ဝင်ငွေရှိပြီး ပိုက်ဆံလက်ထဲမရှိသူများအတွက် ပိုက်ဆံစုနည်းဗျူဟာ

Knowledge

ဝင်ငွေရှိပြီး ပိုက်ဆံလက်ထဲမရှိသူများအတွက် ပိုက်ဆံစုနည်းဗျူဟာ

ပိုက်ဆံစုတယ်ဆိုတာရည်မှန်းချက်တစ်ခုထားပြီးရေရှည်တည်ဆောက်ထားသင့်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ငွေကြေးအောင်မြင်မှုမှာပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက်ဘယ်လောက်စုနိုင်တယ်ဆိုတာကပိုအရေးကြီးပါတယ်။

လူတွေကမဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီးအကြွေးယူတတ်ကြတယ်။ ဒါကအဓိကမှားယွင်းနေတဲ့အချက်ပဲ။ကျွန်တော်တို့တွေပိုက်ဆံစုနေတဲ့အချိန်မှာဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

တစ်ဆင့်ချင်းစုနည်း

ဒီနည်းလမ်းကတော့ သီတင်းပတ်တစ်ပတ်ချင်းစီ ပိုက်ဆံစုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို သီတင်းပတ် ၅၂ ပတ်ရှိတော့ ၅၂ ခါ စုရမှာပေါ့။ ပထမဆုံး စစုတဲ့အပတ်မှာ ၅၀၀ ဒါမှမဟုတ် ၁၀၀၀ နဲ့ စတင်နိုင်ပါတယ်။ဒါပေမဲ့ တစ်ပတ်ထက် တစ်ပတ် ဆတိုးစုသွားရမှာဖြစ်ပါတယ်။

hihihihihihihihihi

this is test

ပထမဆုံး အပတ်မှာ ၁၀၀၀ စုရင် နောက်တစ်ပတ် ၂၀၀၀၊ နောက်တစ်ပတ်ကျ ၃၀၀၀ အစရှိသလို ဆတိုး တိုးသွားရမှာပါ။အဲဒီလိုဆိုရင် တစ်နှစ်ကုန်တာနဲ့ ၁၃၇၈၀၀၀ စုမိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပိုက်ဆံမသုံးဘဲ ပုံမှန်စုသွားမှအဆင်ပြေမှာပါ။တကယ်လို့ အပတ်တိုင်းပိုက်ဆံမစုနိုင်ဘူးဆိုရင်လည်း စုမယ့်ပိုက်ဆံ ပမာဏကိုတိုးပြီး လတိုင်းစုသွားတာမျိုးလုပ်နိုင်ပါတယ်။

သုံးပြီးမှ မစုလေနဲ့

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာလိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။

သုံးတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းအလိုက် ပြန်စုတာ

ဒီနည်းလမ်းကတော့ ပိုက်ဆံ စုမိစေရုံတင်မကဘဲကိုယ့်ရဲ့ အသုံးစရိတ် ဘယ်လောက်ရှိလဲဆိုတဲ့အချက်ကိုပါ တိတိကျကျသိစေနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ်ဝယ်ယူမယ့်ပစ္စည်းတစ်ခုခု ဒါမှမဟုတ်ကိုယ့်စားမယ့်စားစရာတစ်ခုခုရဲ့ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင်နှုန်း)ကိုစုထားဖို့ပါပဲ။

ဥပမာ ၃၀၀၀၀ တန်လက်ဆွဲအိတ်တစ်လုံး ဝယ်ပြီဆိုတာနဲ့ ၃၀၀၀၀ ရဲ့ ၁၀ ပုံ၊ ၁ ပုံဖြစ်တဲ့ ငွေ ၃၀၀၀ စုဖို့ပါပဲ။အဲဒီနည်းလမ်းအရ တစ်လကို တစ်သိန်း သုံးတယ်ဆိုရင်တစ်နှစ်ကို ၁၂၀၀၀၀ စုမိမှာပါ။

တကယ်လို့ စုမိတဲ့ငွေကနည်းတယ်လို့ထင်ရင်တော့ ပိုက်ဆံစုတဲ့ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း တိုးတာမျိုး လုပ်နိုင်ပါတယ်။ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ်ဝယ်မယ်ဆိုရင် ၆၀၀၀(၂၀ ရာခိုင်နှုန်း)၊ ၉၀၀၀(၃၀ ရာခိုင်နှုန်း)စုနိုင်ပါတယ်။အဲဒါဆိုရင်တော့ပိုက်ဆံပိုစုမိမှာပါ။

မကောင်းတဲ့အကျင့်အလိုက် ပိုက်ဆံစုမယ်

ခေါင်းစဉ်ဖတ်လိုက်ရင် နည်းနည်းရှုပ်သွားနိုင်ပါတယ်။တကယ်တော့မကောင်းတဲ့အကျင့် များလေလေ ပိုက်ဆံစုမိလေလေ ဖြစ်အောင် (ကိုယ့်စိတ်ကိုယ်ထိန်း)လုပ်တဲ့နည်းလမ်းပါပဲ။

တကယ်လို့ စာဖတ်သူက အလုပ်အမြဲနောက်ကျတတ်တယ်၊ ဒါမှမဟုတ်အိပ်ယာထတာအမြဲနောက်ကျတယ်ဆိုရင် အဲဒီဖြစ်ရပ် တစ်ခုချင်းစီအတွက်ပိုက်ဆံစုရမှာပါ။တစ်ခါအိပ်ယာထနောက်ကျရင် ၁၀၀၀ ဒါမှမဟုတ် ၂၀၀၀၊ ၃၀၀၀ စုရမှာပါ။ စစချင်းမှာ ပိုက်ဆံနည်းနည်းနဲ့ စစုလို့ရပေမယ့်နောက်ပိုင်းမှာ စုတဲ့ပိုက်ဆံပမာဏကိုမလျှော့မိဖို့တော့လိုပါတယ်။

ဒီနည်းလမ်းအရ မကောင်းတဲ့အကျင့်တွေကိုသတိပြုမိပြီးသားဖြစ်သွားသလို မကောင်းတဲ့အကျင့်တွေ မပြင်နိုင်သေးခင်ပိုက်ဆံစုမိပြီးသားလည်းဖြစ်သွားမှာပါ။အလုပ်နောက်ကျတိုင်းပိုက်ဆံ ၁၀၀၀ စုမယ်ဆိုရင် တစ်နှစ်အတွင်းအလုပ်နောက်ကျတဲ့အကြိမ်(၅၀)ရှိမယ်ဆိုရင် ၅၀၀၀၀စုမိပြီးသားဖြစ်သွားမှာပါ။

ငွေစုတဲ့နေရာမှာအလေ့အကျင့်ဖြစ်အောင်လုပ်ပြီးရင်ဆက်တိုက်စုဖြစ်အောင်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ရည်မှန်းချက်ပန်းတိုင်သတ်သတ်မှတ်မှတ်ထားပြီးစုတဲ့နည်းပဲဖြစ်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်အနေနဲ့အရေးပေါ်အခြေအနေမှာသုံးဖို့၊ နောင်တစ်ချိန်မှာလုပ်ငန်းတစ်ခုခုစဖို့မတည်ငွေရင်းအတွက် ဒါမှမဟုတ်အိမ်တစ်လုံးဝယ်ဖို့စသည်အားဖြင့်အမျိုးမျိုးသတ်မှတ်နိုင်ပါတယ်။

ဒီလိုရည်မှန်းချက်ပန်းတိုင်ရှင်းရှင်းလင်းလင်းသတ်မှတ်ထားခြင်းအားဖြင့်ပုံမှန်စုဖို့စိတ်ခွန်အားတွေလည်းရရှိနေပါလိမ့်မယ်။

Credit

ဝင္ေငြရွိၿပီး ပိုက္ဆံလက္ထဲမရွိသူမ်ားအတြက္ ပိုက္ဆံစုနည္းဗ်ဴဟာ

ပိုက္ဆံစုတယ္ဆိုတာရည္မွန္းခ်က္တစ္ခုထားၿပီးေရရွည္တည္ေဆာက္ထားသင့္တဲ့အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ေငြေၾကးေအာင္ျမင္မႈမွာပိုက္ဆံဘယ္ေလာက္ဝင္တယ္ဆိုတာထက္ဘယ္ေလာက္စုႏိုင္တယ္ဆိုတာကပိုအေရးႀကီးပါတယ္။

လူေတြကမဝင္ေသးတဲ့ပိုက္ဆံကို ေမွ်ာ္ကိုးၿပီးအေႂကြးယူတတ္ၾကတယ္။ ဒါကအဓိကမွားယြင္းေနတဲ့အခ်က္ပဲ။ကြၽန္ေတာ္တို႔ေတြပိုက္ဆံစုေနတဲ့အခ်ိန္မွာဘယ္လိုဗ်ဴဟာေတြ သုံးရမလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။

တစ္ဆင့္ခ်င္းစုနည္း

ဒီနည္းလမ္းကေတာ့ သီတင္းပတ္တစ္ပတ္ခ်င္းစီ ပိုက္ဆံစုရမွာ ျဖစ္ပါတယ္။ တစ္ႏွစ္ကို သီတင္းပတ္ ၅၂ ပတ္ရွိေတာ့ ၅၂ ခါ စုရမွာေပါ့။ ပထမဆုံး စစုတဲ့အပတ္မွာ ၅၀၀ ဒါမွမဟုတ္ ၁၀၀၀ နဲ႔ စတင္ႏိုင္ပါတယ္။ဒါေပမဲ့ တစ္ပတ္ထက္ တစ္ပတ္ ဆတိုးစုသြားရမွာျဖစ္ပါတယ္။

ပထမဆုံး အပတ္မွာ ၁၀၀၀ စုရင္ ေနာက္တစ္ပတ္ ၂၀၀၀၊ ေနာက္တစ္ပတ္က် ၃၀၀၀ အစရွိသလို ဆတိုး တိုးသြားရမွာပါ။အဲဒီလိုဆိုရင္ တစ္ႏွစ္ကုန္တာနဲ႔ ၁၃၇၈၀၀၀ စုမိမွာျဖစ္ပါတယ္။ ဒီနည္းလမ္းကေတာ့ ပိုက္ဆံမသုံးဘဲ ပုံမွန္စုသြားမွအဆင္ေျပမွာပါ။တကယ္လို႔ အပတ္တိုင္းပိုက္ဆံမစုႏိုင္ဘူးဆိုရင္လည္း စုမယ့္ပိုက္ဆံ ပမာဏကိုတိုးၿပီး လတိုင္းစုသြားတာမ်ိဳးလုပ္ႏိုင္ပါတယ္။

သုံးၿပီးမွ မစုေလနဲ႔

လစာထုတ္တာနဲ႔ လိုခ်င္တဲ့ပစၥည္းေတြကို ဝယ္ၿပီးမွ ပိုက္ဆံစုတတ္ၾကတယ္။ တကယ္တမ္းေတာ့ လစဥ္စုေဆာင္းမယ့္ ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာလိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ပိုက္ဆံကို သီးသန္႔ခ်န္ထားသင့္ပါတယ္။

သုံးတဲ့ပိုက္ဆံရဲ႕ ရာခိုင္ႏႈန္းအလိုက္ ျပန္စုတာ

ဒီနည္းလမ္းကေတာ့ ပိုက္ဆံ စုမိေစ႐ုံတင္မကဘဲကိုယ့္ရဲ႕ အသုံးစရိတ္ ဘယ္ေလာက္ရွိလဲဆိုတဲ့အခ်က္ကိုပါ တိတိက်က်သိေစႏိုင္မွာျဖစ္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ကိုယ္ဝယ္ယူမယ့္ပစၥည္းတစ္ခုခု ဒါမွမဟုတ္ကိုယ့္စားမယ့္စားစရာတစ္ခုခုရဲ႕ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင္ႏႈန္း)ကိုစုထားဖို႔ပါပဲ။

ဥပမာ ၃၀၀၀၀ တန္လက္ဆြဲအိတ္တစ္လုံး ဝယ္ၿပီဆိုတာနဲ႔ ၃၀၀၀၀ ရဲ႕ ၁၀ ပုံ၊ ၁ ပုံျဖစ္တဲ့ ေငြ ၃၀၀၀ စုဖို႔ပါပဲ။အဲဒီနည္းလမ္းအရ တစ္လကို တစ္သိန္း သုံးတယ္ဆိုရင္တစ္ႏွစ္ကို ၁၂၀၀၀၀ စုမိမွာပါ။

တကယ္လို႔ စုမိတဲ့ေငြကနည္းတယ္လို႔ထင္ရင္ေတာ့ ပိုက္ဆံစုတဲ့ရာခိုင္ႏႈန္းကို ၂၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္း တိုးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ဥပမာ ၃၀၀၀၀ တန္ လက္ဆြဲအိတ္ဝယ္မယ္ဆိုရင္ ၆၀၀၀(၂၀ ရာခိုင္ႏႈန္း)၊ ၉၀၀၀(၃၀ ရာခိုင္ႏႈန္း)စုႏိုင္ပါတယ္။အဲဒါဆိုရင္ေတာ့ပိုက္ဆံပိုစုမိမွာပါ။

မေကာင္းတဲ့အက်င့္အလိုက္ ပိုက္ဆံစုမယ္

ေခါင္းစဥ္ဖတ္လိုက္ရင္ နည္းနည္းရႈပ္သြားႏိုင္ပါတယ္။တကယ္ေတာ့မေကာင္းတဲ့အက်င့္ မ်ားေလေလ ပိုက္ဆံစုမိေလေလ ျဖစ္ေအာင္ (ကိုယ့္စိတ္ကိုယ္ထိန္း)လုပ္တဲ့နည္းလမ္းပါပဲ။

တကယ္လို႔ စာဖတ္သူက အလုပ္အၿမဲေနာက္က်တတ္တယ္၊ ဒါမွမဟုတ္အိပ္ယာထတာအၿမဲေနာက္က်တယ္ဆိုရင္ အဲဒီျဖစ္ရပ္ တစ္ခုခ်င္းစီအတြက္ပိုက္ဆံစုရမွာပါ။တစ္ခါအိပ္ယာထေနာက္က်ရင္ ၁၀၀၀ ဒါမွမဟုတ္ ၂၀၀၀၊ ၃၀၀၀ စုရမွာပါ။ စစခ်င္းမွာ ပိုက္ဆံနည္းနည္းနဲ႔ စစုလို႔ရေပမယ့္ေနာက္ပိုင္းမွာ စုတဲ့ပိုက္ဆံပမာဏကိုမေလွ်ာ့မိဖို႔ေတာ့လိုပါတယ္။

ဒီနည္းလမ္းအရ မေကာင္းတဲ့အက်င့္ေတြကိုသတိျပဳမိၿပီးသားျဖစ္သြားသလို မေကာင္းတဲ့အက်င့္ေတြ မျပင္ႏိုင္ေသးခင္ပိုက္ဆံစုမိၿပီးသားလည္းျဖစ္သြားမွာပါ။အလုပ္ေနာက္က်တိုင္းပိုက္ဆံ ၁၀၀၀ စုမယ္ဆိုရင္ တစ္ႏွစ္အတြင္းအလုပ္ေနာက္က်တဲ့အႀကိမ္(၅၀)ရွိမယ္ဆိုရင္ ၅၀၀၀၀စုမိၿပီးသားျဖစ္သြားမွာပါ။

ေငြစုတဲ့ေနရာမွာအေလ့အက်င့္ျဖစ္ေအာင္လုပ္ၿပီးရင္ဆက္တိုက္စုျဖစ္ေအာင္ေနာက္ထပ္အေရးႀကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ရည္မွန္းခ်က္ပန္းတိုင္သတ္သတ္မွတ္မွတ္ထားၿပီးစုတဲ့နည္းပဲျဖစ္ပါတယ္။

ရည္မွန္းခ်က္ပန္းတိုင္အေနနဲ႔အေရးေပၚအေျခအေနမွာသုံးဖို႔၊ ေနာင္တစ္ခ်ိန္မွာလုပ္ငန္းတစ္ခုခုစဖို႔မတည္ေငြရင္းအတြက္ ဒါမွမဟုတ္အိမ္တစ္လုံးဝယ္ဖို႔စသည္အားျဖင့္အမ်ိဳးမ်ိဳးသတ္မွတ္ႏိုင္ပါတယ္။

ဒီလိုရည္မွန္းခ်က္ပန္းတိုင္ရွင္းရွင္းလင္းလင္းသတ္မွတ္ထားျခင္းအားျဖင့္ပုံမွန္စုဖို႔စိတ္ခြန္အားေတြလည္းရရွိေနပါလိမ့္မယ္။

Credit

Leave a Reply

Your email address will not be published.