မန္တလေး အမရပူရက လူငယ်တစ်ဦး ကားလုယက် ခံရပြီး…

News

READ NEXT

မေ ၂၀ ရက်မှ ၂၅ရက်နေ့အတွင်း ဆီအိုးကြီးအတွက် နှမ်းမိုး …
မန္တလေး အမရပူရက လူငယ်တစ်ဦး ကားလုယက် ခံရပြီး အသ-တ်ခံရ၊

အလောင်းကို လမ်းဘေးမှာ တွေ့၊

MFP ၊ ဇူလိုင် – ၂၆

မန္တလေးမြို့ အမရပူရမြို့နယ်နေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ဒိနေ့ မနက်ပိုင်း ကိုယ်ပိုင်ကားနဲ့ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ရာကနေ ကားလုယက်ခံရကာ အသ-တ်ခံရပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားတာ တွေ့ရှိရတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

hihihihihihihihihi

this is test

သေဆုံးသူဟာ အမရပူရမြို့နယ်၊ မြစ်လောင်းရွာနေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဒီနေ့ ဇူလိုင်(၂၆)ရက် မနက်(၉)နာရီကျော်က ကိုယ်ပိုင်ကားဖြစ်တဲ့ Suzuki Swift 3/R နဲ့ မန္တ္တလေးမြို့ စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ချိန်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

“ကျွန်မမောင်လေးပါ မနက်(၉)နာရီလောက်က အိမ်ကထွက်သွားတာ အခုထိ အဆက်သွယ် မရသေးလို့ပါ။ ဖုန်းလည်း အိမ်မှာ ကျန်ခဲ့တာပါ။

တွေ့ရင် ကျေးဇူးပြု၍ အကြောင်းကြားပေးကြပါ။ ကားလည်းပါသွားပါတယ်” လို့ သေဆုံးသူရဲ့ အမဖြစ်သူက ဖုန်းနံပတ်တွေနှင့်တကွ ဖေ့စ်ဘါတ်ခ်မှာ ရေးသားထားပါတယ်။

အဲ့ဒီနောက် နေပလည်(၂)နာရီခွဲမှာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနှင့် (၁၃၉)လမ်းကြား၊ (၇၇)လမ်းနှင့် (၇၈)လမ်းကြား လမ်းဘေးခြုံထဲမှာ အသက်(၃၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မျက်ကွင်းများညိုမဲပြီး နှာခေါင်းထဲက သွေးထွက်ကာ မှောက်လျှက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိကြောင်း ဖုန်းဆက် သတင်းပေးလာတဲ့အတွက် မန္တလေးဆေးရုံကြီးကို ပို့ပေးထားတယ်လို့ ရွှေမဉ္ဇူ ပရဟိတအသင်းက ဆိုပါတယ်။

“အလောင်းပိုင်ရှင်၏ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းများ သိရှိစေရန် ဝိုင်းဝန်း ကူညီကြပါအုန်းခင်ဗျာ” လို့ ရွှေမဉ္ဇူ ပရဟိတအသင်းက ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နာရီပိုင်းအကြာမှာ မိသားစုနှင့် အဆက်အသွယ် ရခဲ့ပြီး သေဆုံးသူဟာ အမရပူရမြို့နယ်၊ ရွှေလောင်းရွာက အမျိုးသားဖြစ်ပြီး ကားလုယက်ကာ အသတ်ခံလိုက်ရတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

လုယက်ခံရတဲ့ ကားဟာ ဆူဇူကီးအမျိုးအစား အဖြူရောင် Suzuki Swift 3/R… ဖြစ်ကာ တွေ့ရှိပါက ဆက်သွယ် ကူညီပေးကြဖို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေက လူသ-တ်မှု၊ ခိုးမှု၊ ဓားပြမှု၊ မုဒိ-န်းမှု၊ ဖောက်ထွင်းမှု စတဲ့ ရာဇဝတ် ပြစ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ရာဇဝတ်သားတွေ၊ နှစ်ကြီး အကျဉ်သားတွေ အားလုံးကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ထောင်က လွှတ်ပေးခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းက ရာဇဝတ်သားတွေကို အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လက နောက်ဆုံးအသုတ်အဖြစ် ရာဇဝတ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထောင်က လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓားပြမှုတို့လို ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
crd

Zawgyi

READ NEXT

ေမ ၂၀ ရက္မွ ၂၅ရက္ေန႔အတြင္း ဆီအိုးႀကီးအတြက္ ႏွမ္းမိုး …
မႏၲေလး အမရပူရက လူငယ္တစ္ဦး ကားလုယက္ ခံရၿပီး အသ-တ္ခံရ၊

အေလာင္းကို လမ္းေဘးမွာ ေတြ႕၊

MFP ၊ ဇူလိုင္ – ၂၆

မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ေန အသက္(၃၀)အ႐ြယ္ အမ်ိဳးသားတစ္ဦး ဒိေန႔ မနက္ပိုင္း ကိုယ္ပိုင္ကားနဲ႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စြယ္ေတာ္စက္မႈဘက္ ပစၥည္းသြားပို႔ရာကေန ကားလုယက္ခံရကာ အသ-တ္ခံရၿပီး အေလာင္းကို လမ္းေဘးမွာ စြန႔္ပစ္ထားတာ ေတြ႕ရွိရတယ္လို႔ ၿမိဳ႕ခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ေသဆုံးသူဟာ အမရပူရၿမိဳ႕နယ္၊ ျမစ္ေလာင္း႐ြာေန အသက္(၃၀)အ႐ြယ္ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး ဒီေန႔ ဇူလိုင္(၂၆)ရက္ မနက္(၉)နာရီေက်ာ္က ကိုယ္ပိုင္ကားျဖစ္တဲ့ Suzuki Swift 3/R နဲ႔ မႏၲၱေလးၿမိဳ႕ စြယ္ေတာ္စက္မႈဘက္ ပစၥည္းသြားပို႔ခ်ိန္မွာ အဆက္အသြယ္ျပတ္ ေပ်ာက္ဆုံးသြားတာလို႔ နီးစပ္သူေတြက ဆိုပါတယ္။

“ကြၽန္မေမာင္ေလးပါ မနက္(၉)နာရီေလာက္က အိမ္ကထြက္သြားတာ အခုထိ အဆက္သြယ္ မရေသးလို႔ပါ။ ဖုန္းလည္း အိမ္မွာ က်န္ခဲ့တာပါ။

ေတြ႕ရင္ ေက်းဇူးျပဳ၍ အေၾကာင္းၾကားေပးၾကပါ။ ကားလည္းပါသြားပါတယ္” လို႔ ေသဆုံးသူရဲ႕ အမျဖစ္သူက ဖုန္းနံပတ္ေတြႏွင့္တကြ ေဖ့စ္ဘါတ္ခ္မွာ ေရးသားထားပါတယ္။

အဲ့ဒီေနာက္ ေနပလည္(၂)နာရီခြဲမွာ မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (၁၃၈)လမ္းႏွင့္ (၁၃၉)လမ္းၾကား၊ (၇၇)လမ္းႏွင့္ (၇၈)လမ္းၾကား လမ္းေဘးၿခဳံထဲမွာ အသက္(၃၀)ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦး မ်က္ကြင္းမ်ားညိဳမဲၿပီး ႏွာေခါင္းထဲက ေသြးထြက္ကာ ေမွာက္လွ်က္အေနထားနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိေၾကာင္း ဖုန္းဆက္ သတင္းေပးလာတဲ့အတြက္ မႏၲေလးေဆး႐ုံႀကီးကို ပို႔ေပးထားတယ္လို႔ ေ႐ႊမၪၨဴ ပရဟိတအသင္းက ဆိုပါတယ္။

“အေလာင္းပိုင္ရွင္၏ မိတ္ေဆြ သူငယ္ခ်င္း ေဆြမ်ိဳးသားခ်င္းမ်ား သိရွိေစရန္ ဝိုင္းဝန္း ကူညီၾကပါအုန္းခင္ဗ်ာ” လို႔ ေ႐ႊမၪၨဴ ပရဟိတအသင္းက ေဖ့စ္ဘြတ္ခ္မွာ ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး နာရီပိုင္းအၾကာမွာ မိသားစုႏွင့္ အဆက္အသြယ္ ရခဲ့ၿပီး ေသဆုံးသူဟာ အမရပူရၿမိဳ႕နယ္၊ ေ႐ႊေလာင္း႐ြာက အမ်ိဳးသားျဖစ္ၿပီး ကားလုယက္ကာ အသတ္ခံလိုက္ရတာျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့တယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္။

လုယက္ခံရတဲ့ ကားဟာ ဆူဇူကီးအမ်ိဳးအစား အျဖဴေရာင္ Suzuki Swift 3/R… ျဖစ္ကာ ေတြ႕ရွိပါက ဆက္သြယ္ ကူညီေပးၾကဖို႔ ေသဆုံးသူနဲ႔ နီးစပ္သူေတြက ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြက လူသ-တ္မႈ၊ ခိုးမႈ၊ ဓားျပမႈ၊ မုဒိ-န္းမႈ၊ ေဖာက္ထြင္းမႈ စတဲ့ ရာဇဝတ္ ျပစ္မႈေတြနဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ ရာဇဝတ္သားေတြ၊ ႏွစ္ႀကီး အက်ဥ္သားေတြ အားလုံးကို စစ္အုပ္စုက လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးၿပီး ေထာင္က လႊတ္ေပးခဲ့ပါတယ္။

စစ္အုပ္စုဟာ ႏိုင္ငံတဝန္းက ရာဇဝတ္သားေတြကို အႀကိမ္ႀကိမ္ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္ေပးခဲ့ရာမွာ ၿပီးခဲ့တဲ့ ၂၀၂၁ ၾသဂုတ္လက ေနာက္ဆုံးအသုတ္အျဖစ္ ရာဇဝတ္သားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးၿပီး ေထာင္က လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕မွာေတာ့ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုယက္မႈ၊ ဓားျပမႈတို႔လို ရာဇဝတ္မႈေတြ ဆက္တိုက္ ျဖစ္ပြားေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

crd

Leave a Reply

Your email address will not be published.