တောင်ငူတွင် ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်သူ ပစ်သတ်ခံရ

News

Unicode
နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့ (ဇူလိုင် ၂၆) တွင် ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်သူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်နေသူ လင်းယုန်ကြီး (ခ) အောင်ဇော်ဦးဆိုသူမှာ ကေတုမတီမြို့ သစ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ကားဖြင့် ပြန်လာသည့် ၎င်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က တောင်ငူမြို့အနောက်ဘက် လဲဘူးကျေးရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင်က ဆိုသည်။​

“ပထမဆုံး နှစ်ချက် ပစ်လိုက်တယ်။ ဒီကောင်က မေ့ပြီး လီဗာကို နင်းလိုက်တဲ့အချိန် ကားက သစ်ပင်ကို ဝင်တိုက်ပြီး မြောင်းထဲ ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ မသေချာမှာစိုးလို့ တစ်ချက် ထပ်ပစ်လိုက်တယ်” ဟု ထို PDF အဖွဲ့ဝင်က ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဦးအောင်ဇော်ဦးမှာ လေတပ်မှ အငြိမ်းစားယူထားသူဖြစ်ကြောင်း၊​ ဆက်ကြေးကောက်ခံ၍ မိုက်ကြေးခွဲနေသူဖြစ်ကာ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။​

အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

hihihihihihihihihi

this is test

ပျူစောထီးအဖွဲ့ကို ၎င်းတို့ဖွဲ့စည်းပေးထားခြင်း မရှိကြောင်း ယမန်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။​

စစ်တပ်က ဆန့်ကျင်တော်လှန်သူများကို လိုက်လံနှိမ်နင်းရာတွင် ၎င်းတို့ကို ထောက်ခံသူများကို အရပ်ဝတ်ဖြင့် လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ်အမည်ခံ ဖွဲ့စည်းထားသူများကို ပျူစောထီးဟု ခေါ်ဝေါ်လေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်သည်ကို လက်တုံ့ပြန်သောအားဖြင့် တောင်ငူရှိ ပျူစောထီးခေါင်းဆောင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း PDF အဖွဲ့က ပြောသည်။

“ဒီကောင်တွေရဲ့လုပ်ရပ်က မတရားမှုကို ဆိုးဆိုးရွားရွား ဖြစ်လာတယ်ဗျ။ သူတို့ ကိုယ်ပိုင်ဥပဒေနဲ့ လုပ်ချသွားတယ်။ သေဒဏ်အမိန့်ပေးတာတို့ ထောင်ဒဏ်ချတာတို့ ဒါတွေကတော့ မတရားမှုတွေပေါ့”

ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်သည်။

ယမန်နေ့က တောင်ငူတွင် ဒလန်ဟု နာမည်ထွက်သူတစ်ဦး အသတ်ခံရသည်ကို ကြားရကြောင်း၊ ယမန်နေ့ ညပိုင်းအထိ စစ်တပ်က အချို့နေရာများတွင် လိုက်လံရှာဖွေနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“မနေ့က ဒလန်လင်းယုန်ကြီး အသတ်ခံရတယ်။ ညက တချို့နေရာတွေ လိုက်ရှာကြတယ်။ ဒီမနက်ကတော့ တစ်မြို့လုံး ပတ်ကြည့်ပြီးပြီ။ ပုံမှန်ပါပဲ” ဟု တောင်ငူမြို့ခံက ပြောသည်။

နိုင်ငံတကာက အပြင်းအထန် ဖိအားပေး တိုက်တွန်းနေသည့်ကြားမှ လက်တွေ့သေဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် နိုင်ငံတကာရှိ အစိုးရများနှင့် အဖွဲ့အစည်းများက ရှုတ်ချထားသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ပြီးနောက် ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်တို့တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကာ မြို့ပြပြောက်ကျားအဖွဲ့များကလည်း လက်တုံ့ပြန်တိုက်ခိုက်ခြင်းများ ပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
crd

Zawgyi

ႏိုင္ငံေရးအက်ဥ္းသားမ်ားကို စစ္ေကာင္စီက ႀကိဳးမိန႔္ေပးကြပ္မ်က္မႈအေပၚ လက္တုံ႔ျပန္သည့္အေနျဖင့္ ယမန္ေန႔ (ဇူလိုင္ ၂၆) တြင္ ပ်ဴေစာထီးေခါင္းေဆာင္ဟု အမည္ထြက္သူတစ္ဦးကို ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ပ်ဴေစာထီးေခါင္းေဆာင္ဟု အမည္ထြက္ေနသူ လင္းယုန္ႀကီး (ခ) ေအာင္ေဇာ္ဦးဆိုသူမွာ ေကတုမတီၿမိဳ႕ သစ္၊ တပင္ေ႐ႊထီးရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း၊ ကားျဖင့္ ျပန္လာသည့္ ၎ကို ယမန္ေန႔ မြန္းတည့္ ၁၂ နာရီေက်ာ္ခန္႔က ေတာင္ငူၿမိဳ႕အေနာက္ဘက္ လဲဘူးေက်း႐ြာအနီးတြင္ ပစ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း PDF အဖြဲ႕ဝင္က ဆိုသည္။​

“ပထမဆုံး ႏွစ္ခ်က္ ပစ္လိုက္တယ္။ ဒီေကာင္က ေမ့ၿပီး လီဗာကို နင္းလိုက္တဲ့အခ်ိန္ ကားက သစ္ပင္ကို ဝင္တိုက္ၿပီး ေျမာင္းထဲ ျပဳတ္က်သြားတယ္။ အဲဒီအခ်ိန္မွာ မေသခ်ာမွာစိုးလို႔ တစ္ခ်က္ ထပ္ပစ္လိုက္တယ္” ဟု ထို PDF အဖြဲ႕ဝင္က ေျပာသည္။

အသက္ ၅၀ ေက်ာ္အ႐ြယ္ ဦးေအာင္ေဇာ္ဦးမွာ ေလတပ္မွ အၿငိမ္းစားယူထားသူျဖစ္ေၾကာင္း၊​ ဆက္ေၾကးေကာက္ခံ၍ မိုက္ေၾကးခြဲေနသူျဖစ္ကာ ေတာင္ငူအေျခစိုက္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၏ လူယုံတစ္ဦးလည္းျဖစ္ေၾကာင္း သိရသည္။​

အထက္ပါ အခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေပ။

ပ်ဴေစာထီးအဖြဲ႕ကို ၎တို႔ဖြဲ႕စည္းေပးထားျခင္း မရွိေၾကာင္း ယမန္ေန႔က ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲတြင္ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆိုသည္။​

စစ္တပ္က ဆန္႔က်င္ေတာ္လွန္သူမ်ားကို လိုက္လံႏွိမ္နင္းရာတြင္ ၎တို႔ကို ေထာက္ခံသူမ်ားကို အရပ္ဝတ္ျဖင့္ လက္နက္တပ္ဆင္ေပးကာ ျပည္သူ႔စစ္အမည္ခံ ဖြဲ႕စည္းထားသူမ်ားကို ပ်ဴေစာထီးဟု ေခၚေဝၚေလ့ရွိသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ားကို စစ္ေကာင္စီက ႀကိဳးမိန္႔ေပးကြပ္မ်က္သည္ကို လက္တုံ႔ျပန္ေသာအားျဖင့္ ေတာင္ငူရွိ ပ်ဴေစာထီးေခါင္းေဆာင္ကို ရွင္းလင္းျခင္းျဖစ္ေၾကာင္းလည္း PDF အဖြဲ႕က ေျပာသည္။

“ဒီေကာင္ေတြရဲ႕လုပ္ရပ္က မတရားမႈကို ဆိုးဆိုး႐ြား႐ြား ျဖစ္လာတယ္ဗ်။ သူတို႔ ကိုယ္ပိုင္ဥပေဒနဲ႔ လုပ္ခ်သြားတယ္။ ေသဒဏ္အမိန္႔ေပးတာတို႔ ေထာင္ဒဏ္ခ်တာတို႔ ဒါေတြကေတာ့ မတရားမႈေတြေပါ့”

ထင္ရွားသည့္ ႏိုင္ငံေရးသမားတစ္ဦးျဖစ္သည့္ ဦးဂ်င္မီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးျဖစ္သည့္ ဦးၿဖိဳးေဇယ်ာေသာ္ႏွင့္ အျခားႏိုင္ငံေရးအက်ဥ္းသားႏွစ္ဦးကို ေသဒဏ္စီရင္ၿပီးျဖစ္ေၾကာင္း စစ္ေကာင္စီက ဇူလိုင္ ၂၅ တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတစ္ဆင့္ ထုတ္ျပန္သည္။

ယမန္ေန႔က ေတာင္ငူတြင္ ဒလန္ဟု နာမည္ထြက္သူတစ္ဦး အသတ္ခံရသည္ကို ၾကားရေၾကာင္း၊ ယမန္ေန႔ ညပိုင္းအထိ စစ္တပ္က အခ်ိဳ႕ေနရာမ်ားတြင္ လိုက္လံရွာေဖြေနေၾကာင္း ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“မေန႔က ဒလန္လင္းယုန္ႀကီး အသတ္ခံရတယ္။ ညက တခ်ိဳ႕ေနရာေတြ လိုက္ရွာၾကတယ္။ ဒီမနက္ကေတာ့ တစ္ၿမိဳ႕လုံး ပတ္ၾကည့္ၿပီးၿပီ။ ပုံမွန္ပါပဲ” ဟု ေတာင္ငူၿမိဳ႕ခံက ေျပာသည္။

ႏိုင္ငံတကာက အျပင္းအထန္ ဖိအားေပး တိုက္တြန္းေနသည့္ၾကားမွ လက္ေတြ႕ေသဒဏ္စီရင္သည့္ စစ္ေကာင္စီ၏ လုပ္ရပ္အေပၚ ႏိုင္ငံတကာရွိ အစိုးရမ်ားႏွင့္ အဖြဲ႕အစည္းမ်ားက ရႈတ္ခ်ထားသည္။

စစ္ေကာင္စီက ႏိုင္ငံေရးအက်ဥ္းသားေလးဦးကို ေသဒဏ္စီရင္ၿပီးေနာက္ ရန္ကုန္ အင္းစိန္ေထာင္ႏွင့္ မႏၲေလး အိုးဘိုေထာင္တို႔တြင္ မၿငိမ္မသက္မႈမ်ား ျဖစ္ေပၚခဲ့ကာ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ားကလည္း လက္တုံ႔ျပန္တိုက္ခိုက္ျခင္းမ်ား ျပဳလုပ္မည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။
crd

Leave a Reply

Your email address will not be published.