မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို PDF စခန်းရှိသည်ဟုဆိုကာ စစ်ရဟတ်ယာဉ်များဖြင့် ပ-စ်ခ-တ်

News

မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး PDF စခန်းရှိသည်ဟုဆိုကာ စစ်အင်အား အများအပြား လေကြောင်းဖြင့် ချထား၊ ပြည်သူတချို့ ဖမ်းဆီးခံထားရပြီး အမြောက်အမြား ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်လျက်ရှိပြီး PDF စခန်းရှိသည်ဟုဆိုကာ လေကြောင်းဖြင့် စစ်သား အများအပြားချထားသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စစ်တပ်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် မူးမန္တလေးကျေးရွာကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၊ စစ်သားများကိုလည်း အခြားရဟတ်ယာဉ် ၂ စီးဖြင့် ချထားကြောင်း သိရှိရသည်။

“အခု မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို ရဟတ်ယာဉ်နှစ်စီးနဲ့ပစ်တယ်။ PDF စခန်းရှိတယ်ဆိုပြီး လာတိုက်တာ။ ရွာကလူတွေအကုန်ပြေးနေရတယ်။ စစ်ကိုင်း ဆားတောင်မြို့နဲ့ မြင်းမူက မူးမြစ်ပဲခြားတာ။ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်းပေါ့။ အဲဒါ မူးမြစ်ဟိုဘက်ကမ်း ဆားတောင်မြို့ဘက်က ညောင်ပင်ရှည်၊ တလိုင်းကျွန်း၊ မူးသားရွာတွေလည်း ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

hihihihihihihihihi

this is test

အကြမ်းဖက်စစ်တပ်က အဓိက ထား ပစ်ခတ်တိုက်ခိုက်နေသည့် မူးမန္တလေးကျေးရွာသည် တောင်ရွာနှင့်မြောက်ရွာ ဟူ၍ နှစ်ရွာပေါင်းစည်းထားခြင်းဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း၊ မူးမန္တလေး ကျေးရွာအနီးပတ်ဝန်းကျင်မှ ကျေး ရွာအားလုံးလည်း နေအိမ်များ စွန့်ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့လည်း “မြင်းမူ၊စစ်ကိုင်း နယ်စပ် ၊ မူးမန္တလေးကျောက်ဖျာရွာကို စစ်ရဟတ်ယဥ်နှင့် ပစ်ခတ်နေကြောင်း၊ ၊ မူးမန္တလေးဘက်တွင် ရဟတ်ယဥ်ဖြင့် စစ်သားများ ချထားကြောင်း” ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကိုင်းမြိုနယ်နှင့် မြင်းမူမြို့နယ်အတွင်းရှိ မူးမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းရော၊လေယာဉ်စစ်ကြောင်းပါ အသုံးပြုပြီးယနေ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရသည့်ကျေးရွာများတွင် မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ မူးသာ၊ တလိုင်းကျွန်း စသည့်ကျေးရွာများပါဝင်ကြောင်း သိရှိရသည်။

“ဘာတွေ သတင်းရထားလို့မှန်းမသိဘူး ။ စစ်ကောင်စီကတော့ မနက်(၉)နာရီကျော်က စတင်ပြီး ရဟတ်ယာဉ် ၅ စင်းနဲ့ ထင်တိုင်းကျဲ ပစ်ခတ်နေတယ်။ ပိတ်မိသူတွေလည်းရှိတယ်။ ဘာတွေဖြစ်လို့ ဘာတွေဖြစ်မလဲတော့ လောလောဆယ်မသိရနိုင်သေးဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။

ကျေးရွာများကို စစ်ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ရာတွင် ၃စီးက ပစ်ခတ်ပြီး ကျန် ၂ စီးက မြေပြင်တွင် အင်အားချကြောင်း သိရှိရသည်။

“မြေပြင်စစ်ကြောင်းကတော့ မြင်းမူမြို့နယ် ကံပြားကျေးရွာကနေ ဝင်လာတဲစစ်ကြောင်းရယ်၊လေယာဉ်ကတော့ ရွှေဘိုနဲ့ မုံးရွာဘက်ကနေလာပြီးပစ်ခတ်တာ” ဟု မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။
crd

ျမင္းမူၿမိဳ႕နယ္၊ မူးမႏၲေလးေက်း႐ြာကို စစ္ရဟတ္ယာဥ္မ်ားျဖင့္ ပစ္ခတ္ၿပီး PDF စခန္းရွိသည္ဟုဆိုကာ စစ္အင္အား အမ်ားအျပား ေလေၾကာင္းျဖင့္ ခ်ထား၊ ျပည္သူတခ်ိဳ႕ ဖမ္းဆီးခံထားရၿပီး အေျမာက္အျမား ထြက္ေျပးေနရ

ရန္ကုန္၊ ဇူလိုင္ ၂၇

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၊ မူးမႏၲေလးေက်း႐ြာကို အၾကမ္းဖက္စစ္တပ္က ရဟတ္ယာဥ္ ၂ စီးျဖင့္ ယေန႔ နံနက္ပိုင္းတြင္ ပစ္ခတ္လ်က္ရွိၿပီး PDF စခန္းရွိသည္ဟုဆိုကာ ေလေၾကာင္းျဖင့္ စစ္သား အမ်ားအျပားခ်ထားသျဖင့္ ျပည္သူမ်ား ထြက္ေျပးေနရေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဇူလိုင္ ၂၇ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ စစ္တပ္က စစ္ရဟတ္ယာဥ္ ၂ စီးျဖင့္ မူးမႏၲေလးေက်း႐ြာကို ပစ္ခတ္ျခင္း ျဖစ္ေၾကာင္း ၊ စစ္သားမ်ားကိုလည္း အျခားရဟတ္ယာဥ္ ၂ စီးျဖင့္ ခ်ထားေၾကာင္း သိရွိရသည္။

“အခု ျမင္းမူၿမိဳ႕နယ္၊ မူးမႏၲေလး႐ြာကို ရဟတ္ယာဥ္ႏွစ္စီးနဲ႔ပစ္တယ္။ PDF စခန္းရွိတယ္ဆိုၿပီး လာတိုက္တာ။ ႐ြာကလူေတြအကုန္ေျပးေနရတယ္။ စစ္ကိုင္း ဆားေတာင္ၿမိဳ႕နဲ႔ ျမင္းမူက မူးျမစ္ပဲျခားတာ။ အေရွ႕ဘက္ကမ္း အေနာက္ဘက္ကမ္းေပါ့။ အဲဒါ မူးျမစ္ဟိုဘက္ကမ္း ဆားေတာင္ၿမိဳ႕ဘက္က ေညာင္ပင္ရွည္၊ တလိုင္းကြၽန္း၊ မူးသား႐ြာေတြလည္း ေျပးေနရတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

အၾကမ္းဖက္စစ္တပ္က အဓိက ထား ပစ္ခတ္တိုက္ခိုက္ေနသည့္ မူးမႏၲေလးေက်း႐ြာသည္ ေတာင္႐ြာႏွင့္ေျမာက္႐ြာ ဟူ၍ ႏွစ္႐ြာေပါင္းစည္းထားျခင္းျဖစ္ၿပီး အိမ္ေျခ ၃၀၀ ေက်ာ္ရွိေၾကာင္း၊ မူးမႏၲေလး ေက်း႐ြာအနီးပတ္ဝန္းက်င္မွ ေက်း ႐ြာအားလုံးလည္း ေနအိမ္မ်ား စြန႔္ခြာထြက္ေျပးေနရေၾကာင္း သိရွိရသည္။

ျမင္းမူၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕လည္း “ျမင္းမူ၊စစ္ကိုင္း နယ္စပ္ ၊ မူးမႏၲေလးေက်ာက္ဖ်ာ႐ြာကို စစ္ရဟတ္ယဥ္ႏွင့္ ပစ္ခတ္ေနေၾကာင္း၊ ၊ မူးမႏၲေလးဘက္တြင္ ရဟတ္ယဥ္ျဖင့္ စစ္သားမ်ား ခ်ထားေၾကာင္း” ထုတ္ျပန္ထားသည္။

လက္ရွိတြင္ စစ္ကိုင္းၿမိဳနယ္ႏွင့္ ျမင္းမူၿမိဳ႕နယ္အတြင္းရွိ မူးျမစ္ကမ္းေဘး ေက်း႐ြာမ်ားကို စစ္ေကာင္စီက ေျမျပင္စစ္ေၾကာင္းေရာ၊ေလယာဥ္စစ္ေၾကာင္းပါ အသုံးျပဳၿပီးယေန႔ ဇူလိုင္ ၂၇ ရက္ေန႔ နံနက္ ၁၁ နာရီေက်ာ္အခ်ိန္အထိ ပစ္ခတ္ေနဆဲျဖစ္ေၾကာင္း၊ ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ခံရသည့္ေက်း႐ြာမ်ားတြင္ မူးမႏၲေလး၊ ေက်ာက္ဖ်ာ၊ အင္းမ၊ မူးသာ၊ တလိုင္းကြၽန္း စသည့္ေက်း႐ြာမ်ားပါဝင္ေၾကာင္း သိရွိရသည္။

“ဘာေတြ သတင္းရထားလို႔မွန္းမသိဘူး ။ စစ္ေကာင္စီကေတာ့ မနက္(၉)နာရီေက်ာ္က စတင္ၿပီး ရဟတ္ယာဥ္ ၅ စင္းနဲ႔ ထင္တိုင္းက်ဲ ပစ္ခတ္ေနတယ္။ ပိတ္မိသူေတြလည္းရွိတယ္။ ဘာေတြျဖစ္လို႔ ဘာေတြျဖစ္မလဲေတာ့ ေလာေလာဆယ္မသိရႏိုင္ေသးဘူး” ဟုေဒသခံတစ္ဦးက ဆိုသည္။

ေက်း႐ြာမ်ားကို စစ္ရဟတ္ယာဥ္ ၅ စီးျဖင့္ လာေရာက္ပစ္ခတ္ရာတြင္ ၃စီးက ပစ္ခတ္ၿပီး က်န္ ၂ စီးက ေျမျပင္တြင္ အင္အားခ်ေၾကာင္း သိရွိရသည္။

“ေျမျပင္စစ္ေၾကာင္းကေတာ့ ျမင္းမူၿမိဳ႕နယ္ ကံျပားေက်း႐ြာကေန ဝင္လာတဲစစ္ေၾကာင္းရယ္၊ေလယာဥ္ကေတာ့ ေ႐ႊဘိုနဲ႔ မုံး႐ြာဘက္ကေနလာၿပီးပစ္ခတ္တာ” ဟု ျမင္းၿခံ Zero ေျပာက္ၾကားတပ္ဖြဲ႕မွ ကိုသက္ႀကီးက ေျပာသည္။

crd

Leave a Reply

Your email address will not be published.