စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှုအပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းပြင်းထန်ထန်ကန့် ကွက်

News

Unicode
မင်းအောင်လှိုင်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှု တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ကန့်ကွက်ရှုတ်ချ၊ စစ်တပ်အနေဖြင့် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၈
အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်မှုအပေါ် တောင်ကိုရီးယားလွှတ်တော်အမတ်များအပါအဝင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချလိုက်ကြပြီး စစ်တပ်အနေဖြင့် ထိုလုပ်ရပ်အတွက် ကျိန်းသေ ပြန်လည် ပေးဆပ်ရမည်ဟု ထုတ်ပြန်ပြောဆိုလိုက်သည်။
ဇူလိုင်လ ၂၈ ရက်နေ့ ကြာသပတေးနေ့ တောင်ကိုးရီးယားစံတော်ချိန် နံနက်၉ နာရီ ၂၀မိနစ် အချိန်တွင် ကိုးရီးယားလွှတ်တော် ၊သတင်းစာရှင်းလင်းပွဲခန်းမဆောင်တွင် မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသော ကိုးရီးယားလွှတ်တော်အမတ်များအဖွဲ့မှ လွှတ်တော် အမတ် မစ္စယုံဟဲ့အင် ဦးဆောင်၍ ကိုးရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့နှင့် ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး မင်းအောင်လှိုင် ဦးဆောင်သောမြန်မာစစ်တပ် ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုကို ကျူးလွန်သဖြင့် ကန့်ကွက်ရှုံချကြောင်း ကြေညာချက် ထုတ်ပြန် သည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်းမီ ၊ အမျို းသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့ကို စစ်တပ်က သေ ဒဏ် စီရင်မှုသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ်ဖြစ်ပြီး ထို ကျူးလွန်မှုအတွက် မြန်မာစစ်တပ်အနေဖြင့် ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမည်ဟု ပြောဆိုသည်။
“မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်တဲ့ သေဒဏ်စီရင်မှုကို ရှုတ်ချပါတယ်။ မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်တဲ့ သေဒဏ်စီရင်မှုကို ရှုတ်ချပါတယ်။ မြန်မာစစ်တပ်က ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမယ် ” ဟု ကိုရီးယားပြည်သူ့အဖွဲ့ ၁၀၆ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တရားမဝင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် သေဒဏ်စီရင်မှုကို အတင်း အကျပ်ပြုလုပ်မည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းအား ရန်စမှုတစ်ခုအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း၊ ကွပ်မျက်မှုကို ချက်ချင်း ရုပ်သိမ်းရန် မြန်မာစစ်တပ်အား ပြင်းထန်သော သတိပေးချက် ထုတ်ပြန်ထားခဲ့သော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို သတ်ဖြတ်ပြီး အလောင်းများကိုပင် ကျန်ရစ်သူမိ သားစုထံ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့ပြီး ကျန်ရစ်သူမိသားစုများအတွက် ပိုပြီး ဝမ်း နည်းစေခဲ့ကြောင်း၊ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမို ကျူးလွန်နိုင်စွမ်းရှိသော အုပ်စုဖြစ်ကြောင်း သက်သေပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရအနေဖြင့် မူအရ တုံ့ပြန်ဆောင်ရွက်မှုနှင့် အတူ သက်ဆိုင်သော ဥပဒေနှင့် စနစ်များကို ယခုမှစတင်ပြီး ပြုပြင်ပြောင်းလဲ အရေးယူရန် လိုအပ်ကြောင်း ကြေညာချက်တွင် တိုက်တွန်းထားသည်။
ယင်းနောက် ဇူလိုင်လ ၂၈ ရက်နေ့ ကိုရီးယားဒေသစံတော်ချိန် နံနက် ၁၀ နာရီ တိတိအချိန်တွင် တောင်ကိုရီးယား လွတ်တော်အတွင်းရှိ အစည်းဝေးခန်းမဆောင် အမှတ်(၃)တွင် Myanmar Revolution Forumကို ကျင်းပပြုလုပ်ခဲ့သည်။
ထို Forumကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စာလှယ်ရုံးမှ ကမကထပြုကာ ကိုရီးယားနိုင်ငံ၏ အခြေခံ လစာပါတီမှ လွှတ်တော်အမတ်ဖြစ်သူ မစ္စယုန်ဟဲအင် နှင့် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်ဖြစ်သူ မစ္စတာ ဂိုယောင်အင် တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Forum သို့ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားကြသည့် ကိုရီးယားလွှတ်တော်အမတ်များ၊ကိုရီးယား တက္ကသိုလ်အချို့မှ ပါမောက္ခများ၊တတ်သိပညာရှင်များ ကိုရီးယားနိုင်ငံရှိ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်းများမှ ဦးဆောင်သူများအပါအဝင် မြန်မာ့အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် မြန်မာ့နိုင်ငံအရေးကို စိတ်ပါဝင်စားကြသည့် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ စုစုပေါင်း လူဦးရေ (၆၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို Forumသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေး အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီးဌာမှ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် ကလည်း အခန်းအနား အဖွင့်မိန့်ခွန်းကို ဗွီဒီယို ရုပ်သံဖိုင်ဖြင့်ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဉ်များအရ အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ကိုရီးယား လွတ်တော်အမတ်များဖြစ်ကြသည့် မစ္စ ယုန်ဟဲအင်းနှင့် မစ္စတာ ဂိုယောင်အင်း တို့က အဖွင့် နူတ်ခွန်းဆက်စကားများကို ပြောကြားခဲ့ပြီးနောက် အမျိုးသား ညီညွှတ်ရေးအစိုးရ၏ နိုင်ငံရေးလမ်းစဉ်နှင့် မူဝါဒများ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့် NUG ၏ အခန်း ကဏ္ဌ ၊ NUGအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ထောက်ပံ့ရေးဆိုင်ရာ နည်းဗျူဟာ အစရှိသည်တို့ကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ တာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရ သည်။
ထို့နောက် မွန်းလွဲ (၁)နာရီတိတိ အချိန်တွင် ဒုတိယပိုင်း အစီအစဉ်ကို ဆက် လက်ကျင်းပရာ လက်ရှိမြန်မာ့ စီးပွားရေးအခြေအနေများနှင့် CDM ၊ အလုပ် သမားများ၏ အခက်အခဲများ ၊ စစ်ပြေးဒုက္ခသည်များ (refuge)နှင့် စစ်ရှောင်ပြည်သူများ(IDPs)၏ အခြေအနေ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးလှုပ်ရှားမှုများ ၊ မြန်မာ့နွေဦးတော်လှန်ရေးအား သုံးသပ်ခြင်းနှင့် ကိုရီးယား အစိုးရနှင့် လူမှုအသိုင်းအဝန်းသို့ တင်ပြတောင်းဆိုခြင်း အစရှိသည့် အကြောင်းအရာတို့ကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ် စားလှယ်ရုံးမှ တာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အပြန်အလှန်အမေးအဖြေ ကဏ္ဍများနှင့် သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်များကို ဆက်လက် ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ညနေ (၄)နာရီ အချိန်တွင် အောင်မြင်စွာဖြင့် ပြီးဆုံးကြောင်း သိရှိရသည်။

hihihihihihihihihi

this is test

crd

Zawgyi

မင္းေအာင္လႈိင္က ဒီမိုကေရစီအေရးလႈပ္ရွားသူ ၄ ဦးကို သတ္ျဖတ္မႈ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္မ်ားအပါအဝင္ ကိုရီးယားျပည္သူ႔အဖြဲ႕အစည္း ၁၀၆ ဖြဲ႕က ကန႔္ကြက္ရႈတ္ခ်၊ စစ္တပ္အေနျဖင့္ က်ိန္းေသ ျပန္လည္ ေပးဆပ္ရမည္ဟုဆို
ရန္ကုန္၊ ဇူလိုင္ ၂၈
အၾကမ္းဖက္မင္းေအာင္လႈိင္ဦးေဆာင္ေသာ စစ္ေကာင္စီက ဒီမိုကေရစီအေရးလႈပ္ရွားသူ ၄ ဦးကို သတ္ျဖတ္မႈအေပၚ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္မ်ားအပါအဝင္ ကိုရီးယားျပည္သူ႔အဖြဲ႕အစည္း ၁၀၆ ဖြဲ႕က ျပင္းျပင္းထန္ထန္ကန႔္ ကြက္ရႈတ္ခ်လိုက္ၾကၿပီး စစ္တပ္အေနျဖင့္ ထိုလုပ္ရပ္အတြက္ က်ိန္းေသ ျပန္လည္ ေပးဆပ္ရမည္ဟု ထုတ္ျပန္ေျပာဆိုလိုက္သည္။

ဇူလိုင္လ ၂၈ ရက္ေန႔ ၾကာသပေတးေန႔ ေတာင္ကိုးရီးယားစံေတာ္ခ်ိန္ နံနက္၉ နာရီ ၂၀မိနစ္ အခ်ိန္တြင္ ကိုးရီးယားလႊတ္ေတာ္ ၊သတင္းစာရွင္းလင္းပြဲခန္းမေဆာင္တြင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို အားေပးေထာက္ခံေသာ ကိုးရီးယားလႊတ္ေတာ္အမတ္မ်ားအဖြဲ႕မွ လႊတ္ေတာ္ အမတ္ မစၥယုံဟဲ့အင္ ဦးေဆာင္၍ ကိုးရီးယားျပည္သူ႔အဖြဲ႕အစည္း ၁၀၆ ဖြဲ႕ႏွင့္ ပူးေပါင္းကာ သတင္းစာရွင္းလင္းပြဲက်င္းပၿပီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာျမန္မာစစ္တပ္ ခြင့္မလႊတ္ႏိုင္ေသာ ေသဒဏ္စီရင္မႈကို က်ဴးလြန္သျဖင့္ ကန႔္ကြက္ရႈံခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ သည္။
၈၈မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ဦးေက်ာ္မင္းယု (ခ) ဦးဂ်င္းမီ ၊ အမ်ိဳ းသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္ ၊ ဦးလွမ်ိဳးေအာင္ ႏွင့္ ဦးေအာင္သူရေဇာ္ တို႔ကို စစ္တပ္က ေသ ဒဏ္ စီရင္မႈသည္ ခြင့္မလႊတ္ႏိုင္ေသာ လုပ္ရပ္ျဖစ္ၿပီး ထို က်ဴးလြန္မႈအတြက္ ျမန္မာစစ္တပ္အေနျဖင့္ က်ိန္းေသေပါက္ ျပန္လည္ေပးဆပ္ရမည္ဟု ေျပာဆိုသည္။

“ျမန္မာစစ္တပ္၏ ခြင့္မလႊတ္ႏိုင္တဲ့ ေသဒဏ္စီရင္မႈကို ရႈတ္ခ်ပါတယ္။ ျမန္မာစစ္တပ္၏ ခြင့္မလႊတ္ႏိုင္တဲ့ ေသဒဏ္စီရင္မႈကို ရႈတ္ခ်ပါတယ္။ ျမန္မာစစ္တပ္က က်ိန္းေသေပါက္ ျပန္လည္ေပးဆပ္ရမယ္ ” ဟု ကိုရီးယားျပည္သူ႔အဖြဲ႕ ၁၀၆ ဖြဲ႕၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
တရားမဝင္ အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ေသဒဏ္စီရင္မႈကို အတင္း အက်ပ္ျပဳလုပ္မည္ဆိုပါက ႏိုင္ငံတကာ အသိုင္းအဝိုင္းအား ရန္စမႈတစ္ခုအျဖစ္ မွတ္ယူမည္ျဖစ္ေၾကာင္း၊ ကြပ္မ်က္မႈကို ခ်က္ခ်င္း ႐ုပ္သိမ္းရန္ ျမန္မာစစ္တပ္အား ျပင္းထန္ေသာ သတိေပးခ်က္ ထုတ္ျပန္ထားခဲ့ေသာ္လည္း ဒီမိုကေရစီအေရး လႈပ္ရွားသူမ်ားကို သတ္ျဖတ္ၿပီး အေလာင္းမ်ားကိုပင္ က်န္ရစ္သူမိ သားစုထံ လႊဲေျပာင္းေပးရန္ ျငင္းဆိုခဲ့ၿပီး က်န္ရစ္သူမိသားစုမ်ားအတြက္ ပိုၿပီး ဝမ္း နည္းေစခဲ့ေၾကာင္း၊ စစ္တပ္က လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇဝတ္မႈမ်ားကို ပိုမို က်ဴးလြန္ႏိုင္စြမ္းရွိေသာ အုပ္စုျဖစ္ေၾကာင္း သက္ေသျပခဲ့ျခင္းသာ ျဖစ္ေၾကာင္း၊ ျမန္မာစစ္တပ္ႏွင့္ အလုပ္ လုပ္ကိုင္ေနေသာ ေတာင္ကိုရီးယားကုမၸဏီမ်ားကို ထပ္မံသတိေပးလိုက္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ေတာင္ကိုရီးယား ကုမၸဏီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အစိုးရအေနျဖင့္ မူအရ တုံ႔ျပန္ေဆာင္႐ြက္မႈႏွင့္ အတူ သက္ဆိုင္ေသာ ဥပေဒႏွင့္ စနစ္မ်ားကို ယခုမွစတင္ၿပီး ျပဳျပင္ေျပာင္းလဲ အေရးယူရန္ လိုအပ္ေၾကာင္း ေၾကညာခ်က္တြင္ တိုက္တြန္းထားသည္။
ယင္းေနာက္ ဇူလိုင္လ ၂၈ ရက္ေန႔ ကိုရီးယားေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီ တိတိအခ်ိန္တြင္ ေတာင္ကိုရီးယား လြတ္ေတာ္အတြင္းရွိ အစည္းေဝးခန္းမေဆာင္ အမွတ္(၃)တြင္ Myanmar Revolution Forumကို က်င္းပျပဳလုပ္ခဲ့သည္။

ထို Forumကို ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ အစိုးရ၏ ကိုရီးယား သမၼတႏိုင္ငံဆိုင္ရာ ျမန္မာကိုယ္စာလွယ္႐ုံးမွ ကမကထျပဳကာ ကိုရီးယားႏိုင္ငံ၏ အေျခခံ လစာပါတီမွ လႊတ္ေတာ္အမတ္ျဖစ္သူ မစၥယုန္ဟဲအင္ ႏွင့္ ဒီမိုကရက္တစ္ပါတီမွ လႊတ္ေတာ္အမတ္ျဖစ္သူ မစၥတာ ဂိုေယာင္အင္ တို႔မွ ပူးေပါင္းပါဝင္ခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါ Forum သို႔ ျမန္မာ့ဒီမိုကေရစီအေရးကို စိတ္ပါဝင္စားၾကသည့္ ကိုရီးယားလႊတ္ေတာ္အမတ္မ်ား၊ကိုရီးယား တကၠသိုလ္အခ်ိဳ႕မွ ပါေမာကၡမ်ား၊တတ္သိပညာရွင္မ်ား ကိုရီးယားႏိုင္ငံရွိ အစိုးရမဟုတ္ေသာ NGOs အဖြဲ႕အစည္းမ်ားမွ ဦးေဆာင္သူမ်ားအပါအဝင္ ျမန္မာ့အဖြဲ႕အစည္း အသီးသီးမွ ပုဂၢိဳလ္မ်ား၊ အထူးဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား ႏွင့္ ျမန္မာ့ႏိုင္ငံအေရးကို စိတ္ပါဝင္စားၾကသည့္ ကိုရီးယားႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ား စုစုေပါင္း လူဦးေရ (၆၀) ခန႔္ တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

ထို Forumသို႔ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ အမ်ိဳးသားညီၫႊတ္ေရး အစိုးရ၏ ႏိုင္ငံျခားေရး ဝန္ႀကီးဌာမွ ျပည္ေထာင္စု ဝန္ႀကီး ေဒၚဇင္မာေအာင္ ကလည္း အခန္းအနား အဖြင့္မိန႔္ခြန္းကို ဗြီဒီယို ႐ုပ္သံဖိုင္ျဖင့္ေပးပို႔ခဲ့ေၾကာင္း သိရွိရသည္။
အခမ္းအနားအစီအစဥ္မ်ားအရ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ၏ ကိုရီးယားသမၼတႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ဦးရန္ႏိုင္ထြန္း၊ကိုရီးယား လြတ္ေတာ္အမတ္မ်ားျဖစ္ၾကသည့္ မစၥ ယုန္ဟဲအင္းႏွင့္ မစၥတာ ဂိုေယာင္အင္း တို႔က အဖြင့္ ႏူတ္ခြန္းဆက္စကားမ်ားကို ေျပာၾကားခဲ့ၿပီးေနာက္ အမ်ိဳးသား ညီၫႊတ္ေရးအစိုးရ၏ ႏိုင္ငံေရးလမ္းစဥ္ႏွင့္ မူဝါဒမ်ား ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕စည္းမ်ားႏွင့္ NUG ၏ အခန္း ကဏၭ ၊ NUGအစိုးရ၏ ဘ႑ာေရးဆိုင္ရာစိန္ေခၚမႈမ်ားႏွင့္ ေထာက္ပံ့ေရးဆိုင္ရာ နည္းဗ်ဴဟာ အစရွိသည္တို႔ကို ကိုရီးယားႏိုင္ငံဆိုင္ရာ NUG ကိုယ္စားလွယ္႐ုံးမွ တာဝန္ခံမ်ားက ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရွိရ သည္။

ထို႔ေနာက္ မြန္းလြဲ (၁)နာရီတိတိ အခ်ိန္တြင္ ဒုတိယပိုင္း အစီအစဥ္ကို ဆက္ လက္က်င္းပရာ လက္ရွိျမန္မာ့ စီးပြားေရးအေျခအေနမ်ားႏွင့္ CDM ၊ အလုပ္ သမားမ်ား၏ အခက္အခဲမ်ား ၊ စစ္ေျပးဒုကၡသည္မ်ား (refuge)ႏွင့္ စစ္ေရွာင္ျပည္သူမ်ား(IDPs)၏ အေျခအေန ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ကိုရီးယားႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံးလႈပ္ရွားမႈမ်ား ၊ ျမန္မာ့ေႏြဦးေတာ္လွန္ေရးအား သုံးသပ္ျခင္းႏွင့္ ကိုရီးယား အစိုးရႏွင့္ လူမႈအသိုင္းအဝန္းသို႔ တင္ျပေတာင္းဆိုျခင္း အစရွိသည့္ အေၾကာင္းအရာတို႔ကို ကိုရီးယားႏိုင္ငံဆိုင္ရာ NUG ကိုယ္ စားလွယ္႐ုံးမွ တာဝန္ခံမ်ားက ေဆြးေႏြးတင္ျပခဲ့ၾကၿပီးေနာက္ အျပန္အလွန္အေမးအေျဖ က႑မ်ားႏွင့္ သုံးသပ္ေဆြးေႏြးျခင္း အစီအစဥ္မ်ားကို ဆက္လက္ ျပဳလုပ္ခဲ့ၾကၿပီး အခမ္းအနားကို ညေန (၄)နာရီ အခ်ိန္တြင္ ေအာင္ျမင္စြာျဖင့္ ၿပီးဆုံးေၾကာင္း သိရွိရသည္။

crd

Leave a Reply

Your email address will not be published.