လူမသိသူမသိ အမှန်တရားအတွက် အသက်ပေးလိုက်ကြရသောသူအပေါင်းတို့သည် မြင့်မြတ်သောသူရဲကောင်းများအဖြစ် …

News

Unicode
သားဖြစ်သူ ကိုဖြိုးဇေယျာသော် မတရားကွပ်မျက်သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများကို ၎င်း၏ အသက် ၇၆ နှစ်အရွယ် မိခင်ဒေါ်ခင်ဝင်းမေ၏ ပြောဆိုချက်များကို နားထောင်ရသည့်အခါ မိခင်၏ သားအပေါ်ချစ်မြတ်နိုးမှုနှင့် လောကဓံကို တည်ငြိမ်စွာရင်ဆိုင်နိုင်သည့်သူတစ်ဦး၏ စိတ်ဓာတ်ကို နားထောင်သူများ အံ့ချီးမကုန်ဖြစ်ရပါသည်။

ကွပ်မျက်သတ်ဖြတ်မှု မဖြစ်ခင် မိခင်နှင့် သားတို့ ဖန်သားပြင်မှတစ်ဆင့် မိနစ်နှစ်ဆယ်ခန့် လွန်ခဲ့သည့် သောကြာနေ့ညနေက အင်းစိန်ထောင်တွင် တွေ့ဆုံကြရာဝယ် ယခုတွေ့ဆုံမှုသည် နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းလားဆိုသည်ကိုတော့ နှစ်ဦးသား ဝေခွဲမရဖြစ်နေခဲ့ကြသည်။

ကိုဇေယျာသော်က သူလိုချင်သည့် ပစ္စည်းတချို့အား မိခင်ကြီးကို မှာယူရာတွင် ဘာသာပြန်အနောက်တိုင်းရသစာအုပ်များအပြင် မှတ်မှတ်သားသား အင်္ဂလိပ်အဘိဓာန်တစ်အုပ်အားလည်း ယူလာပေးပါရန် ပြောဆိုပါသည်။

အဘိဓာန်စာအုပ်ကို လိုချင်သည်ဟူသော ကိုဇေယျာသော်၏ မပြည့်လိုက်သော ဆန္ဒကို ကြားသိရသောအခါ ကျွန်တော်တုန်လှုပ်ဝမ်းနည်းသွားပါသည်။

အကြောင်းမှာ သူသည် အချုပ်အနှောင်တွင် အပျင်းပြေအချိန်ကုန်ရန်သက်သက် စာဖတ်လိုသည်မဟုတ်၊ ကမ်းမမြင်လမ်းမမြင်ကဲ့သို့ အခြေအနေဆိုက်ရောက်နေသော်လည်း ဘဝကို အရှုံးမပေးဘဲ ရရာနည်းဖြင့် ဆက်လက်ပညာဗဟုသုတဆည်းပူးလိုသည့် ၎င်း၏ စိတ်အဟုန်၊ ရုပ်တရားတို့ ချုပ်နှောင်ခံထားရသော်လည်း စိတ်အစဉ်ကို အချည်းနှီးလွှတ်မထားဘဲ အကျိုးရှိသည့် အာရုံတစ်ခုခုပေါ်ထားချင်သည့် သူ၏မွန်မြတ်သည့် စိတ်နေစိတ်ထားတို့ကို သိရှိလိုက်ရခြင်းကြောင့်ဖြစ်သည်။

hihihihihihihihihi

this is test

ထို့ပြင် ထောင်တွင်းအဘိဓာန်လိုချင်သည့် ကျွန်တော်၏ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ဖြစ်ရပ်ကို တစ်ဖန်သတိရပြီး ကိုဇေယျာသော်နှင့် စိတ်ချင်း ဆက်စပ်မိသွား၍ ဖြစ်သည်။

၁၉၉၉ ခုနှစ်က မြင်းခြံထောင်တွင် ကျွန်တော်သည် ထောင်ကျနေခိုက် မည်သည့် စာအုပ်စာတမ်း စာရွက်တစ်ရွက်မှ ဖတ်ရှုခွင့်မရသည့်အချိန်တွင် အင်္ဂလိပ်အဘိဓာန်တစ်အုပ်လောက်ကို လိုချင်သည့် စိတ်အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါသည်။ မည်သည့်စာအုပ်မှ ဖတ်ရှုခွင့်မရသည့် အချိန် ကိုယ်မှတ်မိသော အင်္ဂလိပ်ဝေါဟာရများကို အနီရောင်အုပ်နီခဲစဖြင့် သမံတလင်းပေါ်တွင် ရေးခြစ်ခဲ့ပုံ၊ ပလတ်စတစ်အကြည်ရောင်ပေါ်တွင် သံတိုသံစတစ်ခုဖြင့် ရောက်တတ်ရာရာ အင်္ဂလိပ်လိုရေးခဲ့ပုံများကို ပြန်လည်မြင်မိပါသည်။

ထိုစဉ်အချိန်က ကျွန်တော်သည် ပြစ်ဒဏ် ထောင် ၂၁ နှစ် ကျနေသော်လည်း စစ်အာဏာရှင်စနစ် မနှေးနှင့်အမြန် ချုပ်ငြိမ်းရမည်၊ ထိုကာလကြား အကြောင်းတစ်စုံတစ်ရာဖြင့် အချုပ်အနှောင်တွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ သေဆုံးသွားခဲ့ပါမူ မဟုတ်မမှန်လုပ်နေသူများနှင့် အကျိုးတူမဖြစ်နေခြင်း၊ မှန်ကန်သည့်ဘက်ကို အနည်းဆုံးအားဖြင့် စိတ်အားဖြင့် ရပ်တည်ခြင်းကြောင့် သေရကျိုးနပ်သည်ဟု အခြားသော ကြီးကြီးငယ်ငယ်နိုင်ငံရေးအကျဉ်းသားများကဲ့သို့ စိတ်ထား အလိုအလျောက်ဖြစ်နေခဲ့မိပါသည်။

ထို့ကြောင့် အချုပ်အနှောင်တွင် စိတ်ဓာတ်ကျမနေဘဲ သင်ယူလိုသည့်စိတ်များသာ အမြဲတစေ ပြင်းပြနေခဲ့သည်။ နောက်ဆုံး ၂၀၀၀ ခုနှစ်တွင် တစ်တိုက်တည်းနေ မိတ်ဆွေအစ်ကို နိုင်ကျဉ်းတစ်ဦးက လက်တစ်ဝါးစာ အင်္ဂလိပ်အဘိဓာန်စာအုပ်တစ်အုပ် လျှို့ဝှက်စွာရရှိလာပါသည်။ သူက ထိုအဘိဓာန်ငယ်၏ အက္ခရာအခန်းတစ်ခုကို ဖြတ်ထုတ်ကာ ဦးချိန်တီအစာကြေကော်ဘူးသွယ်သွယ်လေးတွင် ထည့်ပြီး လျှို့ဝှက်ပေးပို့မှုကြောင့် ကျွန်တော်၏ အဘိဓာန်လိုချင်သောစိတ်သည် အတန်ငယ်ပြည့်ဝခဲ့ပါသည်။

ခရမ်းချဉ်သီးအရောင်ထက် သူမသာကိုယ်မသာလောက်ရှိသော အကျဉ်းခန်းရှိ လျှပ်စစ်မီးသီးကို အားကိုးကာ ညအခါ ထိုအဘိဓာန်အပိုင်းလေးကို ခိုးချောင်ခိုးဝှက် ဖတ်ရှုခဲ့ရပုံများကို သတိရပြီး ကိုဇေယျာသော်၏ မပြည့်လိုက်သော အဘိဓာန်လိုချင်သည့် ဆန္ဒကို တွေးပြီးဝမ်းနည်းမိပါသည်။

လူ့အဖွဲ့အစည်းတစ်ခုတွင် မဟုတ်မမှန်သည့် ကိစ္စရပ်များဖြစ်ပေါ်လာသည့်အခါ အမှန်တရားကို မြတ်နိုးသူများနှင့် အထူးသဖြင့် မတရားမှုကို ပြတ်ပြတ်သားသားတွန်းလှန်လိုသည့် လူငယ်တို့သည် တော်လှန်ရေးတွင် ဘဝပေး၊ အသက်ပေးကြရသည်မှာ ကမ္ဘာနှင့် မြန်မာ့သမိုင်းတစ်​လျှောက် အစဉ်အလာဖြစ်နေတော့သည်။

ကိုဇေယျာသော်အကြောင်း စဉ်းစားမိပြီးသကာလ ကိုဂျင်မီ၏ ဘဝကို စဉ်းစားမိရာတွင်လည်း ရင်နင့်ဖွယ်ဖြစ်ပါသည်။ အသက် ၅၃ နှစ်အရွယ်တွင် သတ်ဖြတ်ခံလိုက်ရသော ကိုဂျင်မီသည် ဘဝ၏ တစ်ဝက်နီးပါး စုစုပေါင်း ၂၂ နှစ်ကို သံတိုင်နောက်တွင် ကုန်ဆုံးခဲ့ရပါသည်။

သူသည် အသက် ၁၉ နှစ်အရွယ် ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ စုစုပေါင်း ၁၆ နှစ်၊ ထိုမှတစ်ဖန် ၂၀၀၇ မှ ၂၀၁၂ နောက်ထပ်ငါးနှစ်၊ နောက်ဆုံး စစ်တပ်က မတရားကွပ်မျက်မခံရမီ အနည်းဆုံးတစ်နှစ် အားလုံးစုစုပေါင်း ၂၂ နှစ်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် အချုပ်အနှောင်အောက်တွင် ကုန်ဆုံးခဲ့ရပါသည်။

လူသည် သေမျိုးဖြစ်၍ တစ်နည်းနှင့် တစ်နည်း အားလုံးမုချသေရမည်ဖြစ်ပါသည်။ သို့ရာတွင် အများအကျိုးကို ရှေးရှုကာ အမှန်တရားကို မျက်နှာမူ၍ သေခြင်းတရားကို ရင်ဆိုင်ဝံ့သောသူများနှင့် မိမိအကျိုးစီးပွားကိုသာ အလေးထား၍ ပိုနေမြဲကျားနေမြဲ ဘဝကိုကုန်ဆုံးကြသူများ၏ သေခြင်းတရားသည် မိုးနှင့်မြေကဲ့သို့ ဝေးကွာလှပါသည်။

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ဆန့်ကျင်ခဲ့သည့် လှိုင်သာယာမြို့နယ်မှ အညတရသူရဲကောင်း ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်နှင့် လူမသိသူမသိ အမှန်တရားအတွက် အသက်ပေးလိုက်ကြရသောသူအပေါင်းတို့သည် မြင့်မြတ်သောသူရဲကောင်းများအဖြစ် ကျွန်ုပ်တို့၏ ရင်ဝယ်အမြဲစွဲထင်နေတော့မည်သာဖြစ်သည်။
crd

Zawgyi

သားျဖစ္သူ ကိုၿဖိဳးေဇယ်ာေသာ္ မတရားကြပ္မ်က္သတ္ျဖတ္ခံရမႈႏွင့္ စပ္လ်ဥ္း၍ သတင္းမီဒီယာမ်ားကို ၎၏ အသက္ ၇၆ ႏွစ္အ႐ြယ္ မိခင္ေဒၚခင္ဝင္းေမ၏ ေျပာဆိုခ်က္မ်ားကို နားေထာင္ရသည့္အခါ မိခင္၏ သားအေပၚခ်စ္ျမတ္ႏိုးမႈႏွင့္ ေလာကဓံကို တည္ၿငိမ္စြာရင္ဆိုင္ႏိုင္သည့္သူတစ္ဦး၏ စိတ္ဓာတ္ကို နားေထာင္သူမ်ား အံ့ခ်ီးမကုန္ျဖစ္ရပါသည္။

ကြပ္မ်က္သတ္ျဖတ္မႈ မျဖစ္ခင္ မိခင္ႏွင့္ သားတို႔ ဖန္သားျပင္မွတစ္ဆင့္ မိနစ္ႏွစ္ဆယ္ခန္႔ လြန္ခဲ့သည့္ ေသာၾကာေန႔ညေနက အင္းစိန္ေထာင္တြင္ ေတြ႕ဆုံၾကရာဝယ္ ယခုေတြ႕ဆုံမႈသည္ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံျခင္းလားဆိုသည္ကိုေတာ့ ႏွစ္ဦးသား ေဝခြဲမရျဖစ္ေနခဲ့ၾကသည္။

ကိုေဇယ်ာေသာ္က သူလိုခ်င္သည့္ ပစၥည္းတခ်ိဳ႕အား မိခင္ႀကီးကို မွာယူရာတြင္ ဘာသာျပန္အေနာက္တိုင္းရသစာအုပ္မ်ားအျပင္ မွတ္မွတ္သားသား အဂၤလိပ္အဘိဓာန္တစ္အုပ္အားလည္း ယူလာေပးပါရန္ ေျပာဆိုပါသည္။

အဘိဓာန္စာအုပ္ကို လိုခ်င္သည္ဟူေသာ ကိုေဇယ်ာေသာ္၏ မျပည့္လိုက္ေသာ ဆႏၵကို ၾကားသိရေသာအခါ ကြၽန္ေတာ္တုန္လႈပ္ဝမ္းနည္းသြားပါသည္။

အေၾကာင္းမွာ သူသည္ အခ်ဳပ္အေႏွာင္တြင္ အပ်င္းေျပအခ်ိန္ကုန္ရန္သက္သက္ စာဖတ္လိုသည္မဟုတ္၊ ကမ္းမျမင္လမ္းမျမင္ကဲ့သို႔ အေျခအေနဆိုက္ေရာက္ေနေသာ္လည္း ဘဝကို အရႈံးမေပးဘဲ ရရာနည္းျဖင့္ ဆက္လက္ပညာဗဟုသုတဆည္းပူးလိုသည့္ ၎၏ စိတ္အဟုန္၊ ႐ုပ္တရားတို႔ ခ်ဳပ္ေႏွာင္ခံထားရေသာ္လည္း စိတ္အစဥ္ကို အခ်ည္းႏွီးလႊတ္မထားဘဲ အက်ိဳးရွိသည့္ အာ႐ုံတစ္ခုခုေပၚထားခ်င္သည့္ သူ၏မြန္ျမတ္သည့္ စိတ္ေနစိတ္ထားတို႔ကို သိရွိလိုက္ရျခင္းေၾကာင့္ျဖစ္သည္။

ထို႔ျပင္ ေထာင္တြင္းအဘိဓာန္လိုခ်င္သည့္ ကြၽန္ေတာ္၏ လြန္ခဲ့သည့္ အႏွစ္ ၂၀ ေက်ာ္က ျဖစ္ရပ္ကို တစ္ဖန္သတိရၿပီး ကိုေဇယ်ာေသာ္ႏွင့္ စိတ္ခ်င္း ဆက္စပ္မိသြား၍ ျဖစ္သည္။

၁၉၉၉ ခုႏွစ္က ျမင္းၿခံေထာင္တြင္ ကြၽန္ေတာ္သည္ ေထာင္က်ေနခိုက္ မည္သည့္ စာအုပ္စာတမ္း စာ႐ြက္တစ္႐ြက္မွ ဖတ္ရႈခြင့္မရသည့္အခ်ိန္တြင္ အဂၤလိပ္အဘိဓာန္တစ္အုပ္ေလာက္ကို လိုခ်င္သည့္ စိတ္အႀကီးအက်ယ္ျဖစ္ေပၚခဲ့ပါသည္။ မည္သည့္စာအုပ္မွ ဖတ္ရႈခြင့္မရသည့္ အခ်ိန္ ကိုယ္မွတ္မိေသာ အဂၤလိပ္ေဝါဟာရမ်ားကို အနီေရာင္အုပ္နီခဲစျဖင့္ သမံတလင္းေပၚတြင္ ေရးျခစ္ခဲ့ပုံ၊ ပလတ္စတစ္အၾကည္ေရာင္ေပၚတြင္ သံတိုသံစတစ္ခုျဖင့္ ေရာက္တတ္ရာရာ အဂၤလိပ္လိုေရးခဲ့ပုံမ်ားကို ျပန္လည္ျမင္မိပါသည္။

ထိုစဥ္အခ်ိန္က ကြၽန္ေတာ္သည္ ျပစ္ဒဏ္ ေထာင္ ၂၁ ႏွစ္ က်ေနေသာ္လည္း စစ္အာဏာရွင္စနစ္ မေႏွးႏွင့္အျမန္ ခ်ဳပ္ၿငိမ္းရမည္၊ ထိုကာလၾကား အေၾကာင္းတစ္စုံတစ္ရာျဖင့္ အခ်ဳပ္အေႏွာင္တြင္ျဖစ္ေစ ျပင္ပတြင္ျဖစ္ေစ ေသဆုံးသြားခဲ့ပါမူ မဟုတ္မမွန္လုပ္ေနသူမ်ားႏွင့္ အက်ိဳးတူမျဖစ္ေနျခင္း၊ မွန္ကန္သည့္ဘက္ကို အနည္းဆုံးအားျဖင့္ စိတ္အားျဖင့္ ရပ္တည္ျခင္းေၾကာင့္ ေသရက်ိဳးနပ္သည္ဟု အျခားေသာ ႀကီးႀကီးငယ္ငယ္ႏိုင္ငံေရးအက်ဥ္းသားမ်ားကဲ့သို႔ စိတ္ထား အလိုအေလ်ာက္ျဖစ္ေနခဲ့မိပါသည္။

ထို႔ေၾကာင့္ အခ်ဳပ္အေႏွာင္တြင္ စိတ္ဓာတ္က်မေနဘဲ သင္ယူလိုသည့္စိတ္မ်ားသာ အၿမဲတေစ ျပင္းျပေနခဲ့သည္။ ေနာက္ဆုံး ၂၀၀၀ ခုႏွစ္တြင္ တစ္တိုက္တည္းေန မိတ္ေဆြအစ္ကို ႏိုင္က်ဥ္းတစ္ဦးက လက္တစ္ဝါးစာ အဂၤလိပ္အဘိဓာန္စာအုပ္တစ္အုပ္ လွ်ိဳ႕ဝွက္စြာရရွိလာပါသည္။ သူက ထိုအဘိဓာန္ငယ္၏ အကၡရာအခန္းတစ္ခုကို ျဖတ္ထုတ္ကာ ဦးခ်ိန္တီအစာေၾကေကာ္ဘူးသြယ္သြယ္ေလးတြင္ ထည့္ၿပီး လွ်ိဳ႕ဝွက္ေပးပို႔မႈေၾကာင့္ ကြၽန္ေတာ္၏ အဘိဓာန္လိုခ်င္ေသာစိတ္သည္ အတန္ငယ္ျပည့္ဝခဲ့ပါသည္။

ခရမ္းခ်ဥ္သီးအေရာင္ထက္ သူမသာကိုယ္မသာေလာက္ရွိေသာ အက်ဥ္းခန္းရွိ လွ်ပ္စစ္မီးသီးကို အားကိုးကာ ညအခါ ထိုအဘိဓာန္အပိုင္းေလးကို ခိုးေခ်ာင္ခိုးဝွက္ ဖတ္ရႈခဲ့ရပုံမ်ားကို သတိရၿပီး ကိုေဇယ်ာေသာ္၏ မျပည့္လိုက္ေသာ အဘိဓာန္လိုခ်င္သည့္ ဆႏၵကို ေတြးၿပီးဝမ္းနည္းမိပါသည္။

လူ႔အဖြဲ႕အစည္းတစ္ခုတြင္ မဟုတ္မမွန္သည့္ ကိစၥရပ္မ်ားျဖစ္ေပၚလာသည့္အခါ အမွန္တရားကို ျမတ္ႏိုးသူမ်ားႏွင့္ အထူးသျဖင့္ မတရားမႈကို ျပတ္ျပတ္သားသားတြန္းလွန္လိုသည့္ လူငယ္တို႔သည္ ေတာ္လွန္ေရးတြင္ ဘဝေပး၊ အသက္ေပးၾကရသည္မွာ ကမာၻႏွင့္ ျမန္မာ့သမိုင္းတစ္​ေလွ်ာက္ အစဥ္အလာျဖစ္ေနေတာ့သည္။

ကိုေဇယ်ာေသာ္အေၾကာင္း စဥ္းစားမိၿပီးသကာလ ကိုဂ်င္မီ၏ ဘဝကို စဥ္းစားမိရာတြင္လည္း ရင္နင့္ဖြယ္ျဖစ္ပါသည္။ အသက္ ၅၃ ႏွစ္အ႐ြယ္တြင္ သတ္ျဖတ္ခံလိုက္ရေသာ ကိုဂ်င္မီသည္ ဘဝ၏ တစ္ဝက္နီးပါး စုစုေပါင္း ၂၂ ႏွစ္ကို သံတိုင္ေနာက္တြင္ ကုန္ဆုံးခဲ့ရပါသည္။

သူသည္ အသက္ ၁၉ ႏွစ္အ႐ြယ္ ၁၉၈၉ ခုႏွစ္မွ ၂၀၀၅ ခုႏွစ္ထိ စုစုေပါင္း ၁၆ ႏွစ္၊ ထိုမွတစ္ဖန္ ၂၀၀၇ မွ ၂၀၁၂ ေနာက္ထပ္ငါးႏွစ္၊ ေနာက္ဆုံး စစ္တပ္က မတရားကြပ္မ်က္မခံရမီ အနည္းဆုံးတစ္ႏွစ္ အားလုံးစုစုေပါင္း ၂၂ ႏွစ္ကို ႏိုင္ငံေရးအက်ဥ္းသားအျဖစ္ အခ်ဳပ္အေႏွာင္ေအာက္တြင္ ကုန္ဆုံးခဲ့ရပါသည္။

လူသည္ ေသမ်ိဳးျဖစ္၍ တစ္နည္းႏွင့္ တစ္နည္း အားလုံးမုခ်ေသရမည္ျဖစ္ပါသည္။ သို႔ရာတြင္ အမ်ားအက်ိဳးကို ေရွးရႈကာ အမွန္တရားကို မ်က္ႏွာမူ၍ ေသျခင္းတရားကို ရင္ဆိုင္ဝံ့ေသာသူမ်ားႏွင့္ မိမိအက်ိဳးစီးပြားကိုသာ အေလးထား၍ ပိုေနၿမဲက်ားေနၿမဲ ဘဝကိုကုန္ဆုံးၾကသူမ်ား၏ ေသျခင္းတရားသည္ မိုးႏွင့္ေျမကဲ့သို႔ ေဝးကြာလွပါသည္။

ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္၊ စစ္အာဏာရွင္စနစ္ကို ျပင္းျပင္းထန္ဆန္႔က်င္ခဲ့သည့္ လႈိင္သာယာၿမိဳ႕နယ္မွ အညတရသူရဲေကာင္း ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္ႏွင့္ လူမသိသူမသိ အမွန္တရားအတြက္ အသက္ေပးလိုက္ၾကရေသာသူအေပါင္းတို႔သည္ ျမင့္ျမတ္ေသာသူရဲေကာင္းမ်ားအျဖစ္ ကြၽႏ္ုပ္တို႔၏ ရင္ဝယ္အၿမဲစြဲထင္ေနေတာ့မည္သာျဖစ္သည္။

crd

Leave a Reply

Your email address will not be published.