အဆောက်အဦးတစ်ခုအတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ်ချပ်အရေအတွက်တွက်နည်းနှင့် အုတ်စီနည်း

Knowledge

Unicode
အဆောက်အဦးတစ်ခုအတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ်ချပ်အရေအတွက်တွက်နည်းနှင့် အုတ်စီနည်း

အဆောက်အဦးတစ်ခုအတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ်ချပ်အရေအတွက်တွက်နည်းနှင့် အုတ်စီနည်းကို ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။

(၁၀×၁၀)ပတ်လည်တစ်ကျင်း ၉” လက်မ အုတ်စီရာတွင် အလျား = ၂၆ ချပ်၊ အနံ ၄၀ ချပ်ဖြင့် အုတ်အလုံးရေ ၁၀၄၀ ချပ်လိုအပ်မှာဖြစ်ပါတယ်။

(၄”လက်မခွဲ ) အုတ်စီရာတွင်ကုန်ကျနည်းပါတစ်ခါတည်း တင်ပေးလိုက်ပါတယ်။ (၁၀×၁၀) ပတ်လည် ၄”လက်မခွဲ အုတ်စီရာတွင် အလျား =၁၃ ချပ်၊ ၅ မူး။

၅ မူး ဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ်ရဲ့ နှစ်ပိုင်း တစ်ပိုင်းကို ၅ မူးလို့ သတ်မှတ်ပါတယ်။ အနံ (မြင့်) ၄၀ ချပ်၊၁၃/၅×၄၀ = ၅၄၀ ချပ်ကုန်ပါတယ်။

hihihihihihihihihi

this is test

၉” လက်မအုတ်ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ်ကုန်ပါတယ်။ ၄”လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်းကုန်ပါတယ်။

(၉”)လက်မအုတ်ရိုးစီရာတွင် အလွှားမထက်ရာအောင် ‘စုံ,မ ခွဲခြားစီတတ်ဖို့လိုပါတယ်။

ဒါမှ ဒမ်နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။

၃-၅-၇-၉ မ ဂဏန်းများတွင် ဒမ်စီပြီးသွားရရပါမည်။ ၂-၄-၆-၈ စုံ ဂဏန်းများတွင်အကွက်ဖော်ပြီးစီးသွားရပါမည်။အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့်အမြင်ကောင်းကောင်းရှိပါသည်။

နောက်ပြီး ဂျပန်ကွက်၊ တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။

ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။

တရုပ်ကွက်တွင် အဲ့လိုမဟုတ်တော့ပဲ အလျား ၂ ခဲ အနံ ၁ ခဲဖြစ်ပါတယ်။

ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက်နှင့်စီသွားပြီး အလျား ၂ ခဲအနံ ၂ခဲ စီရင်ပိုခိုင်ပါတယ်။

ဒီလောက်ဆို အဆောက်အဦးဆောက်မည့်သူများအတွက် အုတ်စီးနည်းနှင့် ကုန်ကျစရိတ်တို့ကို အကြမ်းဖျင်းတွက်ကြည့်နိုင်မယ်လို့ထင်ပါတယ်။
crd

Zawgyi















crd

Leave a Reply

Your email address will not be published.