အမျိုးသမီးအတော်များများရဲ့ဆန္ဒက အစက်အပြောက်ကင်းပြီး ကြည်လင်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အစက်အပြောက်ကင်းပြီး တောက်ပတဲ့ အသားအရည်ရရှိဖို့ လွယ်ကူတဲ့နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ခရမ်းချဉ်သီးရည်အချို့ညှစ်ပြီး ဒိန်ချဉ်နှင့် နနွင်းအနည်းငယ်ထည့်ပါ။ကောင်းစွာမွှေပြီး မျက်နှာနှင့် လည်ပင်းမှာလိမ်းပါ။ မိနစ် ၃၀အကြာမှ ဆေးကြောပေးပါ။
၂။ အသားအရည်ကို တောက်ပစေပြီး အမာရွတ်တွေ မှေးမှိန်စေဖို့ နှင်းဆီရေနှင့် သံပုရည်ရည်ကို ဆတူရောပြီး လိမ်းပါ။
၃။ နို့/နို့ချဉ် ထဲကို ကုံကုမံအနည်းငယ်ထည့်ပါ။ ပျားရည်အနည်းငယ်ထည့်ပါ။
this is test
၆နာရီ၊ ၈နာရီကြာပြီးနောက်မှာ ခပ်ပျစ်ပျစ်ဖြစ်သွားပါလိမ့်မယ်။နေလောင်တာတွေကို ထိထိရောက်ရောက် ဖယ်ရှားဖို့ ဒီ pack ကိုလိမ်းပေးပါ။
၄။ အသားအရေကောင်းဖို့ ဈေးအသက်သာဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းတစ်ခုက ရေခဲတုံးလေးတွေကို အဝတ်ဖြင့်ထုပ်ပြီး အိပ်ရာမဝင်ခင်အချိန်တိုင်း အသားအရေကို နှိပ်နယ်ပေးဖို့ ဖြစ်ပါတယ်။
၅။ green tea တစ်ထုပ်ကို ဖောက်ပြီး ဆန်မှုန့်နှင့် ပျားရည်ကို ရောပါ။ခပ်ပျစ်ပျစ်အနေအထားရပြီဆိုရင် မျက်နှာပေါ်မှာ လိမ်းပြီး ၁၅မိနစ် မိနစ် ၂၀လောက်ထားပေးပါ။
၆။ သစ်ကြံပိုးခေါက်နဲ့ လေးညှင်းပွင့်အချို့ကိုယူပြီး အမှုန့်ဖြစ်အောင် ကြိတ်ဆုံမှာ ကြိတ်ပါ။ပျားရည်ထည့်ပြီး မျက်နှာတစ်ပြင်လုံး (သို့)
ဝက်ခြံဖြစ်နေတဲ့နေရာတွေမှာ လိမ်းပါ။ဝက်ခြံတွေကို ရှင်းလင်းဖို့ အကောင်းဆုံး ကုစားနည်းတစ်ခုဖြစ်ပါတယ်။
၇။ ခရမ်းချဉ်သီးရည်၊ သံပုရည်ရည်ကို ရောစပ်ပြီး မိနစ် ၂၀အကြာ လိမ်းပေးထားပါ။အသားအရေ နူညံ့ချောမွေ့ပြီး နေလောင်တာတွေကို ဖယ်ရှားပေးပါတယ်။
၈။ ကုလားပဲမှုန့်၊ ရှားစောင်းလက်ပတ်ဂျယ်၊ ပျားရည်နှင့် နနွင်းအနည်းငယ်ကို ရောပါ။ခန္ဓာကိုယ်နှင့် မျက်နှာနေလောင်ဒဏ်တွေအတွက် အသုံးပြုနိုင်ပါတယ်။
၉။ သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး ပျားရည်နှင့် ဆန်မှုန့်ထည့်ပါ။ အသားအရေ glow စေဖို့ နေတိုင်းသုံးပါ။
၁၀။ ပန်းကန်လုံးတစ်လုံးထဲမှာ အာလူးအစိမ်းကို ကြိတ်ထည့်ပါ။ကြိတ်ထားတဲ့ အာလူးကို အဝတ်စဖြင့်ထည့်ပြီး အရည်ညှစ်ယူပါ။
အာလူးရည်ကို ရေခဲသေတ္တာထဲထည့်ထားပြီး နေလောင်နှင့် အမာရွတ်တွေကို မှေးမှိန်သွားအောင် မနက်တိုင်းမှာ ဝါဂွမ်းလေးဖြင့် လိမ်းပေးနိုင်ပါတယ်။
crd
crd