ယုံကြည့်ချက်ခိုင်မာမှ စီးပွားရေးလုပ်ပါ

Knowledge

Unicode
စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ လူငယ် တစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။

သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။

မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။အဲဒီအချိန်မှာ အ သက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။

အဖိုးအိုက သူ့ကိုလည်း တွေ့ရော “မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံပဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ” လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။

သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက “မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ” လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။လူငယ်ကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ လူငယ့်နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။

hihihihihihihihihi

this is test

ထို့နောက်တော့ ချက်စာရွက်ကို လူငယ့်လက်ထဲ လှမ်းပေးလိုက်ပြီး “ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ” လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန် လှုပ်သွားခဲ့ပါတယ်။

သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။

သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး

ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည် ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။ပန်းခြံထဲရောက်တဲ့အခါ

ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ် ဖက်ကို တွဲလိုက်ပါတယ်။

”အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ ” လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး “အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်”လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။တစ် ယောက်တည်း ကျန်ခဲ့တဲ့သူဟာ

ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အ ဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတာ်လို့ တစ်ချိန်လုံး ယုံ ကြည် နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။

Credit – အစိမ်းရောင်လွင်ပြင်

Zawgyi

စီးပြားေရးလုပ္ငန္း မ်ိဳးစုံကိုလုပ္တဲ့ လူငယ္ တစ္ေယာက္ဟာ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ တေျဖးေျဖး ယိမ္းယိုင္လာၿပီးေနာက္မွာ ဘယ္လိုမွ ျပန္အဖတ္မဆယ္ႏိုင္ေတာ့ဘဲ အေႂကြးပင္လယ္ထဲ ႏွစ္ျမဳပ္ခဲ့ရပါတယ္။သူ႔ထံကို ကုန္ပစၥည္း သြင္းေပးတဲ့ ေဖာက္သည္ေတြကလည္း အရင္ေႂကြးေတြ ေၾကေအာင္ဆပ္မွ ပစၥည္းသစ္ထပ္ေပးမယ္လို႔ ေျပာကာ သူ႔ကို ေနာက္ထပ္ ပစၥည္းေတြ ထပ္ မေပးေတာ့ဘဲ အဆက္ ျဖတ္လိုက္ၾကပါတယ္။

သူ႔ဆီ ပစၥည္းယူေနက် ေဖာက္သည္ေတြကလည္း သူက ကုန္ပစၥည္းေတြ မေပးႏိုင္ေတာ့တဲ့အခါ တစ္ျခား ကုန္သည္ဆီ ေျပာင္းကုန္ၾကပါတယ္။ ေနာက္ဆုံးေတာ့ သူဟာ မၾကာခင္မွာ ေဒဝါလီ ခံရေတာ့မဲ့သူ ျဖစ္လာပါေတာ့တယ္။တစ္ေန႔ေတာ့ သူဟာ ပန္းၿခံတစ္ခုထဲက ခုံတန္းလ်ားေပၚမွာ သူ႔ဘဝအေၾကာင္းေတြကို ေတြးေတာစဥ္းစားရင္း စိတ္ပ်က္ လက္ပ်က္နဲ႔ ထိုင္ေနပါတယ္။

မၾကာခင္ လူမြဲ လူဆင္းရဲ ျဖစ္ရေတာ့မဲ့ အေျခအေနကေန ဘယ္လိုမ်ား ႐ုန္းထြက္ရပါ့မလဲလို႔ ေခါင္းပူမတတ္ စဥ္းစားေနမိပါတယ္။ သူ႔မ်က္ႏွာဟာလည္း ဘဝကို စိတ္အပ်က္ႀကီး ပ်က္ေနတဲ့သူ တစ္ေယာက္ရဲ႕ ညႇိဳးငယ္မႈမ်ိဳးနဲ႔ မႈန္မႈိင္းေနၿပီး မလႈပ္မရွက္ ေငးမႈိင္လို႔ ေနပါတယ္။အဲဒီအခ်ိန္မွာ အ သက္ႀကီးႀကီး အဖိုးအိုတစ္ေယာက္က သူ႔အနားကို ေရာက္လာပါတယ္။

အဖိုးအိုက သူ႔ကိုလည္း ေတြ႕ေရာ “မင္းၾကည့္ရတာ ဒုကၡေရာက္ေနတဲ့ ပုံစံပဲ။ ဘာေတြမ်ား ျဖစ္ေနလို႔တုန္း။ ငါ့ကို ေျပာျပစမ္းပါဦးကြာ” လို႔ သူ႔အနားတြင္ ဝင္ထိုင္ရင္း ေမးလိုက္ပါတယ္။အဖိုးအိုရဲ႕ အေမးကိုၾကားေတာ့ တစ္ေယာက္တည္းေနတာထက္စာရင္ တစ္ေယာက္ေယာက္နဲ႔ စကားေျပာတာက ပိုေကာင္းမယ္လို႔ ေတြးမိၿပီး သူကလည္း သူ႔အေျခအေန၊ သူ႔ဘဝအေၾကာင္းေတြကို အဖိုးအိုကို ေျပာျပလိုက္ပါတယ္။

သူ႔အေၾကာင္းေတြကို နားေထာင္ၿပီးတဲ့ေနာက္မွာ အဖိုးအိုက “မင္းဒုကၡေတြကို ငါကူညီႏိုင္မယ္ ထင္ပါရဲ႕ကြာ” လို႔ ေျပာၿပီး ခ်က္စာအုပ္တစ္အုပ္ကို သူ႔အိတ္ထဲကေန ဆြဲထုတ္လိုက္ပါတယ္။ ၿပီးေနာက္ မင္းနာမည္ ဘယ္လိုေခၚတုန္း လို႔ သူ႔နာမည္ကို ေမးပါတယ္။လူငယ္ကလည္း သူ႔နာမည္ကို ေျပာျပလိုက္တဲ့အခါ အဖိုးအိုက ခ်က္လက္မွတ္ တစ္ေစာင္ေပၚမွာ လူငယ့္နာမည္ကို ေရးလိုက္ၿပီးေနာက္ အဖိုးအိုက သူ႔လက္မွတ္ကို ထိုးလိုက္ပါတယ္။

ထို႔ေနာက္ေတာ့ ခ်က္စာ႐ြက္ကို လူငယ့္လက္ထဲ လွမ္းေပးလိုက္ၿပီး “ဒီခ်က္လက္မွတ္မွာ ေရးထားတဲ့ ေငြေတြက မင္းကို ငါကူညီတဲ့ ေငြေတြပါဘဲ။ မင္း ဒီေငြေတြကို ယူၿပီး စီးပြားေရးလုပ္ငန္းေတြကို ျပန္လုပ္ပါ။ ဒီေန႔ကေန စေရတြက္လို႔ ေနာက္တစ္ႏွစ္တိတိ ျပည့္တဲ့ေန႔မွာ ဒီေနရာကို ေရာက္ေအာင္လာၿပီး ငါ့ေငြေတြကို ျပန္ဆပ္ႏိုင္ေအာင္ ႀကိဳးစားပါ” လို႔ ေျပာၿပီးေနာက္ အဖိုးအိုဟာ သူ႔လက္ထဲ ခ်က္စာ႐ြက္ကို ထည့္ၿပီး သူ ထိုင္ေနတဲ့ ခုံတန္းလ်ားကေန ထြက္ခြာသြားပါတယ္။

ဘယ္လိုမွ ေမွ်ာ္လင့္မထားဘဲ သူ႔လက္ထဲ ေရာက္လာတဲ့ ခ်က္လက္မွတ္ကိုၾကည့္ၿပီး သူဟာ အံ့အားသင့္ေနခဲ့ပါတယ္။ ခ်က္စာ႐ြက္ေပၚ ေရးသြင္းထားတဲ့ ေငြေၾကးပမာဏကို သူဖတ္ၾကည့္လိုက္ေတာ့ ေဒၚလာ ၅သိန္း တိတိျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ ၿပီးေတာ့လည္း ခ်က္စာ႐ြက္ ပိုင္ရွင္ရဲ႕ လက္မွတ္ေနရာကို ၾကည့္လိုက္ေတာ့ ေရာ့ကဖဲလား ဆိုတဲ့ နာမည္ကို ေတြ႕လိုက္ပါေတာ့တယ္။ ဒီမွာတင္ဘဲ သူ႔ကို ေဒၚလာ ၅သိန္း ေပးသြားခဲ့တဲ့သူဟာ ကမာၻ႔အခ်မ္းသာဆုံး သူေဌး ေရာ့ကဖဲလား ဆိုတာ သိလိုက္ရၿပီး အလြန္ အံ့ၾသ တုန္ လႈပ္သြားခဲ့ပါတယ္။

သူဟာ ေရာ့ကဖဲလားကို နာမည္ၾကားဖူး႐ုံကလြဲလို႔ အျပင္မွာ တစ္ခါမွ မျမင္ဖူးခဲ့ဘဲ ခုက်မွ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ျဖစ္တဲ့ ကံၾကမၼာကိုလည္း အံ့ၾသလို႔ ေနရပါတယ္။ လက္ထဲကို ေဒၚလာ ၅သိန္းေရာက္လာတယ္ဆိုတဲ့ အသိဟာ သူ႔စိတ္ထဲကို အင္မတန္မွ ေပါ့ပါးသြားေစခဲ့ပါတယ္။ မၾကာခင္မွာ ေဒဝါလီခံရေတာ့မယ္ဆိုတဲ့ စိုးရိမ္ပူပန္မႈေတြဟာလည္း ေလ်ာ့ပါးသြားခဲ့ၿပီး သူဟာ စီးပြားေရးကို ေကာင္းေကာင္း ျပန္လုပ္ႏိုင္လိမ့္မယ္လို႔လည္း သူ႔ကိုယ္သူ ယုံၾကည္မႈေတြ ရွိလာေစခဲ့ပါတယ္။

သို႔ေသာ္လည္း လက္ထဲေရာက္ေနတဲ့ ခ်က္လက္မွတ္ထဲက ေငြေတြကို သူဟာ အေရးႀကဳံမွ သုံးမယ္၊ ကိစၥတစ္ခုခု ျဖစ္လာရင္လည္း ဒီေငြေတြနဲ႔ သူေျဖရွင္းႏိုင္မယ္ဆိုတာ ေတြးမိၿပီး ခ်က္လက္မွတ္ထဲက ေငြေတြကို မထုတ္ဘဲ သိမ္းထားလိုက္ပါတယ္။ထို႔ေနာက္မွာေတာ့ ခြန္အားသစ္ေတြ၊ မိမိကိုယ္ကို ယုံၾကည္မႈေတြနဲ႔ အတူ သူဟာ သူ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ျပန္ေကာင္းေအာင္ ႀကိဳးစားပါေတာ့တယ္။ ကုန္သည္ေတြကို ယုံၾကည္ေလာက္ေအာင္ အေကာင္းဆို ေျပာဆိုၿပီး

ေရရွည္ စာခ်ဳပ္မ်ား ျပန္ခ်ဳပ္ပါတယ္။ သူ႔ေဖာက္သည္ေတြကိုလည္း အေကာင္းဆုံး ကုန္ပစၥည္းေတြ ေပးသြင္းႏိုင္ေအာင္ သူဟာ ျပန္ႀကိဳးစားပါတယ္။ ၃လ ၄လ အၾကာမွာ သူ႔စီးပြားေရးဟာ တေျဖးေျဖး ျပန္လည္ လည္ ပတ္လာႏိုင္ခဲ့ၿပီး အေႂကြးႏြံထဲကေန ျပန္႐ုန္းထြက္လာႏိုင္စ ျပဳပါတယ္။ တစ္ႏွစ္တိတိျပည့္တဲ့အခ်ိန္မွာ အဖိုးအိုနဲ႔ ကတိရွိထားတဲ့အတိုင္း သူဟာ ေငြမထုတ္ရေသးတဲ့ ခ်က္လက္မွတ္ကို ကိုင္ၿပီး ပန္းၿခံထဲကို သူဟာ ထြက္လာခဲ့ပါတယ္။ပန္းၿခံထဲေရာက္တဲ့အခါ

ယခင္ သူထိုင္ခဲ့တဲ့ ထိုင္ခုံေလးမွာထိုင္ၿပီး အဖိုးအိုကို သူေစာင့္ေနခဲ့ပါတယ္။ မၾကာခင္မွာ မႏွစ္က သူ႔ကို ခ်က္လက္မွတ္ေလး ေပးခဲ့တဲ့ သူေဌးႀကီးဟာ သူ႔အနားကို ေရာက္လာပါတယ္။ သူဟာ သူေဌးႀကီးကို ျမင္လိုက္တဲ့အခါ ဝမ္းသာအားရ ႏႈတ္ဆက္လိုက္ၿပီး အိတ္ထဲမွာထည့္လာတဲ့ ခ်က္လက္မွတ္ကို ထုတ္ဖို႔ ဟန္ျပင္လိုက္ခ်ိန္မွာ သူနာျပဳဝတ္စုံ ဝတ္ထားတဲ့ အမ်ိဳးသမီးတစ္ေယာက္က အေျပးေလးေရာက္လာကာ အဖိုးအိုရဲ႕ လက္တစ္ ဖက္ကို တြဲလိုက္ပါတယ္။

”အမေလး အဖိုးရယ္ ေပ်ာက္သြားလို႔ ရွာလိုက္ရတာ ႏွံ႔ေနတာဘဲ။ ေတာ္ပါေသးရဲ႕ ျပန္ေတြ႕တာ ” လို႔ ေျပာလိုက္ၿပီးေနာက္ သူနာျပဳဟာသူ႔ဘက္ကို လွည့္လာၿပီး “အဖိုးက ရွင့္ကို တစ္ခုခုမ်ား ေႏွာက္ယွက္မိေသးလား မသိဘူးေနာ္။ သူက အဲဒီလို အိမ္ကေန မၾကာခဏ ထြက္ထြက္သြားတတ္တယ္။ ၿပီးေတာ့လည္း ေတြ႕တဲ့သူတိုင္းကို သူ႔ကိုယ္သူ သူေဌးႀကီး ေရာ့ကဖဲလား လို႔ အၿမဲေျပာတတ္တယ္။ ရွင့္ကို ေနာက္ယွက္မိတယ္ဆိုရင္ ေဆာရီးပါေနာ္”လို႔ ေျပာလိုက္ၿပီးေနာက္ အဖိုးအိုကို တြဲေခၚကာ သူ႔ေရွ႕ကေန ထြက္သြားပါေတာ့တယ္။တစ္ ေယာက္တည္း က်န္ခဲ့တဲ့သူဟာ

ခုံတန္းေရွ႕မွာ အေတာ္ၾကာ မတ္တပ္ရပ္ၿပီး ဆြံ႕အလို႔ ေနမိပါတယ္။ သူ႔လက္ထဲမွာ ေဒၚလာ သန္းဝက္ ရွိတယ္ ဆိုတဲ့ယုံၾကည္မႈေတြနဲ႔ သူဟာ အလုပ္ကို တစ္ႏွစ္ပတ္လုံး အားႀကိဳးမာန္တက္ လုပ္ခဲ့ပါတယ္။ ေဖာက္သည္ေတြနဲ႔ အေကာင္းဆုံး အ ဆင္ေျပေအာင္ ဆက္ဆံၿပီး အေရာင္း အဝယ္ကို ျပန္လုပ္ႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ သူ႔လက္ထဲမွာရွိေနတာ္လို႔ တစ္ခ်ိန္လုံး ယုံ ၾကည္ ေနမိတဲ့ ေဒၚလာသန္းဝက္ဆိုတာ တကယ္ေတာ့ ဘာမွ တန္ဖိုးမရွိတဲ့ စကၠဴေလးတစ္႐ြက္သာ။ သူ သေဘာေပါက္လိုက္မိတာက သူ႔ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို အေကာင္းဆုံး ျပန္လုပ္ႏိုင္ေအာင္ တြန္းအား ေပးလိုက္တာက မိမိကိုယ္ကိုယ္ ယုံၾကည္မႈသာ ျဖစ္တယ္ဆိုတာ သူ နားလည္လိုက္မိပါေတာ့တယ္။

Credit – အစိမ္းေရာင္လြင္ျပင္

Leave a Reply

Your email address will not be published.