ဇူလိုင် ၂၆ ရက် ၇-ရက်သားသမီးများအတွက် ဆောင်ရန်ရှောင်ရန် သိစရာများနှင့် အထူးဟောကိန်း
Knowledge
Unicode
26.July .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါဆိုလဆုတ်(၁၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဇူလိုင်လ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၄း၄၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့်
hihihihihihihihihi
this is test
ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(ရး၄၆)နာရီအထိ လဆုတ်တီထိ (၁၃)လုံး ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ (၁၄)လုံးသို့ ပြောင်းသည်။ အင်အားများ၊စွမ်းအားများကိုပေးတဲ့ ဇယတီထိကျရောက်တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။
ဒီလိုနေ့ရက်တွေမှာတော့ မိမိစွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်သင့်ပါတယ်။ မိမိလုပ်နိုင် သည်ထက်လျှော့ပြီး လုပ်တာမျိုးတွေကိုလဲအထူးရှောင်လိုက်စေချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကြိုး စားပြီးရှာဖွေ လိုက်ပါ။ ဝန်ထမ်းအလုပ်များ အထက်လူကြီးကို မိမိတောင်းဆိုချင်တာတွေတင်ပြတောင်းဆိုလို့ ရတဲ့ နေ့ရက်ပါပဲ။
မိမိလက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေကို ပြုပြင်ခြင်းထိန်းသိမ်းခြင်းများလဲ ဆောင်ရွက်သင့်သလို လိုအပ်တဲ့ စက်ပစ္စည်း ဝယ်မယ်ဆိုရင်လဲ အထူးအကျိုးပေးတာကိုတွေ့ရပါတယ်။ အတတ်ပညာများစတင်သင်ကြားခြင်း တွေ၊သင်တန်း စတင် တတ် ရောက်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။အလုပ်လျှောက်ခြင်း၊အလုပ်ရှာခြင်းများလဲ တိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ကျန်း မာရေးကတော့အထူးညံ့ကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက် ပြီးတော့ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမျိုးတွေကို စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။
စိတ်တိုင်းကျလုပ်ကိုင်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲခြင်းများဒီနေ့မှာ အလေး ပေး ဆောင်ရွက်သင့်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ စာပေနဲ့ပတ်သက်သောကိစ္စတွေဖြစ်တဲ့ ဂျာနယ်၊မဂ္ဂဇင်း၊ စာအုပ်စာပေများစတင်ဖြန့်ချီလို အလွန်ကောင်းပါတယ်။အထည်လိပ်လုပ်ငန်းများ၊ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်သော အလုပ်များ၊ အထည်ဆိုင်နှင့် ပိုးထည်ဆိုင်များ အထူးအဆင်ပြေပါလိမ့်မယ်
ရေတွင်းရေကန်တူးဖော်ခြင်း အဝီစိတွင်းတူးဖော်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ ခရီးသွားရင်းနဲ့လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ရောဂါရှာဖွေတာ၊ကုသတာမျိုးတွေလုပ်ဆောင်သင့် ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ပွဲစားအလုပ်များ၊ကြားကနေဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဆောင် တာ များ၊ အထူးဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။
ဒီနေ့မှာရှောင်သင့်တာကတော့ လူတော်တော်များများ အပေါင်းအသင်းမှားတတ်ပါတယ်။ သူများစကားနား ယောင် ပြီး လုပ်လိုက်တဲ့အလုပ်တွေကအညံ့များနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လူလိမ်ခံရတတ် ပါတယ်။ မိမိမတတ်ကျွမ်းနားမလည်ဘဲနဲ့ ကြားကပြောလို့လိုက်လုပ်တာမျိုးရှောင်လိုက်ပါ။
ယနေ့သည် ဆေးဝါးကုသခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်းများအတွက် ရက်ကောင်းဖြစ်သည်။ ယ‌နေ့ အိုးအိမ် တည်ဆောက်ခြင်းမပြုရပါ။ မီးဘေးသင့်တတ်သည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ ပစ္စည်းအပျောက်အရှ များတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁း၁၁)နာရီမှ နံနက်(၂း၀၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မေထုန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ရဲရင့်ကြ သူတွေဖြစ်တယ်။ မှန်တာကိုပြောရဲတယ်။ လုပ်ရဲတယ်။မဟုတ်တာကို ဘာမှမလုပ်ချင်ဘဲ အတိတ်ကိုပြန်ကြည့်လိုက် ရင်နောင်တဆိုတာမျိုးကင်းစေချင်တဲ့သူတွေဖြစ်ပါတယ်။
ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်ကျောင်းနေစဉ်ကာလ တွေမှာကျန်းမာရေးနုတတ်ပေမဲ့ လုပ်ငန်းခွင်စဝင်ချိန်ကစလို့ ဒေါင်ကျကျ ပြားကျကျ နေလဲ ကျန်းမာရေးအားနည်း တော့မည်မဟုတ်ပါ။ လိင်ကိစ္စနှင့် ဘာသာရေးတစ်ဖက်စီအားပြိုင်ကြတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။
အချို့ အချိန် ကောင်းတွေမှာ မွေးသူတွေက ဘာသာရေးကိုအားသန်သွားပြီး၊ ရာဟုအမှောင်ချိန်နှင့် အခြားညံ့တဲ့အချိန်တွေမှာ မွေး ရင်တော့ လိင်ကိစ္စကို ခံစားစံစားလိုကြသူတွေအဖြစ်တွေကြရတယ်။ အကျိုးစီးပွားနှင့် ပညာရေးကိုထိခိုက်လောက် အောင်ထိတော့မဖြစ်ပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၆)နာရီမှ (၅း၀၃)နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင် (သို့) ခဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဩဇာသီးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းထမင်းသုပ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
အကျိုးစီးပွားတွေကိုနီးနီးနားနားမှာရှာဖွေလို့မရတတ်။ အဝေးမှာပဲရှာဖွေဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့်အွန်လိုင်း စီးပွားရေးများအထူးကောင်းပါတယ်။ မိမိကုန်ပစ္စည်းကို အွန်လိုင်းကနေကြေငြာခြင်းများလဲဒီနေ့ဟာအလေးပေး ဆောင်ရွက်သင့်ပါတယ်။
ကျန်းမာရေးကိုအနည်းငယ်ဂရု စိုက်ဖို့ပြောချင်ပါတယ်။ အနည်းငယ်ပင်ပန်းရာကနေ တဆင့်ဖျားနာတတ်လို့ပါ။ ပရိတ်ပဋ္ဌာန်းတွေစတင်ပူဇော်မယ် ဆိုရင်လဲအလွန်ပဲကောင်းပါတယ်။ အဓိဋ္ဌာန် ဝင်ခြင်းများ ဘာသာရေးအလုပ်များစတင်ဆောင်ရွက် ခြင်းများပြုလုပ် သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ပညာရေးလုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။
တနင်္လာ
အဆင်ပြေစိတ်ချမ်းသာခြင်းတွေကိုခံစားရပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ရှာဖွေစုဆောင်းလု ိ့အလွန်ကောင်းပါတယ်။ ငွေတော့ အားနာပြီးမချေးလိုက်ပါနဲ့။ ပြန်ရဖို့ခက်ခဲတတ်ပါတယ်။ ကျန်းမာရေးကိုတော့ စိတ်ပူစရာမလိုသေးပါဘူး။
အလုပ်နဲ့ပက်သက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေနည်းနေတတ်ပါတယ်။ လုပ်လက်စအလုပ်တွေပြီးရင် အလုပ်အော်ဒါအသစ်တွေနည်းနေတတ် တာကိုတွေ့ရပါတယ်။ လက်လီထက် လက်ကားအလုပ်များနှင့် လုပ်ငန်းကြီးတွေကတော့အဆင်ပြေနိုင်တာကိုတွေ့ ရပါတယ်။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။
အင်္ဂါ
စုတ်ကိစ္စတွေကြောင့်ပြဿနာဖြစ်ရတတ်ပါတယ်။ အိမ်ထောင်သည်များ ဆင်ခြင်နေတတ်ဖို့လိုပါတယ်။ လူပြောစရာ ဖြစ်တတ်လို့ပါ။ ရပ်ဝေးကဧည့်ဆိုးတွေအိမ်ရောက်လာ တတ်ပါတယ်။ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေ တတ်ပါတယ်။
အဓိကတော့ စားချိန်မမှန်ရာကနေ ဗိုက်အောက်ဗိုက်နာဖြစ်ရတတ်ပါတယ်။ လုပ်လက်စအလုပ်တွေ အဆုံးမသတ်နိုင်ဖြစ်ရတတ်ပါတယ်။ အရေးကြီး တာတွေလုပ်သင့်တာတွေကိုအထူးဦးစားပေး လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ အချိန်မဖြုန်းဖို့ အထူးမှာချင်တယ်။ ခေါင်းရှုပ်၊စိတ်ညစ်နေတတ်တဲ့နေ့ရက်ပါပဲ။
ဗုဒ္ဓဟူး၊ရာဟု
အဆင်ပြေကံကောင်းခြင်းတွေကိုလက်တွေ့ခံစားရမဲ့နေ့ ရက်ပါပဲ။ မိမိသာလူကြီး၊မန်နေဂျာဖြစ်နေမယ်ဆိုရင် မိမိဌာနကောင်းစွာတိုးတတ်ပါလိမ့်မယ်။ မိမိဦးဆောင်မှု အောက်မှာအရာရာအဆင်ပြေနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။
ကျန်းမာရေးကတော့ အညံ့မရှိပါဘူး။ အိမ်တွင်းရေး မိသားစုအပူကိစ္စလေးတွေကိုတော့ ကြုံနေရတတ်ပါတယ်။ အချစ်ရေး၊မေတ္တာရေးကိစ္စတွေကတော့အထူးအဆင် ပြေမဲ့နေ့ရက်ပါပဲ။ ပညာရေးမှာတော့ ဆရာကောင်းထံ သင်ယူခွင့်၊ဆည်းကပ်ခွင့်ရပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေ ကိုလဲ အာရုံစိုက်ပြီးလုပ်သွားနိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ကြာသပတေး
အဆင်ပြေခြင်း၊အောင်မြင်ခြင်းတွေကိုအထူးကြုံရတတ် ပါတယ်။ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေမှာ ဦးဆောင်လုပ်ပေးနေရတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့ လဲအထူးငွေဝင်နိုင်ပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံထား တဲ့အလုပ်တွေကနေ ငွေအထူးဝင်ပါလိမ့်မယ်။
ကျန်းမာရေးနှင့်ပက် သက်ပြီးစိတ်ချမ်းသာရမဲ့နေ့ရက်လဲဖြစ်ပါတယ်။ အများနဲ့တွဲဖက်လုပ်ရတဲ့အလုပ်များ၊စပ်တူအလုပ်များအဆင်ပြေပါ လိမ့်မယ်။ ဆရာသမား၊အကြီးအကဲတွေဆီက အကြံဉာဏ်အထူးရရှိပါလိမ့်မယ်။ ငွေကြေးဝန်ဆောင်မှုအလုပ်များ ၊ပွဲစားနှင့်အကျိုးဆောင်အလုပ်များ အဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။
သောကြာ
ကိုယ့်ကြောင့်ထက်သူများကြောင့်ဒုက္ခရောက်ရတတ်ပါ တယ်။ သူများကိုတော့ အာမခံတာမျိုးတွေ၊ သက်သေ လိုက်ပေးတာမျိုးတွေအထူးရှောင်လိုက်ပါ။ သားသမီးတွေရဲ့ ကြောင့်စိတ်ဆင်းရဲရတတ်ပါတယ်။ မိမိကျန်းမာရေး ကတော့ အညံ့များနေတတ်ပါတယ်။
အရက်လျှော့သောက် သင့်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ အပြောင်းအလဲဖြစ်ရတတ်ပါတယ်။ နေရာပြောင်းဌာနပြောင်းဆိုတာ မျိုးတွေဖြစ်ရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေလုပ်ချင်တာကိုဦးစားပေးလုပ်ခွင့်ပြုသင့်ပါ တယ်။ အချစ်ရေးကိစ္စတွေမှာတော့ အဆင်ပြေ ပါလိမ့်မယ်။
စနေ
အတူနေညီအကိုမောင်နှမတွေနဲ့စိတ်ဝမ်းကွဲရတတ်ပါတယ်။ မိမိစေတနာစကားပြောပေမဲ့ အပြစ်တင်ဝေဖန်တယ်လို့မြင်နေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးတွေ များနေတတ်ပါတယ်။ သွေးပေါင်ကျတာမျိုးတွေ၊ သွေးအလွန်တိုးတာမျိုးတွေဖြစ်ရတတ်ပါတယ်။
လုပ်ငန်းခွင် အတွင်းမိမိကလူကြီးဆိုရင်တော့ စည်းကမ်းအရမ်း တင်းကြပ်တာမျိုးတွေရှိရင်လျှော့ပါ။ အောက်လက်ငယ်သား တော်လှန်တာမျိုးတွေကို အထူးကြုံရတတ်ပါတယ်။ ငွေအရမ်းမြုပ်အောင်မလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ငွေစမြုပ်မိရင် တော့ပြန်ဖော်ရခက်ခဲနိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
Credit- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး၊ရာဟု
ကြာသပတေး
သောကြာ
စနေ
09775555695
Leave a Reply
Your email address will not be published.