Unicode
အင်းစိန်အကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသား ၃ဦးကို ထပ်မံစီရင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က DNA ကို ပြောပါတယ်။




“အခုက သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားက ရာနဲ့ချီပြီးရှိတယ်။နောက်ဆက်တွဲဘယ်နှစ်ယောက်ကိုစီရင်လဲဆိုတာတော့ အတိအ ကျမသိဘူး။ထောင်ဖရဲသီးတွေဆီက သတင်းစုံစမ်းနေတယ်။အနည်းဆုံး သုံးယောက်ကိုရှင်းလိုက်ပြီလို့တော့ သိရတယ်”လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။




အဲ့ဒီ နိုင်ငံရေးအကျဥ်းသား ၃ဦးကို ဇူလိုင် ၂၃ရက်က အင်းစိန်အကျဥ်းထောင်မှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို အကျဥ်းထောင်အာဏာပိုင်တွေက စီရင်ခဲ့ပြီးနောက်မှာ ထပ်မံစီရင်ခဲ့တာလို့လည်း ဆိုပါတယ်။




အခုလို နိုင်ငံရေးအကျဥ်းသားတွေအပေါ် သေဒဏ် ချမှတ်စီရင်ခဲ့တဲ့အတွက် ဇူလိုင် ၂၅ရက်မှာအကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသားတွေက ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နှင်းတာ၊ဦးဆောင်သူတွေကို ဝိုင်းရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တာ ကြောင့် တချို့အကျဥ်းသားတွေဆိုရင် အပြင်းအ ထန်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့လည်း နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။




လက်ရှိAAPPရဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူဦးရေဟာ ၇၂ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၁ဦး၊စုစုပေါင်းသေဒဏ်၁၁၃ဦးချမှတ်ခံထားရတယ်လို့ သိရပါတယ်။
crd
this is test




Zawgyi
အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္အာဏာပိုင္ေတြက ႏိုင္ငံေရးအက်ဥ္းသား ၃ဦးကို ထပ္မံစီရင္ခဲ့တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးထြန္းၾကည္က DNA ကို ေျပာပါတယ္။




“အခုက ေသဒဏ္ခ်မွတ္ခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသားက ရာနဲ႔ခ်ီၿပီးရွိတယ္။ေနာက္ဆက္တြဲဘယ္ႏွစ္ေယာက္ကိုစီရင္လဲဆိုတာေတာ့ အတိအ က်မသိဘူး။ေထာင္ဖရဲသီးေတြဆီက သတင္းစုံစမ္းေနတယ္။အနည္းဆုံး သုံးေယာက္ကိုရွင္းလိုက္ၿပီလို႔ေတာ့ သိရတယ္”လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးထြန္းၾကည္က ေျပာပါတယ္။




အဲ့ဒီ ႏိုင္ငံေရးအက်ဥ္းသား ၃ဦးကို ဇူလိုင္ ၂၃ရက္က အင္းစိန္အက်ဥ္းေထာင္မွာ ကိုဂ်င္မီ၊ကိုၿဖိဳးေဇယ်ာေသာ္၊ကိုလွမ်ိဳးေအာင္၊ကိုေအာင္သူရေဇာ္တို႔ကို အက်ဥ္းေထာင္အာဏာပိုင္ေတြက စီရင္ခဲ့ၿပီးေနာက္မွာ ထပ္မံစီရင္ခဲ့တာလို႔လည္း ဆိုပါတယ္။




အခုလို ႏိုင္ငံေရးအက်ဥ္းသားေတြအေပၚ ေသဒဏ္ ခ်မွတ္စီရင္ခဲ့တဲ့အတြက္ ဇူလိုင္ ၂၅ရက္မွာအက်ဥ္းေထာင္အသီးသီးမွာရွိတဲ့ အက်ဥ္းသားေတြက ဆႏၵျပမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္ ေထာင္အာဏာပိုင္ေတြက ပစ္ခတ္ႏွိမ္ႏွင္းတာ၊ဦးေဆာင္သူေတြကို ဝိုင္း႐ိုက္ႏွက္တာေတြ လုပ္ေဆာင္ခဲ့တာ ေၾကာင့္ တခ်ိဳ႕အက်ဥ္းသားေတြဆိုရင္ အျပင္းအ ထန္ဒဏ္ရာရရွိမႈေတြရွိခဲ့တယ္လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးထြန္းၾကည္က ေျပာပါတယ္။




လက္ရွိAAPPရဲ႕ စာရင္းေတြအရ ေသဒဏ္ခ်မွတ္ခံထားရသူဦးေရဟာ ၇၂ဦးရွိၿပီး မ်က္ကြယ္ေသဒဏ္ခ်မွတ္ခံထားရသူ ၄၁ဦး၊စုစုေပါင္းေသဒဏ္၁၁၃ဦးခ်မွတ္ခံထားရတယ္လို႔ သိရပါတယ္။
crd