အရပ်ဝတ်နဲ့ထွက်လာတဲ့ ကင်းထောက်စစ်သား ၁ ဦး ‌ေ-သန-တ်နဲ့ နားထင်‌ကပ်ပ-စ်-ခံရပြီး ..

News

Unicode
အရပ်ဝတ်နဲ့ထွက်လာတဲ့ ကင်းထောက်စစ်သား ၁ ဦး သေနတ်နဲ့ နားထင်‌ကပ်ပစ်ခံရပြီး သေဆုံး

မြိုင် ၊ ဇူလိုင် ၂၇ ၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အရပ်ဝတ်နဲ့ ကင်းထောက်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦး သေနတ်နဲ့ နားထင်ကပ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ ယနေ့ညနေ ၆ နာရီခွဲလောက်က ပခုက္ကူ တပ်မ ၁၀၁ မှ ကင်းထောက်ထွက်လာတဲ့ ၃ ဦးထဲက ၁ ဦးကို ကျောက်ဆောက်ရွာနဲ့သပြေရွာကြားမှာမြိုင် PDF ရဲဘော်တဦးက နားထင်သေနတ်နဲ့ကပ်ပစ်ရှင်းခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက မြေလတ်အသံကိုပြောပါတယ်။

“ရှေ့ကင်းထောက် ၃ ဦးထဲက ၁ ဦးကရှေ့ကျွန်လာတာ၊ ကျန်တဲ့ ၂ ဦးကနောက်မှာကျန်ခဲ့တာ၊ အဲဒီ ၃ ဦးမှာ ၁ ဦးပဲသေနတ်ပါတာ၊ အရပ်သားလိုလိုကင်းထောက်ထွက်လာတာ၊

hihihihihihihihihi

this is test

ထွက်လာတာကို ကျနော့်ရဲဘော်က ကင်းပုန်းစောင့်နေရင်း ရုတ်တရက်ထပြီးမှနားထင်ကပ်ပြီး သေနတ်အတိုနဲ့ပစ်ခဲ့တာ၊ ကျန်တဲ့ ၂ ယောက်ကအော်တိုနဲ့ ရမ်းသမ်းပစ်ခတ်ကျန်ခဲ့တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထပ်မံလိုက်မလာနိုင်အောင် မိုင်းခွဲခဲ့တဲ့လို့ ထပ်မံဆိုပါတယ်။

crd

Zawgyi


မြိုင် ၊ ဇူလိုင် ၂၇ ၊ ၂၀၂၂။






Leave a Reply

Your email address will not be published.