Unicode
” ငယ်ငယ် က စီးခဲ့ရ တဲ့ ဗိုက်ပူ (ခ) ချက်ကြီး ”
ကားပေါ် ရောက်တာ နဲ့ ..
တွေ့လိုက်ရတာ က …




သတိ… ဆီ ၊
ရေ ၊
this is test
လေ ၊
ဝိုင် (အင်ဂျင်ဝိုင်)
တစ်ဝုန်းဝုန်း ၊ တစ်ဒိုင်းဒိုင်း .. နဲ့
ဆူညံနေတဲ့အသံ တွေ …
သစ်သားဘော်ဒီ…
သစ်သားထိုင်ခုံ…
ပိတ်ရဖွင့်ရခက်တဲ့
သစ်သားတံခါး…




” လက် မထုတ်ရ
ဂေါင်း မပြူရ
ခါးပိုက်နှိုက် သတိပြု … ”
ခေါင်းခန်း ကားဆရာဘေး က
သံဃာတော်ဦးစားပေးခုံက
ကိုယ်တွေစီးနေကြနေရာလေး…
ကားကိုဝါသနာပါလို့
ကားဆရာကြီး မောင်းတာကို
ကြည့်နေရတာနဲ့ မှတ်တိုင်တွေ
ခဏခဏ ကျော်ခဲ့ဖူးတယ် … ။




မောင်းရတာကို ကလည်း
ရှုပ်ယှက်တွေခတ်နေတာ ကိုး
ဂီယာတံဒုတ်ထောက်…
ဘရိတ်နဲ့ လီဗာပြောင်းပြန်
ဘရိတ်ကိုသက်စေ့ တော့ …
၅ မှတ်တိုင်လောက်ဆို
ဘရိတ်ဆီဘူးထဲ ဆပ်ပြာရည်ဖြည့်…




အသွားအပြန် ၁ ကြောင်းဆို
အင်ဂျင်ဝိုင် ၁ လုံးထည့်…
ဟွန်းတီးတော့လည်း
ဝါယာ ၂ ချောင်းထိပြီး တီး …
စပါယ်ယာကြီး ပြောတာကလည်း
ခုခေတ်လို မရိုင်းပါဘူး




” အထဲတိုးစီးကြပါ
အလည်ခေါင်မှာ
ဆင်၂ကောင်
ဖင်ထောင်ကလို့ရတယ် ” တို့ ..
ပတ်စီးတွေ များလို့
ဂိတ်ကဝိုင်းအုံတတ်တဲ့သူတွေ ကို
” ဖြည်းဖြည်းတက်ကြပါ
နေရာတွေကတော့
ဗဒင်ဦးသွားပါပြီ “တို့ ..
မှတ်တိုင်မှာပြောနေကြက
“စင်းနှီတုံး…စင်းနှီတုံး”… တဲ့ ။




အဲ့လိုနဲ့ …ကိုယ်ဆင်းမယ့်
မှတ်တိုင်ရောက်ခါနီး
အပေါက်နားရောက်လို့
တွေ့လိုက်ရတာက
သတိ…ဂေါင်းငုံ့ဆင်းပါ
ဆိုတာ ကာတွန်းလေးနဲ့…
အဲ့လိုနဲ့ဆင်းပြီး
လည်ပြန်လေးပြန်လှည့်ကြည့်တော့ …
ကားနောက်ဖက်အပေါက်မှာ
တွေ့လိုက်ပါတယ်
တွယ်မစီးရ…တဲ့ ။




ကဲ…ဟုတ်ပါတယ်လေ
ပစ္စည်းသင်္ခါရ လူသင်္ခါရမို့
သံယောဇဉ်တွေ
မတွယ်ထားတော့ပါဘူး…
ဒါပေမယ့်…မနေ့ကလိုပဲ
သတိရနေဆဲ ၊ လွမ်းနေဆဲ ပါပဲ…
ချက်ဗလက်ကြီးရယ်….. ။
Htet Yee
Zawgyi
” ငယ္ငယ္ က စီးခဲ့ရ တဲ့ ဗိုက္ပူ (ခ) ခ်က္ႀကီး ”
ကားေပၚ ေရာက္တာ နဲ႔ ..
ေတြ႕လိုက္ရတာ က …




သတိ… ဆီ ၊
ေရ ၊
ေလ ၊
ဝိုင္ (အင္ဂ်င္ဝိုင္)
တစ္ဝုန္းဝုန္း ၊ တစ္ဒိုင္းဒိုင္း .. နဲ႔
ဆူညံေနတဲ့အသံ ေတြ …
သစ္သားေဘာ္ဒီ…
သစ္သားထိုင္ခုံ…




ပိတ္ရဖြင့္ရခက္တဲ့
သစ္သားတံခါး…
” လက္ မထုတ္ရ
ေဂါင္း မျပဴရ
ခါးပိုက္ႏႈိက္ သတိျပဳ … ”




ေခါင္းခန္း ကားဆရာေဘး က
သံဃာေတာ္ဦးစားေပးခုံက
ကိုယ္ေတြစီးေနၾကေနရာေလး…
ကားကိုဝါသနာပါလို႔
ကားဆရာႀကီး ေမာင္းတာကို
ၾကည့္ေနရတာနဲ႔ မွတ္တိုင္ေတြ
ခဏခဏ ေက်ာ္ခဲ့ဖူးတယ္ … ။




ေမာင္းရတာကို ကလည္း
ရႈပ္ယွက္ေတြခတ္ေနတာ ကိုး
ဂီယာတံဒုတ္ေထာက္…
ဘရိတ္နဲ႔ လီဗာေျပာင္းျပန္
ဘရိတ္ကိုသက္ေစ့ ေတာ့ …
၅ မွတ္တိုင္ေလာက္ဆို
ဘရိတ္ဆီဘူးထဲ ဆပ္ျပာရည္ျဖည့္…
အသြားအျပန္ ၁ ေၾကာင္းဆို
အင္ဂ်င္ဝိုင္ ၁ လုံးထည့္…




ဟြန္းတီးေတာ့လည္း
ဝါယာ ၂ ေခ်ာင္းထိၿပီး တီး …
စပါယ္ယာႀကီး ေျပာတာကလည္း
ခုေခတ္လို မ႐ိုင္းပါဘူး
” အထဲတိုးစီးၾကပါ
အလည္ေခါင္မွာ
ဆင္၂ေကာင္
ဖင္ေထာင္ကလို႔ရတယ္ ” တို႔ ..
ပတ္စီးေတြ မ်ားလို႔
ဂိတ္ကဝိုင္းအုံတတ္တဲ့သူေတြ ကို
” ျဖည္းျဖည္းတက္ၾကပါ
ေနရာေတြကေတာ့
ဗဒင္ဦးသြားပါၿပီ “တို႔ ..




မွတ္တိုင္မွာေျပာေနၾကက
“စင္းႏွီတုံး…စင္းႏွီတုံး”… တဲ့ ။
အဲ့လိုနဲ႔ …ကိုယ္ဆင္းမယ့္
မွတ္တိုင္ေရာက္ခါနီး
အေပါက္နားေရာက္လို႔
ေတြ႕လိုက္ရတာက
သတိ…ေဂါင္းငုံ႔ဆင္းပါ
ဆိုတာ ကာတြန္းေလးနဲ႔…
အဲ့လိုနဲ႔ဆင္းၿပီး
လည္ျပန္ေလးျပန္လွည့္ၾကည့္ေတာ့ …




ကားေနာက္ဖက္အေပါက္မွာ
ေတြ႕လိုက္ပါတယ္
တြယ္မစီးရ…တဲ့ ။
ကဲ…ဟုတ္ပါတယ္ေလ
ပစၥည္းသခၤါရ လူသခၤါရမို႔
သံေယာဇဥ္ေတြ
မတြယ္ထားေတာ့ပါဘူး…
ဒါေပမယ့္…မေန႔ကလိုပဲ
သတိရေနဆဲ ၊ လြမ္းေနဆဲ ပါပဲ…
ခ်က္ဗလက္ႀကီးရယ္….. ။
Htet Yee