NUG ကိုယ်စားလှယ်ရုံး သြစတြေးလျတွင် တရားဝင်ဖွင့်မည်

News

Unicode
NUG ကိုယ်စားလှယ်ရုံး သြစတြေးလျတွင် တရားဝင်ဖွင့်မည်
ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်ရုံးအား သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် လာမည့်အပတ်အတွင်း တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာထွန်းအောင်ရွှေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ဒေါက်တာထွန်းအောင်ရွှေက “NUG ရုံးခန်းကို ကင်ဘာရာမြို့တော်မှာ တရားဝင် ဖွင့်လှစ်နိုင်ပါတော့မယ်။ သြစတြေးလျအစိုးရရဲ့ မူဝါဒ ပြောင်းလဲလာဖို့ ရှိလာချိန်မှာ အစိုးရ၊ လွှတ်တော်၊ သံတမန်အသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် နေထိုင်အလုပ်လုပ်နိုင်အောင် ပံ့ပိုးကူညီပေးကြတဲ့ သြစတြေးလျရှိ မြန်မာမိသားစုများ၊ CRPH/NUG Support Group အဖွဲ့ဝင်များကို ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောထားသည်။

NUG ၏ ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်ပွဲသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများလည်း တက်ရောက်ရန်ရှိနေပြီး သြစတြေးလျအစိုးရ အနေဖြင့် စစ်အစိုးရ၏ အတိုက်အခံများနှင့် နိုင်ငံရေးအဆက်အသွယ်များ တည်ဆောက်ရန် ပိုမိုဆန္ဒရှိနေသည့် လက္ခဏာရပ် ဖြစ်ကြောင်းလည်း ABC သတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်ကလည်း NUG ကိုယ်စားလှယ်ရုံးသို့ မြန်မာ့အရေးတွင် ထင်ရှားသူ သြစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်လာရောက်လည်ပတ်ကာ မကြာမီစတင်တော့မည့် ၄၇ ကြိမ်‌မြောက် သြစတြေးလျလွှတ်တော်နှင့် အစိုးရသစ်ထံ မြန်မာ့အရေးအတွက် ကိုယ်စားလှယ်ရုံးက တင်ပြရန် စီစဉ်ထားမှုများအား ဆွေးနွေးနိုင်ခဲ့ပြီး ကောင်းမွန်သည့်အကြံဉာဏ်များ ရယူနိုင်ခဲ့ကြောင်းလည်း ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

Zawgyi

hihihihihihihihihi

this is test

NUG ကိုယ္စားလွယ္႐ုံး ၾသစေၾတးလ်တြင္ တရားဝင္ဖြင့္မည္
ဧရာဝတီ၊ ဇူလိုင္ ၂၉၊ ၂၀၂၂
အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ကိုယ္စားလွယ္႐ုံးအား ၾသစေၾတးလ်ႏိုင္ငံ၊ ကင္ဘာရာၿမိဳ႕တြင္ လာမည့္အပတ္အတြင္း တရားဝင္ ဖြင့္လွစ္ေတာ့မည္ ျဖစ္ေၾကာင္း ကိုယ္စားလွယ္ျဖစ္သူ ေဒါက္တာထြန္းေအာင္ေ႐ႊက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ အသိေပးထားသည္။

ေဒါက္တာထြန္းေအာင္ေ႐ႊက “NUG ႐ုံးခန္းကို ကင္ဘာရာၿမိဳ႕ေတာ္မွာ တရားဝင္ ဖြင့္လွစ္ႏိုင္ပါေတာ့မယ္။ ၾသစေၾတးလ်အစိုးရရဲ႕ မူဝါဒ ေျပာင္းလဲလာဖို႔ ရွိလာခ်ိန္မွာ အစိုးရ၊ လႊတ္ေတာ္၊ သံတမန္အသိုင္းအဝန္းနဲ႔ နီးနီးကပ္ကပ္ ေနထိုင္အလုပ္လုပ္ႏိုင္ေအာင္ ပံ့ပိုးကူညီေပးၾကတဲ့ ၾသစေၾတးလ်ရွိ ျမန္မာမိသားစုမ်ား၊ CRPH/NUG Support Group အဖြဲ႕ဝင္မ်ားကို ေက်းဇူးအထူးတင္ပါတယ္” ဟု ေျပာထားသည္။

NUG ၏ ကိုယ္စားလွယ္႐ုံး တရားဝင္ဖြင့္ပြဲသို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အႀကီးတန္းအရာရွိမ်ားလည္း တက္ေရာက္ရန္ရွိေနၿပီး ၾသစေၾတးလ်အစိုးရ အေနျဖင့္ စစ္အစိုးရ၏ အတိုက္အခံမ်ားႏွင့္ ႏိုင္ငံေရးအဆက္အသြယ္မ်ား တည္ေဆာက္ရန္ ပိုမိုဆႏၵရွိေနသည့္ လကၡဏာရပ္ ျဖစ္ေၾကာင္းလည္း ABC သတင္းဌာနက ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၂၀ ရက္ကလည္း NUG ကိုယ္စားလွယ္႐ုံးသို႔ ျမန္မာ့အေရးတြင္ ထင္ရွားသူ ၾသစေၾတးလ် အထက္လႊတ္ေတာ္အမတ္ ဒင္းစမစ္လာေရာက္လည္ပတ္ကာ မၾကာမီစတင္ေတာ့မည့္ ၄၇ ႀကိမ္‌ေျမာက္ ၾသစေၾတးလ်လႊတ္ေတာ္ႏွင့္ အစိုးရသစ္ထံ ျမန္မာ့အေရးအတြက္ ကိုယ္စားလွယ္႐ုံးက တင္ျပရန္ စီစဥ္ထားမႈမ်ားအား ေဆြးေႏြးႏိုင္ခဲ့ၿပီး ေကာင္းမြန္သည့္အႀကံဉာဏ္မ်ား ရယူႏိုင္ခဲ့ေၾကာင္းလည္း ကိုယ္စားလွယ္႐ုံးက ထုတ္ျပန္ထားသည္။
#WhatsHappeningInMyanmar
#RejectMilitaryCoup

Leave a Reply

Your email address will not be published.