတွေ သူတို့လို မဖြစ်ဖို့ဘဲ ဆုတောင်းပါတယ်။ ကျန်တဲ့ သေဒဏ်ချ ခံထားရသူတွေကိုလည်း သူတို့လို မဖြစ်စေချင်တော့ဘူး၊ သူတို့ကို သေဒဏ်ကနေ လွတ်စေချင်တယ်” လို့သာ ဦးမြင့်ဦးက ဆုတောင်းစကား ဆိုပါတယ်။

ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ လှိုင်သာယာမြို့နယ်က အမျိုးသမီးတဦးကို စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ အာဏာသိမ်း စစ်ကောင်စီ က စွပ်စွဲ ဖမ်းဆီကာ စစ်ခုံရုံးနဲ့ သေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေအတွက် သေဒဏ်ကွပ်မျက်တာ ခံလိုက်ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရ ဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးစလုံး တရားဥပဒေနဲ့အညီ ခုခံချေပခွင့် မရခဲ့ကြဘဲ စစ်ကောင်စီကသာ တဖက်သတ်စီရင် ကွပ်မျက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးအပေါ် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ မကျင့်သုံးခဲ့တဲ့ သေဒဏ်ကို ပထမဆုံးအဖြစ် ပြန်လည်ကျင့်သုံးပြီး ကွပ်မျက်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းပြည်ပက အဖွဲ့တွေကြားမှာရော၊ ပြည်သူတွေကြားမှာရော၊ တော်လှန်ရေး အင်အားစုတွေ အတွက်ပါ ရိုက်ခတ်ခဲ့ပြီး ဝေဖန်ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ မတရားသဖြင့် ပေးတဲ့ သေဒဏ် စီရင်ချက်ကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေသူတွေကြား မှာ သွေးပျက် ခြောက်ခြားမသွားဘဲ နားကြည်းခံပြင်းမှုတွေနဲ့အတူ တော်လှန်ရေး ခရီးလမ်းမှာ အသက်ပေးသွားတဲ့သူတွေ အတွက်ပါ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ဆုံးခန်းတိုင် သွားရမယ်ဆိုတာကို ခိုင်ခိုင်မာမာ ကြွေးကြော်နေကြပါ တော့တယ်။ ။

You may also like these stories:

သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်

မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ

Topics: ကိုလှမျိုးအောင်, ကိုအောင်သူရဇော်, စစ်ကောင်စီ, သေဒဏ်

Zawgyi

အာဏာသိမ္းၿပီးေနာက္ ျပည္သူေတြအေပၚ စြပ္စြဲ ဖမ္းဆီး ေထာင္ခ်မႈေတြ၊ ပစ္ခတ္ သတ္ျဖတ္မႈေတြ ဆက္တိုက္ က်ဴးလြန္ ေနတဲ့ စစ္ေကာင္စီက သူတို႔ရဲ႕ စစ္ခုံ႐ုံးနဲ႔ ေသဒဏ္ခ်မွတ္ထားတဲ့ ကိုဂ်င္မီ (ခ) ကိုေက်ာ္မင္းယု၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္နဲ႔ ကိုေအာင္သူရေဇာ္ တို႔ကို ေသဒဏ္ ကြပ္မ်က္ စီရင္လိုက္ၿပီ ျဖစ္တယ္လို႔ ဇူလိုင္ ၂၅ ရက္မွာ ထုတ္ျပန္ ေၾကညာပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ မိသားစုဝင္ေတြ အေနနဲ႔ ႀကိဳတင္သိရွိထားတာ မရွိတဲ့အတြက္ ရန္ကုန္ အင္းစိန္ေထာင္ကို ေရာက္လာ ခဲ့ၾကၿပီး သတင္း အတည္ျပဳႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကတဲ့အခါမွသာ ေထာင္အာဏာပိုင္ေတြက မွန္ကန္တယ္လို႔ ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ ကြပ္မ်က္ျခင္း ခံလိုက္ရတဲ့ ေလးဦးစလုံးရဲ႕ ေသဆုံးေနတဲ့ ႐ုပ္ခႏၶာေတြကိုေတာ့ မိသားစုေတြဟာ အခုခ်ိန္ထိ ျမင္ေတြ႕ခြင့္၊ ရယူခြင့္ မရရွိခဲ့တဲ့အျပင္ ဘယ္ေန႔၊ ဘယ္အခ်ိန္မွာ ကြပ္မ်က္လိုက္တယ္ ဆိုတာကိုေတာင္ သိခြင့္ မရခဲ့ၾကပါ ဘူး။

ဒီလို ကြပ္မ်က္ျခင္း ခံလိုက္ရတဲ့သူေတြထဲ ၈၈ မ်ိဳးဆက္ေက်ာင္းသား ေခါင္းေဆာင္ျဖစ္သူ ကိုဂ်င္မီနဲ႔ ဟစ္ေဟာ့ဂီတအဖြဲ႕ ACID ရဲ႕ အဖြဲ႕ဝင္လည္းျဖစ္၊ NLD ပါတီရဲ႕ လႊတ္ေတာ္ ကိုယ္စားလွယ္လည္းျဖစ္တဲ့ ကိုၿဖိဳးေဇယ်ာေသာ္ တို႔ကို လူသိမ်ား ေပမယ့္ ကိုလွမ်ိဳးေအာင္နဲ႔ ကိုေအာင္သူရေဇာ္ တို႔ကိုေတာ့ သိရွိသူ နည္းပါး ပါတယ္။

ကြပ္မ်က္ခံရခ်ိန္မွာ အသက္၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ကိုေအာင္သူရေဇာ္ဟာ လႈိင္သာယာၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး ဇနီးျဖစ္ သူနဲ႔ ၉ လသားအ႐ြယ္ ကေလးငယ္ေလး က်န္ရစ္ခဲ့ပါတယ္။

သူ႔ကို စစ္ေကာင္စီက စတင္ ဖမ္းဆီးသြားခ်ိန္ကတည္းက ဇနီးျဖစ္သူမွာ ကိုယ္ဝန္၂ လနဲ႔ က်န္ေနခဲ့ရတာျဖစ္ၿပီး ေန႔ေစ့လေစ့ ေရာက္ခ်ိန္မွာ ပုံမွန္အတိုင္း ေမြးဖြားႏိုင္ျခင္း မရွိခဲ့လို႔ ေဆး႐ုံတက္ ခြဲစိတ္ကာ ေမြးခဲ့ရတယ္လို႔လည္း သိရပါတယ္။

သူတို႔ကို မကြပ္မ်က္မီ စစ္ေကာင္စီဘက္က မိသားစုနဲ႔ ေနာက္ဆုံး ေတြ႕ဆုံခြင့္အေနနဲ႔ ဆက္သြယ္ေျပာၾကားလာတဲ့ ဇူလိုင္ ၂၃ ရက္ ညေန ၅ နာရီမွာ ကိုေအာင္သူရေဇာ္ရဲ႕ မိခင္ျဖစ္သူ ေဒၚျမင့္ျမင့္စန္းဟာ အင္းစိန္ေထာင္ကို သြားေရာက္ ေတြ႕ဆုံခဲ့ပါ တယ္။

ဒီလို ေတြ႕ဆုံဖို႔ ဆက္သြယ္လာခ်ိန္မွာ ကိုေအာင္သူရေဇာ္ရဲ႕ ဇနီးျဖစ္သူက အလုပ္ဆင္းေနရတဲ့အတြက္ သြားေရာက္ ေတြ႕ဆုံ ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဒီလိုမ်ိဳး မေတြ႕ဆုံလိုက္တာဟာလည္း သူတို႔ရဲ႕ ေနာက္ဆုံး ေတြ႕ဆုံျခင္း ျဖစ္လိမ့္မယ္လို႔ မထင္ထားမိခဲ့လို႔ပဲ ျဖစ္ပါတယ္။

မိခင္ျဖစ္သူ အေနနဲ႔လည္း သားျဖစ္သူနဲ႔ သြားေရာက္ ေတြ႕ဆုံၿပီး ျပန္လာတဲ့အထိလည္း ကြပ္မ်က္တာနဲ႔ ပတ္သက္လို႔ ေထာင္အာဏာပိုင္ေတြဘက္က တစုံတရာ အသိေပး ေျပာၾကားခဲ့တာ မရွိခဲ့ပါဘူး။

ဒီအတြက္ သြားေတြ႕စဥ္တုန္းက သားျဖစ္သူကို ပိန္ေနမယ္လို႔ ေတြးထင္ထားတဲ့ ေဒၚျမင့္ျမင့္စန္းဟာ သားျဖစ္သူကို ဝဝၿဖိဳးၿဖိဳးနဲ႔ အြန္လိုင္းကတဆင့္ ေတြ႕လိုက္ရလို႔ စိတ္ခ်မ္းသာၿပီး ျပန္လာခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

“သားတေယာက္လုံး ေသရတာဆိုေတာ့ မရႈမလွကို ခံစားရတာေပါ့။ သားသမီးဆိုေတာ့ ပိုၿပီး ဆိုးတာေပါ့။ ၂၃ ရက္က ညေန ၅ နာရီ သြားေတြ႕ပါတယ္။ အဲဒီက ကိုယ္ကထင္တာက သူက ပိန္ခ်ဳံးေနမယ္ ထင္ထားတာ၊ တကယ္ေတြ႕ေတာ့ သူက ဝဝၿဖိဳးၿဖိဳးနဲ႔ဆိုေတာ့ တကယ္ စိတ္ခ်မ္းသာၿပီး ျပန္လာခဲ့ပါတယ္။ သားႀကီးကလည္း သားကို ေနာက္တခါ ပါဆယ္ေလး ပို႔ လို႔ရွိရင္ သြားတိုက္ေဆးရယ္၊ ဖိနပ္ရယ္၊ သြားပြတ္တံေလးရယ္ အဓိကထားၿပီး ယူလာခဲ့ေပးပါတဲ့ မွာတယ္”

“သားရယ္ သြားတိုက္ေဆးနဲ႔ သြားပြတ္တံကေတာ့ အေမ အခု သယ္လာခဲ့တယ္။ ဖိနပ္ကေတာ့ အေမ ပိုက္ဆံ ပို႔တဲ့ တနလၤာနဲ႔ အဂၤါေန႔ေလာက္မွာ သားအတြက္ လာပို႔ေပးမယ္လို႔ ေျပာခဲ့တာ။ အဲဒီေန႔မွာ ဖိနပ္ပါ ဝယ္လာခဲ့ေပးမယ္ေပါ့” လို႔ သားအမိ ႏွစ္ဦး ေျပာျဖစ္ခဲ့တာေတြကို မိခင္ျဖစ္သူက ျပန္ေျပာျပပါတယ္။

ဒါ့ျပင္ ေထာင္အာဏာပိုင္ေတြကိုလည္း “ဘယ္လို အေျခအေနမ်ိဳးပဲျဖစ္ျဖစ္ က်မကို ေျပာပါ ဆရာရယ္။ ခံႏိုင္ရည္ရွိေအာင္ က်မ ႀကိဳးစားထားပါတယ္” လို႔ ေျပာခဲ့ေသးေၾကာင္းကိုလည္း ေဒၚျမင့္ျမင့္စန္းက ေျပာပါတယ္။

ဒါေပမယ့္ သားျဖစ္သူနဲ႔ ေတြ႕ခဲ့ၿပီး ႏွစ္ရက္အၾကာ မနက္ခင္းမွာေတာ့ ကြပ္မ်က္လိုက္ၿပီဆိုတဲ့ သတင္းေတြေၾကာင့္ ေဒၚျမင့္ျမင့္စန္းအေနနဲ႔ ရပ္ကြက္႐ုံးကို သြားခဲ့ၿပီး ေမးျမန္ခဲ့ရာမွာေတာ့ အမွန္တကယ္ သတ္လိုက္ၾကၿပီဆိုတာကို သိရွိခဲ့ရ ပါတယ္။

“ရပ္ကြက္႐ုံး သြားေမးမွ ဟုတ္တယ္ အစ္မ၊ အတိအလင္း လုပ္လိုက္ၿပီလို႔ ေျပာတယ္။ လုပ္လိုက္ၿပီဆိုလည္း သားရဲ႕ ႐ုပ္ကလာပ္ေလးကို ျမင္ခြင့္ရွိေသးလား၊ သယ္ခြင့္ရွိေသးလား ေမးေတာ့ ဘာမွမရွိေတာ့ဘူးလို႔ ေျပာတယ္” လို႔ ကိုေအာင္ သူရေဇာ္ရဲ႕ မိခင္က ေျပာပါတယ္။

သားျဖစ္သူ ေသဆုံးတာကို သိလိုက္ရတဲ့ မိခင္တေယာက္အေနနဲ႔ ထိခိုက္ခံစားရေပမယ့္လည္း သားျဖစ္သူအတြက္ ဂုဏ္ယူတယ္လို႔လည္း ဆိုပါတယ္။

“သားတေယာက္လုံး ဒီလိုျဖစ္သြားေတာ့ ပူေဆြးေသာက တကယ္ ေရာက္ရပါတယ္၊ မေနႏိုင္၊ မထိုင္ႏိုင္ေလာက္ေအာင္ကို ျဖစ္ရပါတယ္။ ဒါေပမယ့္လည္း သားရဲ႕ လုပ္ရပ္ကို အန္တီ ဂုဏ္ယူပါတယ္။ သူ႔ရဲ႕ မိသားစုကိုေတာင္ စြန႔္ခြာၿပီး ဒီလိုလုပ္ခဲ့ တာကိုလည္း ဘာပဲျဖစ္ေနျဖစ္ေန သားႀကီးအတြက္ ဂုဏ္ယူတယ္” လို႔ ေဒၚျမင့္ျမင့္စန္းက ေျပာပါတယ္

သားျဖစ္သူအတြက္ ေနာက္ဆုံး ဆႏၵအေနနဲ႔လည္း “တကယ္လို႔ ႐ုပ္အေလာင္းေလး ရွိေသးတယ္ဆိုရင္ ျမင္ခြင့္ေလး ရခ်င္ ပါတယ္။ သားႀကီးရဲ႕ ဈာပနေလးလုပ္၊ ဆြမ္းေလးကပ္ေပးခ်င္ပါတယ္” လို႔ ကိုေအာင္သူရေဇာ္ရဲ႕ မိခင္က ေတာင္းဆိုထားပါ တယ္။

ကိုေအာင္သူရေဇာ္လိုပဲ စစ္ေကာင္စီရဲ႕ ကြပ္မ်က္တာ ခံလိုက္ရသူကေတာ့ လႈိင္သာယာၿမိဳ႕နယ္မွာပဲ ေနထိုင္တဲ့ ၄၁ ႏွစ္ အ႐ြယ္ ကိုလွမ်ိဳးေအာင္ ျဖစ္ပါတယ္။

သူ စတင္ ဖမ္းဆီးခံရကတည္းက ဇနီးျဖစ္သူ မၾကဴၾကဴသင္း၊ သားျဖစ္သူတို႔ အပါအဝင္ အတူေန မိသားစု အခ်ိဳ႕လည္း ဖမ္းဆီးခံခဲ့ၾကရတာျဖစ္ၿပီး တလခန႔္အၾကာမွာေတာ့ သားျဖစ္သူနဲ႔ ေယာကၡမျဖစ္သူတို႔သာ လႈိင္သာယာအခ်ဳပ္ကေန ျပန္ လြတ္ေျမာက္ခဲ့ပါတယ္။

ဖမ္းဆီးခံရၿပီးတဲ့ေနာက္ ကိုလွမ်ိဳးေအာင္ အေနနဲ႔ ေသဒဏ္ခ်မွတ္ခံရၿပီး ဇနီးျဖစ္သူကေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ ၃ ႏွစ္ ခ်မွတ္ခံရကာ လတ္တေလာ က်ိဳက္မေရာေထာင္မွာ ခ်ဳပ္ေႏွာင္ခံေနရဆဲျဖစ္ပါတယ္။

ယခု ကိုလွမ်ိဳးေအာင္အေနနဲ႔ ကြပ္မ်က္ခံရခ်ိန္မွာေတာ့ ဇနီးျဖစ္သူဟာလည္း ေထာင္က်ခံေနရဆဲျဖစ္သလို သားသမီးႏွစ္ဦး လည္း က်န္ရစ္ခဲ့ပါတယ္။

ေသဒဏ္ ခ်မွတ္ခံရသူေတြထဲ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရေဇာ္တို႔အေနနဲ႔ ေနာက္ဆုံးအေနနဲ႔ မိသားစုဝင္ ေတြနဲ႔ ေတြ႕ဆုံခြင့္ ရခဲ့ၾကေပမယ့္ ကိုလွမ်ိဳးေအာင္ကေတာ့ မိသားစုနဲ႔ ေတြ႕ခြင့္မရခဲ့ဘူးလို႔လည္း ဇနီးျဖစ္သူရဲ႕ ဖခင္ျဖစ္သူ ဦးျမင့္ဦးက ေျပာပါတယ္။

ကိုလွမ်ိဳးေအာင္အေနနဲ႔ ျပစ္ဒဏ္ခ်ခံရၿပီးေနာက္ ေတာင္ငူေထာင္ကို ေျပာင္းေ႐ႊ႕ ခ်ဳပ္ေႏွာင္ခံခဲ့ရတာျဖစ္ၿပီး စစ္ေကာင္စီက ေသဒဏ္အတည္ျပဳၿပီးမွသာ အင္းစိန္ေထာင္ကို ျပန္လည္ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာလည္း ျဖစ္ပါတယ္။

ဦးျမင့္ဦးက “ပထမက ေတာင္ငူေထာင္မွာ ထားတာ။ ေသဒဏ္မိန႔္ေတြ အတည္ျပဳလိုက္ၿပီဆိုေတာ့ အင္း စိန္ကို ပို႔တယ္။ သြားစုံစမ္းေတာ့ မရွိဘူးပဲ ေျပာတယ္။ သုံးေခါက္သြားတာ သုံးခါလုံး မေတြ႕ရဘူး။ ေသၿပီ ဆိုတာေတာင္ ကိုယ္ေတြ အိမ္ကို အေၾကာင္း မၾကားဘူး။ သြားၿပီး စုံစမ္းမွ သိရတာ။ မကြပ္မ်က္ခင္ ေနာက္ဆုံးအေနနဲ႔ေတာင္ မေတြ႕လိုက္ ရဘူး” လို႔ ေျပာပါတယ္။

ကြပ္မ်က္ခံရလိုက္တာကို ယေန႔မနက္က အင္းစိန္ေထာင္ကို သြားေရာက္ စုံစမ္းရာမွာလည္း ကြပ္မ်က္တာကို အတည္ျပဳ ႏိုင္ခဲ့ေပမယ့္ ကိုလွမ်ိဳးေအာင္ရဲ႕ ႐ုပ္အေလာင္းကို ျပန္မရခဲ့ဘူးလို႔လည္း ဆိုပါတယ္။

ကိုလွမ်ိဳးေအာင္ ကြပ္မ်က္ခံလိုက္ရတာနဲ႔ ပတ္သက္လို႔လည္း တစုံတရာ မွတ္ခ်က္ေပးေျပာၾကားလိုတာ မရွိေတာ့ဘူးလို႔ လည္း ဦးျမင့္ဦးက ဆိုပါတယ္။

“ေျပာလို႔လည္း ဘာမွျဖစ္လာေတာ့မွာမွ မဟုတ္တာ၊ က်န္တဲ့သူေတြ သူတို႔လို မျဖစ္ဖို႔ဘဲ ဆုေတာင္းပါတယ္။ က်န္တဲ့ ေသဒဏ္ခ် ခံထားရသူေတြကိုလည္း သူတို႔လို မျဖစ္ေစခ်င္ေတာ့ဘူး၊ သူတို႔ကို ေသဒဏ္ကေန လြတ္ေစခ်င္တယ္” လို႔သာ ဦးျမင့္ဦးက ဆုေတာင္းစကား ဆိုပါတယ္။

ကိုေအာင္သူရေဇာ္နဲ႔ ကိုလွမ်ိဳးေအာင္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လအတြင္းမွာ လႈိင္သာယာၿမိဳ႕နယ္က အမ်ိဳးသမီးတဦးကို စစ္ေကာင္စီ သတင္းေပး ဒလန္လို႔ စြပ္စြဲ သတ္ျဖတ္ခဲ့တဲ့ ျဖစ္စဥ္မွာ ပါဝင္ခဲ့သူေတြလို႔ အာဏာသိမ္း စစ္ေကာင္စီ က စြပ္စြဲ ဖမ္းဆီကာ စစ္ခုံ႐ုံးနဲ႔ ေသဒဏ္ခ်ခဲ့တာ ျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ စြပ္စြဲခ်က္ေတြအတြက္ ေသဒဏ္ကြပ္မ်က္တာ ခံလိုက္ရတဲ့ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုေအာင္သူရ ေဇာ္နဲ႔ ကိုလွမ်ိဳးေအာင္တို႔ ေလးဦးစလုံး တရားဥပေဒနဲ႔အညီ ခုခံေခ်ပခြင့္ မရခဲ့ၾကဘဲ စစ္ေကာင္စီကသာ တဖက္သတ္စီရင္ ကြပ္မ်က္သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီမိုကေရစီအေရး လႈပ္ရွားသူ ၄ ဦးအေပၚ ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာတဲ့အထိ မက်င့္သုံးခဲ့တဲ့ ေသဒဏ္ကို ပထမဆုံးအျဖစ္ ျပန္လည္က်င့္သုံးၿပီး ကြပ္မ်က္လိုက္တာလည္း ျဖစ္ပါတယ္။

အဲဒီလို စစ္ေကာင္စီရဲ႕ လုပ္ရပ္ဟာ ျပည္တြင္းျပည္ပက အဖြဲ႕ေတြၾကားမွာေရာ၊ ျပည္သူေတြၾကားမွာေရာ၊ ေတာ္လွန္ေရး အင္အားစုေတြ အတြက္ပါ ႐ိုက္ခတ္ခဲ့ၿပီး ေဝဖန္ကန႔္ကြက္ ရႈတ္ခ်ခဲ့ၾကပါတယ္။

စစ္ေကာင္စီရဲ႕ မတရားသျဖင့္ ေပးတဲ့ ေသဒဏ္ စီရင္ခ်က္ေၾကာင့္ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေတာ္လွန္ေနသူေတြၾကား မွာ ေသြးပ်က္ ေျခာက္ျခားမသြားဘဲ နားၾကည္းခံျပင္းမႈေတြနဲ႔အတူ ေတာ္လွန္ေရး ခရီးလမ္းမွာ အသက္ေပးသြားတဲ့သူေတြ အတြက္ပါ စစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ေရးကို ဆုံးခန္းတိုင္ သြားရမယ္ဆိုတာကို ခိုင္ခိုင္မာမာ ေႂကြးေၾကာ္ေနၾကပါ ေတာ့တယ္။ ။

You may also like these stories:

ေသဒဏ္က် ဒီမိုကေရစီေရးတိုက္ပြဲဝင္သူမ်ား အသက္ရွင္ခြင့္ ရွိရမည္

ကိုဂ်င္မီႏွင့္ ကိုေဇယ်ာေသာ္တို႔ သတင္းအေပၚ ေဒၚေအာင္ဆန္းစုၾကည္ စိတ္ထိခိုက္

မင္းေအာင္လႈိင္ရဲ႕ ႀကိဳးမိန႔္ နဲ႔ ႏိုင္ငံေရးလက္စားေခ်ပြဲ

Topics: ကိုလွမ်ိဳးေအာင္, ကိုေအာင္သူရေဇာ္, စစ္ေကာင္စီ, ေသဒဏ္

Leave a Reply

Your email address will not be published.