မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင် ….

News

Unicode
မဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို စတင် ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ©နွေဦးအသံ ( The Voice Of Spring ) |

◼ကြူကြူလှရဲ့ အချစ်တော် (သို့မဟုတ်) စကစ နောက်ကွယ်က လျှို့ဝှက်သောဒေါက်တိုင်

အကြမ်းဖက် စကစ ရဲ့ နောက်ကွယ်မှာ အဓိက အရေးပါပြီး လျှို့ဝှက်စွာ အာဏာကြီးလှသူ တဦး ရှိနေပါတယ်။

သူ့ရဲ့ အဓိက တာဝန်က မင်းအောင်လှိုင်ရဲ့ စီးပွားရေးတွေကို နာမည်ခံပြီး ကိုယ်တိုင်ဦးစီးရတာပါပဲ။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီလောက်နဲ့ မရတော့ပါဘူး။ စကစရဲ့ ဟိုတယ်ဝန်ကြီးတွေကို သူကိုယ်တိုင် စိစစ်ရွေးချယ်ပြီး ခေါင်းခေါက် ခန့်အပ်တဲ့အထိ တန်ခိုးထွားလာပါတယ်။

hihihihihihihihihi

this is test

◼ဘယ်လိုဆက်ဆံရေးမျိုးရှိသလဲ

သာမန်အားဖြင့် စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသူတွေဟာ ကတော်ဖြစ်သူများနဲ့ အဆင်မပြေကြပါဘူး။ သူကတော့ ထူးထူးခြားခြား မင်းအောင်လှိုင်တို့ လင်မယားနှစ်ဦးစလုံးနဲ့ အဆင်ပြေလှသူပါ။

နီးစပ်တဲ့အသိုင်းအဝိုင်းအားလုံးက ကြူကြူလှရဲ့ အချစ်တော်၊ ကြူကြူလှရဲ့ သားလေး အဖြစ် နားလည်ထားကြတဲ့အထိ ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပါတယ်။

◼အောင်မျိုးမင်းဒင်က ဘယ်သူပါလဲ

မင်းအောင်လှိုင် ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်အဆုံးအဖြတ်ပေးနေရတဲ့ တာဝန်ကို ယူထားပေမဲ့ အင်မတန်မှ အနေအထိုင် သိုသပ်ပါတယ်။

မထင်မရှားပုံစံနဲ့သာနေလေ့ရှိပြီး အနေအထိုင် အေးပေမဲ့ အများနဲ့ဆက်ဆံရေးမှာ ညက်ညောသိမ်မွေ့ပြီး ဖျတ်လတ်မြန်ဆန်လှသူပါ။

ဓါတ်ပုံရိုက်တာ ဝါသနာပါပြီး မြန်မာပြည်က ဓါတ်ပုံသတင်းထောက်အများစုနဲ့လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ပါတယ်။

အမည်မဖော်နိုင်တဲ့ လုပ်ငန်းကြီးများစွာရှိတဲ့အနက် Amazing Hotels Group, Adventure Myanmar Travel & Tours, Inno City Project တို့က လူသိများပြီး ကြူကြူလှ ရဲ့ ရှယ်ယာတွေလည်း အများကြီး ပါဝင်ပါတယ်။

ဇနီးဖြစ်သူက ဒေါ်အေးအေးမြင့် ဖြစ်ပြီး သားသမီးနှစ်ဦးရှိပါတယ်။ သမီးဖြစ်သူက အေးသီတာမင်းဒင် ဖြစ်ပြီး သားဖြစ်သူက ဥက္ကာမင်းဒင် ဖြစ်ပါတယ်။

◼ဘယ်လိုရင်းနှီးခဲ့ကြသလဲ

အောင်မျိုးမင်းဒင်က အထက်တန်းကျောင်းသားဘဝကတည်းက ကျူရှင်ပြစားတဲ့ ကြူကြူလှဆီမှာ စာသင်ခဲ့ဖူးသူပါ။ ကြူကြူလှ နဲ့လည်း မွေးဖွားကြီးပြင်းရာ ဇာတိချင်း တူကြပါတယ်။

စီးပွားရေးလောကကိုတော့ ခရီးသွားလုပ်ငန်းနဲ့ ဝင်ရောက်ခဲ့တာပါ။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းမဖွံ့ဖြိုးတဲ့ခေတ်မှာ အကြီးအကျယ်ထိပ်တန်းရောက်လာတာက အကြောင်းရှိပါတယ်။

ကြီးပွားရေး လမ်းစ ပွင့်ခဲ့ပုံကတော့ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတခေတ်မှာ လိုင်စင်မဲ့ ကားတွေကို သွင်းပြီး အရောင်းအဝယ် လုပ်ရာက အစပြုပါတယ်။

ခရီးသွားလုပ်ငန်းရှင်အများစုက နိုင်ငံခြားဧည့်သည်တွေကို အကြိုအပို့လုပ်ဖို့အတွက် သိန်းထောင်ချီတန် ကားတစီးကိုတောင် မနည်းငှားရမ်းအသုံးပြုနေရချိန်မှာ အောင်မျိုးမင်းဒင်းကတော့ လိုင်စင်မဲ့ကားတွေကို ဖောဖောသီသီအသုံးပြုပြီး ပြိုင်ဘက်လုပ်ငန်းတွေကြားမှာ ယှဉ်နိုင်မယ့်သူမရှိဘဲ တရိပ်ရိပ် အောင်မြင်လာပါတော့တယ်။

နအဖ ခေတ်ကတည်းက စစ်တပ်နဲ့ နီးနီးကပ်ကပ် ပတ်သက်ခဲ့ပြီး အင်းလေး၊ ပုဂံ၊ ငွေဆောင်၊ ငပလီ၊ ချောင်းသာ အစရှိတဲ့ ခရီးသွားဒေသတွေမှာ ဟိုတယ်ကြီးတွေ ဖွင့်လာနိုင်တဲ့အထိ အင်အားကြီးထွားလာပါတယ်

မင်းအောင်လှိုင် တိုင်းမှူးဘဝမှာ သူပိုင်တဲ့ ငပလီက ဟိုတယ်ကို ခဏခဏလာလည်ရာက ပိုမိုရင်းနှီးသွားခဲ့ကြတာပါ။

အဲဒီနောက် မင်းအောင်လှိုင်ရဲ့ စီးပွားရေးအတွက် အကြံပေးရာကနေ ကိုယ်တိုင်နာမည်ခံပြီး စီမံဆောင်ရွက်ရသူအဖြစ် လူယုံသဖွယ် ဖြစ်လာပါတယ်။

အထူးသဖြင့် ကျူရှင်ဆရာမ ဖြစ်ခဲ့ဖူးသူ ကြူကြူလှ ရဲ့ အချစ်တော်အဖြစ် နိုင်ငံခြားစျေးဝယ်ထွက်တာကအစ မဖြစ်မနေ တကောက်ကောက်လိုက်ရတဲ့အထိ အပါးတော်မြဲ ရပါတော့တယ်။

ဒါတင် မကပါဘူး။

လက်ရှိမှာလည်း မအလ အိမ်ကို အချိန်မရွေး ဝင်ထွက်နိုင်တဲ့ မိသားစုဝင်လို အရေးပါသူတဦး ဖြစ်ပါတယ်။

သို့ပေမဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုဝင်လို နှစ်ပေါင်း(၂၅)နှစ်ကျော် ရှည်ကြာခိုင်မာပြီး အားကောင်းလှတဲ့ သူတို့ရဲ့ ရင်းနှီးပတ်သတ်မှုကို အောင်မျိုးမင်းဒင် က အမြဲလျှို့ဝှက်ချင်သူပါ။

NLD အစိုးရ လက်ထက်မှာတော့ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

◼သူကောင်းပြုပုံ

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခံအရေးယူမှာကို အောင်မျိုးမင်းဒင်က ကြောက်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သိုသိုသပ်သပ်နေပါတယ်။

ဒါပေမဲ့ မအောင်မြင်ပါဘူး။ ပြဿနာက မင်းအောင်လှိုင် ပါပဲ။

ပုဂံမှာ အောင်မြေနင်းတော့လည်း အောင်မျိုးမင်းဒင် ရဲ့ ဟိုတယ်မှာ တည်းပြပါတယ်။

ဒါ့အပြင် အောင်မျိုးမင်းဒင်ရဲ့ အမ ဖြစ်သူရဲ့ ခင်ပွန်း ( ယောက်ဖတော်စပ်သူ ) ကိုပါ GE တပ်မှာ ဗိုလ်ချုပ်အဆင့် ရာထူး တိုးပေးပြီး မင်းအောင်လှိုင်က သူကောင်းပြုပြပြန်ပါတယ်။

၂၀၂၂ သင်္ကြန်ပွဲတော်ကို ပြင်ဦးလွင်မှာ စီစဉ်ကျင်းပတော့လဲ မင်းအောင်လှိုင်က သူတို့နဲ့ အနီးဆုံး၊ အနောက်ကပ်လျက်မှာ သူ့အတွက် နေရာစီစဉ်ပေးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေက မင်းအောင်လှိုင်နဲ့ ကြူကြူလှရဲ့ အနီးကပ်ဆုံးလူအဖြစ် အောင်မျိုးမင်းဒင် ကို အဓိက ရိုသေလေးစားပြရပါတယ်။

◼လက်ရှိမှာ ဘာတွေလုပ်နေသလဲ

မင်းအောင်လှိုင်ရဲ့ စီးပွားရေးကို ဆက်လက်အကြံပေးဦးဆောင်နေပြီး စကစအဖွဲ့အတွက် အဓိက ဒေါက်တိုင် နေရာက ကျားကန်ဆောင်ရွက်လျက်ရှိပါတယ်။

ပိုပြီး တာဝန်ကျေပွန်နေတာက ကြူကြူလှ ရဲ့ အချစ်တော်လေးအဖြစ် သွားလေရာ တကောက်ကောက်လိုက်နေရတာပဲ။

crd

Zawgyi

မျဖစ္မေန ၿဖိဳလွဲရမည့္ ေဒါက္တိုင္မ်ားကို စတင္ ေဖာ္ထုတ္သြားမွာ ျဖစ္ပါတယ္။ ©ေႏြဦးအသံ ( The Voice Of Spring ) |

◼ၾကဴၾကဴလွရဲ႕ အခ်စ္ေတာ္ (သို႔မဟုတ္) စကစ ေနာက္ကြယ္က လွ်ိဳ႕ဝွက္ေသာေဒါက္တိုင္

အၾကမ္းဖက္ စကစ ရဲ႕ ေနာက္ကြယ္မွာ အဓိက အေရးပါၿပီး လွ်ိဳ႕ဝွက္စြာ အာဏာႀကီးလွသူ တဦး ရွိေနပါတယ္။

သူ႔ရဲ႕ အဓိက တာဝန္က မင္းေအာင္လႈိင္ရဲ႕ စီးပြားေရးေတြကို နာမည္ခံၿပီး ကိုယ္တိုင္ဦးစီးရတာပါပဲ။

စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ ဒီေလာက္နဲ႔ မရေတာ့ပါဘူး။ စကစရဲ႕ ဟိုတယ္ဝန္ႀကီးေတြကို သူကိုယ္တိုင္ စိစစ္ေ႐ြးခ်ယ္ၿပီး ေခါင္းေခါက္ ခန႔္အပ္တဲ့အထိ တန္ခိုးထြားလာပါတယ္။

◼ဘယ္လိုဆက္ဆံေရးမ်ိဳးရွိသလဲ

သာမန္အားျဖင့္ စစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ အက်ိဳးစီးပြားကို ေဆာင္႐ြက္ေပးရသူေတြဟာ ကေတာ္ျဖစ္သူမ်ားနဲ႔ အဆင္မေျပၾကပါဘူး။ သူကေတာ့ ထူးထူးျခားျခား မင္းေအာင္လႈိင္တို႔ လင္မယားႏွစ္ဦးစလုံးနဲ႔ အဆင္ေျပလွသူပါ။

နီးစပ္တဲ့အသိုင္းအဝိုင္းအားလုံးက ၾကဴၾကဴလွရဲ႕ အခ်စ္ေတာ္၊ ၾကဴၾကဴလွရဲ႕ သားေလး အျဖစ္ နားလည္ထားၾကတဲ့အထိ ရင္းႏွီးကြၽမ္းဝင္သူ ျဖစ္ပါတယ္။

◼ေအာင္မ်ိဳးမင္းဒင္က ဘယ္သူပါလဲ

မင္းေအာင္လႈိင္ ရဲ႕ အက်ိဳးစီးပြားကို တိုက္႐ိုက္အဆုံးအျဖတ္ေပးေနရတဲ့ တာဝန္ကို ယူထားေပမဲ့ အင္မတန္မွ အေနအထိုင္ သိုသပ္ပါတယ္။

မထင္မရွားပုံစံနဲ႔သာေနေလ့ရွိၿပီး အေနအထိုင္ ေအးေပမဲ့ အမ်ားနဲ႔ဆက္ဆံေရးမွာ ညက္ေညာသိမ္ေမြ႕ၿပီး ဖ်တ္လတ္ျမန္ဆန္လွသူပါ။

ဓါတ္ပုံ႐ိုက္တာ ဝါသနာပါၿပီး ျမန္မာျပည္က ဓါတ္ပုံသတင္းေထာက္အမ်ားစုနဲ႔လည္း ရင္းႏွီးကြၽမ္းဝင္သူျဖစ္ပါတယ္။

အမည္မေဖာ္ႏိုင္တဲ့ လုပ္ငန္းႀကီးမ်ားစြာရွိတဲ့အနက္ Amazing Hotels Group, Adventure Myanmar Travel & Tours, Inno City Project တို႔က လူသိမ်ားၿပီး ၾကဴၾကဴလွ ရဲ႕ ရွယ္ယာေတြလည္း အမ်ားႀကီး ပါဝင္ပါတယ္။

ဇနီးျဖစ္သူက ေဒၚေအးေအးျမင့္ ျဖစ္ၿပီး သားသမီးႏွစ္ဦးရွိပါတယ္။ သမီးျဖစ္သူက ေအးသီတာမင္းဒင္ ျဖစ္ၿပီး သားျဖစ္သူက ဥကၠာမင္းဒင္ ျဖစ္ပါတယ္။

◼ဘယ္လိုရင္းႏွီးခဲ့ၾကသလဲ

ေအာင္မ်ိဳးမင္းဒင္က အထက္တန္းေက်ာင္းသားဘဝကတည္းက က်ဴရွင္ျပစားတဲ့ ၾကဴၾကဴလွဆီမွာ စာသင္ခဲ့ဖူးသူပါ။ ၾကဴၾကဴလွ နဲ႔လည္း ေမြးဖြားႀကီးျပင္းရာ ဇာတိခ်င္း တူၾကပါတယ္။

စီးပြားေရးေလာကကိုေတာ့ ခရီးသြားလုပ္ငန္းနဲ႔ ဝင္ေရာက္ခဲ့တာပါ။

ဒါေပမဲ့ ခရီးသြားလုပ္ငန္းမဖြံ႕ၿဖိဳးတဲ့ေခတ္မွာ အႀကီးအက်ယ္ထိပ္တန္းေရာက္လာတာက အေၾကာင္းရွိပါတယ္။

ႀကီးပြားေရး လမ္းစ ပြင့္ခဲ့ပုံကေတာ့ ဗိုလ္ခင္ၫြန႔္ရဲ႕ ေထာက္လွမ္းေရးတေခတ္မွာ လိုင္စင္မဲ့ ကားေတြကို သြင္းၿပီး အေရာင္းအဝယ္ လုပ္ရာက အစျပဳပါတယ္။

ခရီးသြားလုပ္ငန္းရွင္အမ်ားစုက ႏိုင္ငံျခားဧည့္သည္ေတြကို အႀကိဳအပို႔လုပ္ဖို႔အတြက္ သိန္းေထာင္ခ်ီတန္ ကားတစီးကိုေတာင္ မနည္းငွားရမ္းအသုံးျပဳေနရခ်ိန္မွာ ေအာင္မ်ိဳးမင္းဒင္းကေတာ့ လိုင္စင္မဲ့ကားေတြကို ေဖာေဖာသီသီအသုံးျပဳၿပီး ၿပိဳင္ဘက္လုပ္ငန္းေတြၾကားမွာ ယွဥ္ႏိုင္မယ့္သူမရွိဘဲ တရိပ္ရိပ္ ေအာင္ျမင္လာပါေတာ့တယ္။

နအဖ ေခတ္ကတည္းက စစ္တပ္နဲ႔ နီးနီးကပ္ကပ္ ပတ္သက္ခဲ့ၿပီး အင္းေလး၊ ပုဂံ၊ ေငြေဆာင္၊ ငပလီ၊ ေခ်ာင္းသာ အစရွိတဲ့ ခရီးသြားေဒသေတြမွာ ဟိုတယ္ႀကီးေတြ ဖြင့္လာႏိုင္တဲ့အထိ အင္အားႀကီးထြားလာပါတယ္။

မင္းေအာင္လႈိင္ တိုင္းမႉးဘဝမွာ သူပိုင္တဲ့ ငပလီက ဟိုတယ္ကို ခဏခဏလာလည္ရာက ပိုမိုရင္းႏွီးသြားခဲ့ၾကတာပါ။

အဲဒီေနာက္ မင္းေအာင္လႈိင္ရဲ႕ စီးပြားေရးအတြက္ အႀကံေပးရာကေန ကိုယ္တိုင္နာမည္ခံၿပီး စီမံေဆာင္႐ြက္ရသူအျဖစ္ လူယုံသဖြယ္ ျဖစ္လာပါတယ္။

အထူးသျဖင့္ က်ဴရွင္ဆရာမ ျဖစ္ခဲ့ဖူးသူ ၾကဴၾကဴလွ ရဲ႕ အခ်စ္ေတာ္အျဖစ္ ႏိုင္ငံျခားေစ်းဝယ္ထြက္တာကအစ မျဖစ္မေန တေကာက္ေကာက္လိုက္ရတဲ့အထိ အပါးေတာ္ၿမဲ ရပါေတာ့တယ္။

ဒါတင္ မကပါဘူး။

လက္ရွိမွာလည္း မအလ အိမ္ကို အခ်ိန္မေ႐ြး ဝင္ထြက္ႏိုင္တဲ့ မိသားစုဝင္လို အေရးပါသူတဦး ျဖစ္ပါတယ္။

သို႔ေပမဲ့ မင္းေအာင္လႈိင္ရဲ႕ မိသားစုဝင္လို ႏွစ္ေပါင္း(၂၅)ႏွစ္ေက်ာ္ ရွည္ၾကာခိုင္မာၿပီး အားေကာင္းလွတဲ့ သူတို႔ရဲ႕ ရင္းႏွီးပတ္သတ္မႈကို ေအာင္မ်ိဳးမင္းဒင္ က အၿမဲလွ်ိဳ႕ဝွက္ခ်င္သူပါ။

NLD အစိုးရ လက္ထက္မွာေတာ့ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းဥကၠဌ အျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။

◼သူေကာင္းျပဳပုံ

အေမရိကန္အစိုးရရဲ႕ စီးပြားေရးပိတ္ဆို႔ဒဏ္ခံအေရးယူမွာကို ေအာင္မ်ိဳးမင္းဒင္က ေၾကာက္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် သိုသိုသပ္သပ္ေနပါတယ္။

ဒါေပမဲ့ မေအာင္ျမင္ပါဘူး။ ျပႆနာက မင္းေအာင္လႈိင္ ပါပဲ။

ပုဂံမွာ ေအာင္ေျမနင္းေတာ့လည္း ေအာင္မ်ိဳးမင္းဒင္ ရဲ႕ ဟိုတယ္မွာ တည္းျပပါတယ္။

ဒါ့အျပင္ ေအာင္မ်ိဳးမင္းဒင္ရဲ႕ အမ ျဖစ္သူရဲ႕ ခင္ပြန္း ( ေယာက္ဖေတာ္စပ္သူ ) ကိုပါ GE တပ္မွာ ဗိုလ္ခ်ဳပ္အဆင့္ ရာထူး တိုးေပးၿပီး မင္းေအာင္လႈိင္က သူေကာင္းျပဳျပျပန္ပါတယ္။

၂၀၂၂ သၾကၤန္ပြဲေတာ္ကို ျပင္ဦးလြင္မွာ စီစဥ္က်င္းပေတာ့လဲ မင္းေအာင္လႈိင္က သူတို႔နဲ႔ အနီးဆုံး၊ အေနာက္ကပ္လ်က္မွာ သူ႔အတြက္ ေနရာစီစဥ္ေပးပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ေတြက မင္းေအာင္လႈိင္နဲ႔ ၾကဴၾကဴလွရဲ႕ အနီးကပ္ဆုံးလူအျဖစ္ ေအာင္မ်ိဳးမင္းဒင္ ကို အဓိက ႐ိုေသေလးစားျပရပါတယ္။

◼လက္ရွိမွာ ဘာေတြလုပ္ေနသလဲ

မင္းေအာင္လႈိင္ရဲ႕ စီးပြားေရးကို ဆက္လက္အႀကံေပးဦးေဆာင္ေနၿပီး စကစအဖြဲ႕အတြက္ အဓိက ေဒါက္တိုင္ ေနရာက က်ားကန္ေဆာင္႐ြက္လ်က္ရွိပါတယ္။

ပိုၿပီး တာဝန္ေက်ပြန္ေနတာက ၾကဴၾကဴလွ ရဲ႕ အခ်စ္ေတာ္ေလးအျဖစ္ သြားေလရာ တေကာက္ေကာက္လိုက္ေနရတာပဲ။

crd

Leave a Reply

Your email address will not be published.