ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်များတွင် စပါးကြိတ်မည့်သူမရှိလို့ လည်ပတ်မှုရပ်နားထားရ

News

Unicode
ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်များတွင် စပါးကြိတ်မည့်သူမရှိလို့ လည်ပတ်မှုရပ်နားထားရ

ဧရာဝတီတိုင်းမ်၊ (မအူပင်)

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့က ဆန်စက်အများစုတွင် စပါးကြိတ်ခွဲမည့်သူမရှိသဖြင့် လည်ပတ်မှုရပ်နားထားရကြောင်း ဒေသခံ ဆန်စက်လုပ်ငန်းရှင်အချို့ထံမှ သိရသည်

ဆန်စက်များ ရပ်နားထားရသည်မှာ ၁ လ ကျော်ကြာပြီဖြစ်ပြီး ဆက်လက်ရပ်နားထားရပါက ဆန်စက်ကို မှီခိုနေရသူအများစု စားဝတ်နေရေး ခက်ခဲလာနိုင်သည်ဟု ဆန်စက်လုပ် သားတစ်ဦးက ဆိုသည်

စပါးကြိတ်ခွဲမှုတွေ မလုပ်နိုင်တာ ၁လ ကြော်ပြီ အလုပ်သမားတွေကလည်း ဆန်စက်ပိုင်ရှင်တွေက ပေးကျွေးနေလို့သာ စားဝတ်နေရေးအတွက် အဆင်ပြေနေသေးတာပေါ့

hihihihihihihihihi

this is test

ရေရှည်ရပ်တည်ဖို့ကလည်း ခုချိန်မှာ အလုပ်ကရှားပါးနေလို့ မိသားစုတွေအတွက်ကိုတော့ စိုးရိမ်နေရသေးတယ် ဟု ဆန်စက်အလုပ်သမားတစ်ဦးက ပြောသည်

ဧရာဝတီတိုင်းရှိ ၂၆ မြို့နယ်တွင်ဆန်စက် အလုံးရေ ၃၀ ကျော်ရှိပြီး စပါးကြိတ်ခွဲသူမရှိလို့ ဆန်စက်တွေ ပိတ်ထားရသည့် စက်အလုံး ၂၀ အထိ ရှိနေကြောင်း အချို့ဆန်စက်များမှာ စပါးကြိတ်ခွဲ မလုပ်ရသည်မှာ ၃ လ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည် Source: ဧရာဝတီတိုင်းမ်

Zawgyi








Leave a Reply

Your email address will not be published.