သိပ်အရေးမပါလှတဲ့ ကိစ္စလေးတွေကို… ခံစားချက် အကြီးကြီးတွေမလုပ်မိပါစေနဲ့…

Knowledge

Unicode

သိပ်အရေးမပါလှတဲ့ ကိစ္စလေးတွေကို… ခံစားချက် အကြီးကြီးတွေမလုပ်မိပါစေနဲ့…
တစ်နေ့မနက်မှာ… မယားဖြစ်သူက သူ့ယောက်ျားကိုပြောတယ်… “ကျွန်မဒီနေ့ အမေတို့အိမ်..ခဏပြန်လိုက်ဦးမယ်..အမေတို့ဆီမှာ တစ်ညလောက်အိပ်ဖြစ်လိမ့်မယ်။ အမေနေသိပ်မကောင်းလို့တဲ့…

အဲ့တာ ရှင်..ကားမောင်းပြီးကျွန်မကို လိုက်ပို့ပေးလို့ရနိုင်မလား… ဒီနေ့မိုးတွေတအားရွာနေတာ..လိုင်းကားနဲ့သွားလို့သိပ်အဆင်မပြေဘူးလေ…’’

မနက်ကတည်းက မျက်နှာကြီးစူပုတ်နေတဲ့… ယောက်ျားဖြစ်သူက…သူ့မိန်းမကို ဘာတစ်ခွန်းမှပြန်မပြောဘူး။ ပြီးတော့မှ… လေသံမာမာနဲ့.ပြန်မေးတယ်…

“မနေ့တုန်းက နင်အနွေးထည်အသစ် ထပ်ဝယ်လာတယ်မလား…. နင့်ကိုငါ ဘယ်နှစ်ခါပြောရမလည်း… ပိုက်ဆံတွေ သိပ်မဖြုန်းပါနဲ့လို့… ကားဖိုး အကြွေးလည်း ပေးရဦးမယ်။

hihihihihihihihihi

this is test

ခု ကားက ပျက်နေတယ်။ အိမ်ပြင်ဖို့လဲ စုရဦးမယ်… သားသမီးတွေ ကျောင်းလခ၊ ကျူရှင်လခတွေ ပေးရဦးမယ်ဆိုတာ နင်မသိဘူးလား… ဘာလို့ မချွေတာပဲနေရတာလည်း…ဟမ်…..’’

မိန်းမဖြစ်သူလည်း… တိုးတိုးလေးပဲပြန်ပြောရှာတယ်… “လက်စသတ်တော့ ရှင်က အဲ့တာကို စိတ်တိုနေတာကိုး” ပြီးတော့… ခေါင်းလေးငုံ့ပြီး… ယူသွားမယ့် အဝတ်အစားနဲ့ ပစ္စည်းတွေကို

တိတ်တိတ်လေးသူ့ဖာသာ ထုပ်ပိုးသိမ်းဆည်းနေယင်း… “ဒီနေ့မြို့ထဲကိုဝင်မဲ့လိုင်းကားတစ်စီးတည်းရှိတယ် ကျွန်မ မြန်မြန်သွားမှ ဖြစ်တော့မယ်။ တော်ကြာ ကားမမှီပဲနေတော့မယ်… ရှင်လိုက်မပို့နေနဲ့တော့…” လို့ပြောပြီး မိုးဖွဲဖွဲထဲမှာ ထီးလေးဆောင်းပြီး အိမ်ကနေထွက်သွားရှာတယ်…

ယောက်ျားလုပ်သူကဘာမှပြန်မပြောဘူး… သူက စိတ်တိုနေတုန်း..။ နောက် တစ်ရီကျော်ကျော်လောက်လည်းကြာရော လမ်းပေါ်မှာ ရွာက လူတွေ ဆူညံဆူညံနဲ့ပြေးကြ လွားနေကြတာတွေ လှမ်းမြင်ရလို့ သူထွက်ကြည့်တော့…

လမ်းပေါ်ကလူတွေပြောနေကြတာ… ရွာအပြင်ဖက်က တံတားပေါ်မှာ လိုင်းကားက ဖြတ်သွားနေတုန်း မနေ့ကတည်းက..တိုက်စားနေတဲ့တောင်ကျချောင်းရေဒါဏ်ကြောင့် တံတားကျိုးပြီး ကားကြီးပါရေထဲကျသွားတယ်တဲ့…။

အဲ့လိုလည်းကြားလိုက်ရရော သူအရမ်းလန့်သွားတယ်… တစ်ခါတည်း ခြံထဲကနေခုန်ထွက်ပြီး ရွာပြင်တံတားဆီကို ခြေကုန်သုတ်ပြေးတော့တာပဲ…။ နာရီဝက်လောက် မနားတမ်းပြေးလာပြီး တံတားဆီရောက်တော့…

ကယ်ဆယ်ရေးတွေက… ကရိမ်းတွေနဲ့ ကားကို ရေထဲကနေ ဆယ်တင်နေကြပြီ။ ခရီးသည်တွေရဲ့ပစ္စည်းတွေလည်း ကမ်းပါးတစ်လျောက်ပြန့်ကျဲနေတယ်။ ကယ်ဆယ်ရေးတွေက ရေထဲကို ပိုက်ကွန်တွေနဲ့တားပြီး…

ခရီးသည်တွေရဲ့ အလောင်းတွေ ကို တစ်လောင်းပြီး တစ်လောင်း ဆယ်ယူလာနေကြတယ်။ သူလည်း တစ်ယောက်ချင်း တစ်ယောက်ချင်းစောင့်ကြည့်နေရင်း… သူ့မိန်းမကို အသဲအသန်လိုက်ရှာနေရှာတယ်။

ဒီလိုနဲ့ အမောတကော လိုက်ရှာနေရင်း… ရှာလို့မတွေ့တော့…သတိလက်လွတ်ချင်သလို ဖြစ်လာပြီး.. အလုပ်ရှုတ်နေကြတဲ့ ကယ်ဆယ်ရေး သမားတွေကိုကော တွေ့သမျှသူတွေကိုပါ..လိုက်မေးနေတော့တယ်။

“ကျွန်တော့်မိန်းမကို တွေ့မိသေးလား… သူက အင်္ကျီအနီနဲ့ ဂျင်းဘောင်းဘီဝတ်ထားပါတယ်ဗျာ…ကူရှာပေးကြပါဦး…” လူတိုင်းက… ခေါင်းခါကြတယ်..။ ဒီလိုနဲ့ ညနေစောင်းခါနီးလောက်ကျတော့…

ကယ်ဆယ်ရေးသမားတွေလည်း ရှာဖွေမှုတွေ ရပ်နားလိုက်ကြတော့တယ်…။ သူတို့ သေသေချာချ ာပိုက်စိတ်တိုက် ရှာကြတာတောင် သေဆုံးသူရေနစ်သူ နောက်ထပ်ရှာမတွေ့တော့ဘူး။

ပြီးတော့… သူ့ကို ဝိုင်းပြီးအားပေးစကားပြောကြတယ်… “စိတ်လျော့လိုက်ပါတော့ ခင်ဗျားမိန်းမ ရေစီးနဲ့ အဝေးကြီး မျောပါသွားလောက်ပါပြီ။ ဒီမှာလည်း ဆုံးရှုံးနှစ်နာကြရတာ ခင်ဗျားတစ်ယောက်တည်း မကပါဘူး…”

ဒါနဲ့… သူလည်း အိမ်ကိုလေးပင်လွန်းတဲ့ ajခလှမ်းတွေနဲ့ ဝိဉာဉ် မရှိတဲ့ စက်ရုပ်တစ်ရုပ်လို အိမ်ကိုဝမ်းနည်းခြင်းကြီးစွာနဲ့ aလျာက်ပြန်လာရင်း… ပါစပ်ကလည်း ကျေကွဲစွာနဲ့ ကိုယ့်ကိုကိုယ်ဒေါသတွေထွက်ရင်း… တစ်ကိုယ်တည်း ရေရွတ်နေရှာတယ်…

”ငါဘာလို့ ကိုယ်တိုင် သူ့ကို ကားမောင်းပြီး သွားမပို့ပေးမိတာလည်း… ဘာမဟုတ်တဲ့ အနွေးထည်လေး တစ်ထည်တည်းနဲ့ ဘယ်လောက်တောင်ဈေးကြီးနေမှာမို့ သူ့ကိုသွားဆူ၊ သွားငေါက်လိုက်မိတာ
လည်…း ငါတော်တော် အသုံးမကျတဲ့ကောင်ပဲ ” ဆိုပြီးမျက်ရည်တွေစီးကျရင်…း

အမြင်တွေဝေဝါးလာတယ်။ သူအိမ်ပြန်ရောက်တော့…မျော်လင့်မထားတဲ့မြင်ကွင်းကို တွေ့လိုက်ရတယ်… သူ့မိန်းမက မီးဖိုချောင်ထဲက ထမင်းစားစာပွဲဘေးမှာထိုင်နေတယ်။

စားပွဲပေါ်မှာလည်းညစာကိုအသင့်ပြင်ထားတယ်။ ပြီးတော့…သူ့ရဲ့အနွေးထည်အဟောင်းလေးကို ထိုင်ပြီး ဖာထေးနေရှာတယ်။ သူ့ကိုလှမ်းမြင်လိုက်တော့..မေးလာတယ်… “တစ်နေကုန်ရှင်ဘယ်တွေသွားနေတာလည်း….”

မိန်းမဖြစ်သူစကားတောင် မဆုံးသေးဘူး… aယာက်ျားကပြေးပြီးတော့ တင်းကြပ်စွာ ဖက်ထားလိုက်တယ်… “ရှင်ဘာဖြစ်နေတာလဲ… ပြီးတော့…ဘာလို့မျက်ရည်တွေကျနေတာလဲ

ကျမက ရှင်မကြိုက်လို့ ဆိုတာနဲ့… အင်္ကျီကို ဝယ်လာတဲ့ဆိုင်ပြန်သွားပေးနေတာ… ဆိုင်ရှင်က ပြန်မယူဘူးလုပ်နေတာနဲ့ မနည်းတောင်းပန်ပြီး ပိုက်ဆံပြန်ယူလာခဲ့ရတာနဲ့ လိုင်းကားမမှီဘူးဖြစ်သွားတာ…။

ဒါနဲ့ အမေတို့ဆီ နောက်နေ့မှသွားတော့မယ် ဆိုပြီး အိမ်ကိုပြန်လာတော့… ရှင့်ကိုလည်းမတွေ့တော့ဘူး။ ဘေးအိမ်တွေသွားမေးမလို့သွားရှာတော့လည်း တစ်ယောက်မှမတွေ့တာနဲ့ အိမ်မှာလျော်ဖွတ်သန့်ရှင်းရေးတွေလုပ် ချက်ပြုတ်ပြီးတော့နေနေတာ…။

ပြီးတော့…အနွေးထည်အဟောင်းလေးကို ပြန်ပြင်ပြီး ဝတ်မလို့လုပ်နေတာလေ။ ရှင်ပြောတာလည်းဟုတ်နေတာပဲ… အဟောင်းရှိနေသေးတာကို ဘာလို့အသစ်ထပ်ဝယ်မှာလည်းနော့။ ပြန်ပြင်ဝတ်ရင် ရနေသေးတာပဲလေ…။

ကျွန်မကိုက ညံ့တာပါ…..တောင်းပန်ပါတယ်နော်..နောက်ဆို ဘာမဆိုရှင့်ကိုခွင့်တောင်းကြည့်ပြီးတော့..ရှင်ကြိုက်မှခွင့်ပြုမှ လုပ်ပါတော့မယ်နော်… နော်….”

တစ်ချို့ကိစ္စတွေ ကျွန်တော်တို့ စိတ်တိုကြ ဒေါသထွက်ကြရင်း… မေ့သွားတတ်ကြတာ။ အဲ့ဒေါသထွက်စရာတွေဟာ… ကျွန်တော်တို့ရဲ့ရှိနေပြီးသားပျော်ရွင်မှုလေးတွေနဲ့ ကိုယ့်ကချစ်နေရတဲ့ သူတွေရဲ့ပျော်ရွင်စရာလေးတွေလောက် အရေးမပါတာဆိုတာကိုပါ…။

ကျွန်တော်တို့ဟာ လောကကြီးထဲမ ောနေရဖို့ အချိန်တွေဆိုတာ အကန့်အသတ်တွေ ရှိနေပါတယ်။ အထူးသဖြင့် ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူတူနေကြရဖို့ဆိုတာ ပိုလို့တောင်မှ အကန့်အသတ်ရှိနေတတ်ကြပါတယ်။

သိပ်အရေးမပါလှတဲ့ ကိစ္စလေးတွေကို ခံစားချက်ကြီးတွေ လုပ်ပြီး ဒေါသတွေမောဟတွေဖြစ်မနေစေပါနဲ့… မေ့သင့်တာကို မေ့ထားပစ်လိုက်တတ်ပါစေ….

ပညာရှိတတ်ဖို့… တွေးခေါ်နည်းတွေထဲမှာ..ဘယ်အရာတွေမှာ တင်းကြပ်သင့်ပြီး.ဘယ်အရာတွေမှာ ဖြေလျော့လွတ်ချထားရမယ်ဆိုတာ ခွဲခြားတတ်ခြင်းဟာလည်း…တစ်ခုအပါအဝင်ပါပဲ……

(လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်…ကိုယ်ကသာ ရွေးချယ်ခဲ့မယ် ဆိုရင်ပေါ့။)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
crd

Zawgyi

သိပ္အေရးမပါလွတဲ့ ကိစၥေလးေတြကို… ခံစားခ်က္ အႀကီးႀကီးေတြမလုပ္မိပါေစနဲ႔…
တစ္ေန႔မနက္မွာ… မယားျဖစ္သူက သူ႔ေယာက္်ားကိုေျပာတယ္… “ကြၽန္မဒီေန႔ အေမတို႔အိမ္..ခဏျပန္လိုက္ဦးမယ္..အေမတို႔ဆီမွာ တစ္ညေလာက္အိပ္ျဖစ္လိမ့္မယ္။ အေမေနသိပ္မေကာင္းလို႔တဲ့…

အဲ့တာ ရွင္..ကားေမာင္းၿပီးကြၽန္မကို လိုက္ပို႔ေပးလို႔ရႏိုင္မလား… ဒီေန႔မိုးေတြတအား႐ြာေနတာ..လိုင္းကားနဲ႔သြားလို႔သိပ္အဆင္မေျပဘူးေလ…’’

မနက္ကတည္းက မ်က္ႏွာႀကီးစူပုတ္ေနတဲ့… ေယာက္်ားျဖစ္သူက…သူ႔မိန္းမကို ဘာတစ္ခြန္းမွျပန္မေျပာဘူး။ ၿပီးေတာ့မွ… ေလသံမာမာနဲ႔.ျပန္ေမးတယ္…

“မေန႔တုန္းက နင္အေႏြးထည္အသစ္ ထပ္ဝယ္လာတယ္မလား…. နင့္ကိုငါ ဘယ္ႏွစ္ခါေျပာရမလည္း… ပိုက္ဆံေတြ သိပ္မျဖဳန္းပါနဲ႔လို႔… ကားဖိုး အေႂကြးလည္း ေပးရဦးမယ္။

ခု ကားက ပ်က္ေနတယ္။ အိမ္ျပင္ဖို႔လဲ စုရဦးမယ္… သားသမီးေတြ ေက်ာင္းလခ၊ က်ဴရွင္လခေတြ ေပးရဦးမယ္ဆိုတာ နင္မသိဘူးလား… ဘာလို႔ မေခြၽတာပဲေနရတာလည္း…ဟမ္…..’’

မိန္းမျဖစ္သူလည္း… တိုးတိုးေလးပဲျပန္ေျပာရွာတယ္… “လက္စသတ္ေတာ့ ရွင္က အဲ့တာကို စိတ္တိုေနတာကိုး” ၿပီးေတာ့… ေခါင္းေလးငုံ႔ၿပီး… ယူသြားမယ့္ အဝတ္အစားနဲ႔ ပစၥည္းေတြကို

တိတ္တိတ္ေလးသူ႔ဖာသာ ထုပ္ပိုးသိမ္းဆည္းေနယင္း… “ဒီေန႔ၿမိဳ႕ထဲကိုဝင္မဲ့လိုင္းကားတစ္စီးတည္းရွိတယ္ ကြၽန္မ ျမန္ျမန္သြားမွ ျဖစ္ေတာ့မယ္။ ေတာ္ၾကာ ကားမမွီပဲေနေတာ့မယ္… ရွင္လိုက္မပို႔ေနနဲ႔ေတာ့…” လို႔ေျပာၿပီး မိုးဖြဲဖြဲထဲမွာ ထီးေလးေဆာင္းၿပီး အိမ္ကေနထြက္သြားရွာတယ္…

ေယာက္်ားလုပ္သူကဘာမွျပန္မေျပာဘူး… သူက စိတ္တိုေနတုန္း..။ ေနာက္ တစ္ရီေက်ာ္ေက်ာ္ေလာက္လည္းၾကာေရာ လမ္းေပၚမွာ ႐ြာက လူေတြ ဆူညံဆူညံနဲ႔ေျပးၾက လြားေနၾကတာေတြ လွမ္းျမင္ရလို႔ သူထြက္ၾကည့္ေတာ့…

လမ္းေပၚကလူေတြေျပာေနၾကတာ… ႐ြာအျပင္ဖက္က တံတားေပၚမွာ လိုင္းကားက ျဖတ္သြားေနတုန္း မေန႔ကတည္းက..တိုက္စားေနတဲ့ေတာင္က်ေခ်ာင္းေရဒါဏ္ေၾကာင့္ တံတားက်ိဳးၿပီး ကားႀကီးပါေရထဲက်သြားတယ္တဲ့…။

အဲ့လိုလည္းၾကားလိုက္ရေရာ သူအရမ္းလန႔္သြားတယ္… တစ္ခါတည္း ၿခံထဲကေနခုန္ထြက္ၿပီး ႐ြာျပင္တံတားဆီကို ေျခကုန္သုတ္ေျပးေတာ့တာပဲ…။ နာရီဝက္ေလာက္ မနားတမ္းေျပးလာၿပီး တံတားဆီေရာက္ေတာ့…

ကယ္ဆယ္ေရးေတြက… ကရိမ္းေတြနဲ႔ ကားကို ေရထဲကေန ဆယ္တင္ေနၾကၿပီ။ ခရီးသည္ေတြရဲ႕ပစၥည္းေတြလည္း ကမ္းပါးတစ္ေလ်ာက္ျပန႔္က်ဲေနတယ္။ ကယ္ဆယ္ေရးေတြက ေရထဲကို ပိုက္ကြန္ေတြနဲ႔တားၿပီး…

ခရီးသည္ေတြရဲ႕ အေလာင္းေတြ ကို တစ္ေလာင္းၿပီး တစ္ေလာင္း ဆယ္ယူလာေနၾကတယ္။ သူလည္း တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းေစာင့္ၾကည့္ေနရင္း… သူ႔မိန္းမကို အသဲအသန္လိုက္ရွာေနရွာတယ္။

ဒီလိုနဲ႔ အေမာတေကာ လိုက္ရွာေနရင္း… ရွာလို႔မေတြ႕ေတာ့…သတိလက္လြတ္ခ်င္သလို ျဖစ္လာၿပီး.. အလုပ္ရႈတ္ေနၾကတဲ့ ကယ္ဆယ္ေရး သမားေတြကိုေကာ ေတြ႕သမွ်သူေတြကိုပါ..လိုက္ေမးေနေတာ့တယ္။

“ကြၽန္ေတာ့္မိန္းမကို ေတြ႕မိေသးလား… သူက အက်ႌအနီနဲ႔ ဂ်င္းေဘာင္းဘီဝတ္ထားပါတယ္ဗ်ာ…ကူရွာေပးၾကပါဦး…” လူတိုင္းက… ေခါင္းခါၾကတယ္..။ ဒီလိုနဲ႔ ညေနေစာင္းခါနီးေလာက္က်ေတာ့…

ကယ္ဆယ္ေရးသမားေတြလည္း ရွာေဖြမႈေတြ ရပ္နားလိုက္ၾကေတာ့တယ္…။ သူတို႔ ေသေသခ်ာခ် ာပိုက္စိတ္တိုက္ ရွာၾကတာေတာင္ ေသဆုံးသူေရနစ္သူ ေနာက္ထပ္ရွာမေတြ႕ေတာ့ဘူး။

ၿပီးေတာ့… သူ႔ကို ဝိုင္းၿပီးအားေပးစကားေျပာၾကတယ္… “စိတ္ေလ်ာ့လိုက္ပါေတာ့ ခင္ဗ်ားမိန္းမ ေရစီးနဲ႔ အေဝးႀကီး ေမ်ာပါသြားေလာက္ပါၿပီ။ ဒီမွာလည္း ဆုံးရႈံးႏွစ္နာၾကရတာ ခင္ဗ်ားတစ္ေယာက္တည္း မကပါဘူး…”

ဒါနဲ႔… သူလည္း အိမ္ကိုေလးပင္လြန္းတဲ့ ajခလွမ္းေတြနဲ႔ ဝိဉာဥ္ မရွိတဲ့ စက္႐ုပ္တစ္႐ုပ္လို အိမ္ကိုဝမ္းနည္းျခင္းႀကီးစြာနဲ႔ aလ်ာက္ျပန္လာရင္း… ပါစပ္ကလည္း ေက်ကြဲစြာနဲ႔ ကိုယ့္ကိုကိုယ္ေဒါသေတြထြက္ရင္း… တစ္ကိုယ္တည္း ေရ႐ြတ္ေနရွာတယ္…

”ငါဘာလို႔ ကိုယ္တိုင္ သူ႔ကို ကားေမာင္းၿပီး သြားမပို႔ေပးမိတာလည္း… ဘာမဟုတ္တဲ့ အေႏြးထည္ေလး တစ္ထည္တည္းနဲ႔ ဘယ္ေလာက္ေတာင္ေဈးႀကီးေနမွာမို႔ သူ႔ကိုသြားဆူ၊ သြားေငါက္လိုက္မိတာ
လည္…း ငါေတာ္ေတာ္ အသုံးမက်တဲ့ေကာင္ပဲ ” ဆိုၿပီးမ်က္ရည္ေတြစီးက်ရင္…း

အျမင္ေတြေဝဝါးလာတယ္။ သူအိမ္ျပန္ေရာက္ေတာ့…ေမ်ာ္လင့္မထားတဲ့ျမင္ကြင္းကို ေတြ႕လိုက္ရတယ္… သူ႔မိန္းမက မီးဖိုေခ်ာင္ထဲက ထမင္းစားစာပြဲေဘးမွာထိုင္ေနတယ္။

စားပြဲေပၚမွာလည္းညစာကိုအသင့္ျပင္ထားတယ္။ ၿပီးေတာ့…သူ႔ရဲ႕အေႏြးထည္အေဟာင္းေလးကို ထိုင္ၿပီး ဖာေထးေနရွာတယ္။ သူ႔ကိုလွမ္းျမင္လိုက္ေတာ့..ေမးလာတယ္… “တစ္ေနကုန္ရွင္ဘယ္ေတြသြားေနတာလည္း….”

မိန္းမျဖစ္သူစကားေတာင္ မဆုံးေသးဘူး… aယာက္်ားကေျပးၿပီးေတာ့ တင္းၾကပ္စြာ ဖက္ထားလိုက္တယ္… “ရွင္ဘာျဖစ္ေနတာလဲ… ၿပီးေတာ့…ဘာလို႔မ်က္ရည္ေတြက်ေနတာလဲ

က်မက ရွင္မႀကိဳက္လို႔ ဆိုတာနဲ႔… အက်ႌကို ဝယ္လာတဲ့ဆိုင္ျပန္သြားေပးေနတာ… ဆိုင္ရွင္က ျပန္မယူဘူးလုပ္ေနတာနဲ႔ မနည္းေတာင္းပန္ၿပီး ပိုက္ဆံျပန္ယူလာခဲ့ရတာနဲ႔ လိုင္းကားမမွီဘူးျဖစ္သြားတာ…။

ဒါနဲ႔ အေမတို႔ဆီ ေနာက္ေန႔မွသြားေတာ့မယ္ ဆိုၿပီး အိမ္ကိုျပန္လာေတာ့… ရွင့္ကိုလည္းမေတြ႕ေတာ့ဘူး။ ေဘးအိမ္ေတြသြားေမးမလို႔သြားရွာေတာ့လည္း တစ္ေယာက္မွမေတြ႕တာနဲ႔ အိမ္မွာေလ်ာ္ဖြတ္သန႔္ရွင္းေရးေတြလုပ္ ခ်က္ျပဳတ္ၿပီးေတာ့ေနေနတာ…။

ၿပီးေတာ့…အေႏြးထည္အေဟာင္းေလးကို ျပန္ျပင္ၿပီး ဝတ္မလို႔လုပ္ေနတာေလ။ ရွင္ေျပာတာလည္းဟုတ္ေနတာပဲ… အေဟာင္းရွိေနေသးတာကို ဘာလို႔အသစ္ထပ္ဝယ္မွာလည္းေနာ့။ ျပန္ျပင္ဝတ္ရင္ ရေနေသးတာပဲေလ…။

ကြၽန္မကိုက ညံ့တာပါ…..ေတာင္းပန္ပါတယ္ေနာ္..ေနာက္ဆို ဘာမဆိုရွင့္ကိုခြင့္ေတာင္းၾကည့္ၿပီးေတာ့..ရွင္ႀကိဳက္မွခြင့္ျပဳမွ လုပ္ပါေတာ့မယ္ေနာ္… ေနာ္….”

တစ္ခ်ိဳ႕ကိစၥေတြ ကြၽန္ေတာ္တို႔ စိတ္တိုၾက ေဒါသထြက္ၾကရင္း… ေမ့သြားတတ္ၾကတာ။ အဲ့ေဒါသထြက္စရာေတြဟာ… ကြၽန္ေတာ္တို႔ရဲ႕ရွိေနၿပီးသားေပ်ာ္႐ြင္မႈေလးေတြနဲ႔ ကိုယ့္ကခ်စ္ေနရတဲ့ သူေတြရဲ႕ေပ်ာ္႐ြင္စရာေလးေတြေလာက္ အေရးမပါတာဆိုတာကိုပါ…။

ကြၽန္ေတာ္တို႔ဟာ ေလာကႀကီးထဲမ ောေနရဖို႔ အခ်ိန္ေတြဆိုတာ အကန႔္အသတ္ေတြ ရွိေနပါတယ္။ အထူးသျဖင့္ ကိုယ္ခ်စ္တဲ့ ခင္တဲ့သူေတြနဲ႔ အတူတူေနၾကရဖို႔ဆိုတာ ပိုလို႔ေတာင္မွ အကန႔္အသတ္ရွိေနတတ္ၾကပါတယ္။

သိပ္အေရးမပါလွတဲ့ ကိစၥေလးေတြကို ခံစားခ်က္ႀကီးေတြ လုပ္ၿပီး ေဒါသေတြေမာဟေတြျဖစ္မေနေစပါနဲ႔… ေမ့သင့္တာကို ေမ့ထားပစ္လိုက္တတ္ပါေစ….

ပညာရွိတတ္ဖို႔… ေတြးေခၚနည္းေတြထဲမွာ..ဘယ္အရာေတြမွာ တင္းၾကပ္သင့္ၿပီး.ဘယ္အရာေတြမွာ ေျဖေလ်ာ့လြတ္ခ်ထားရမယ္ဆိုတာ ခြဲျခားတတ္ျခင္းဟာလည္း…တစ္ခုအပါအဝင္ပါပဲ……

(လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္…ကိုယ္ကသာ ေ႐ြးခ်ယ္ခဲ့မယ္ ဆိုရင္ေပါ့။)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published.