Unicode
မုံရွာသပိတ်ခေါင်းဆောင် ကို၀ေမိုးနိုင်ကို မိသားစုနဲ့ ပေးတွေ့
ဖမ်းဆီးခံထားရတဲ့ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကို၀ေမိုးနိုင်ကို ဒီနေ့ ဇူလိုင် ၂၇ ရက်မှာ မိသားစုနဲ့တွေ့ခွင့်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီနေ့ ကို၀ေမိုးနိုင်ကို မုံရွာအကျဥ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်ခဲ့ပြီး မိခင်ဖြစ်သူက တရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုတဲ့အခါ သားဖြစ်သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်တယ်လို့လည်းနီးစပ်သူတွေကပြောပါတယ်။
ဒါဟာ ကို၀ေမိုးနိုင်ကို ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းက မုံရွာမြို့ပေါ်မှာ သပိတ်ထွက်နေတုန်း ကို၀ေမိုးနိုင်လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တဲ့နောက် တစ်နှစ်ကျော်အကြာ ပထမဆုံးအကြိမ် မိသားစုနဲ့တွေ့ခွင့်ရတာလည်းဖြစ်ပါတယ်။
ကို၀ေမိုးနိုင်က ကျန်းမာရေးကောင်းကြောင်းနဲ့ စာအုပ်တွေ မှာတယ်လို့သိရကြောင်း မိသားစုနဲ့နီးစပ်သူကတစ်ဆင့်သိရပါတယ်။
this is test
ကို၀ေမိုးနိုင်က စစ်ကောင်စီက အမှု ၈ မှုနဲ့တရားစွဲထားပြီး ပုဒ်မ ၅၀၅ က စုစုပေါင်း ၆ မှု၊ လူသတ်မှု တစ်မှုနဲ့ နာကျင်စေမှု တစ်မှုတို့ဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။အမှုအားလုံးကိုစစ်ဆေးဆဲဖြစ်ပြီး အမိန့်မချရသေးဘူးလို့လည်းသိရပါတယ်။
Photo-CJ
crd
Zawgyi
မုံရွာသပိတ်ခေါင်းဆောင် ကိုဝမေိုးနိုင်ကို မိသားစုနဲ့ ပေးတွေ့
ဖမ်းဆီးခံထားရတဲ့ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝမေိုးနိုင်ကို ဒီနေ့ ဇူလိုင် ၂၇ ရက်မှာ မိသားစုနဲ့တွေ့ခွင့်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီနေ့ ကိုဝမေိုးနိုင်ကို မုံရွာအကျဉ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်ခဲ့ပြီး မိခင်ဖြစ်သူက တရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုတဲ့အခါ သားဖြစ်သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်တယ်လို့လည်းနီးစပ်သူတွေကပြောပါတယ်။
ဒါဟာ ကိုဝမေိုးနိုင်ကို ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းက မုံရွာမြို့ပေါ်မှာ သပိတ်ထွက်နေတုန်း ကိုဝမေိုးနိုင်လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တဲ့နောက် တစ်နှစ်ကျော်အကြာ ပထမဆုံးအကြိမ် မိသားစုနဲ့တွေ့ခွင့်ရတာလည်းဖြစ်ပါတယ်။
ကိုဝမေိုးနိုင်က ကျန်းမာရေးကောင်းကြောင်းနဲ့ စာအုပ်တွေ မှာတယ်လို့သိရကြောင်း မိသားစုနဲ့နီးစပ်သူကတစ်ဆင့်သိရပါတယ်။
Photo-CJ