Unicode
ယနေ့ ရန်ကုန်တိုင်း စမ်းချောင်း ဗဟိုလမ်းမှာ ဖြစ်သွားတာလေးပါ
စမ်းချောင်း၊ ဗဟိုလမ်းတွင် စစ်ကားပေါ် တင် ဖမ်းလာသော လူငယ်တစ်ဦး ထွက်ပြေး၍ စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီး၊ လူငယ် ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် စစ်ကားပေါ်တွင် တင်၍ ဖမ်းလာသော လူငယ်တစ်ဦး ထွက်ပြေး၍ စစ်တပ်က
လိုက်လံ ပစ်ခတ် ဖမ်းဆီးမှု ယနေ့ နံနက်ပိုင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
this is test




“လူငယ်လေးတစ်ဦးကို စစ်ကားပေါ်တင်ထားတယ်။ ဖမ်းလာတာက ဘယ်ကဖမ်းလာတာလဲတော့မသိဘူး။ အဲဒါ စစ်သားတွေက ကားရပ်ပြီး
ဗဟိုလမ်းနားမှာ လူငယ်တွေရဲ့ ဖုန်းတွေလိုက်စစ်နေတာ။ အဲဒီအချိန်မှာ စစ်ကားပေါ်က လူငယ်က ဆင်းပြေးတယ်။ ဆင်းပြေးတာကို လိုက်ဖမ်းတာ။
လူငယ်ကလည်း အောင်ချမ်းသာထဲကို ဝင်ပြေးမိတာ။ အောင်ချမ်းသာအပိတ်ကြီးဆိုတော့ မိသွားတယ်။ သေနတ်နဲ့လိုက်ပစ်တယ်။
၅ ချက် ၆ ချက်လောက်ရှိမယ်။ ဒဏ်ရာတော့ ရသွားတယ်” ဟု စမ်းချောင်းမင်းလမ်းတွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။




အကြမ်းဖက်စစ်တပ်၏ လော်ဘီသတင်းဌာနတချို့ကမူ လက်လုပ်ဗုံးတွေ့၍ ပစ်ခတ်ဖမ်းဆီးသည်ဟု သတင်းဖော်ပြသော်လည်း
ဒေသခံများကမူ ဖုန်းအတွင်းမှ နိုင်ငံရေးပို့စ်တွေ့ရှိ၍ ဖမ်းဆီးလာသော လူငယ်တစ်ဦးဟု ပြောဆိုသည်။
“စစ်ကားတွေနဲ့ ကြုံရာရပ်ပြီး လူငယ်မြင်ရင် ဖုန်းစစ်တာ။ အဲဒါ ပရိုဖိုင် ချိန်းတာတို့ နိုင်ငံရေးပို့စ်ရှယ်တာတွေရင် ကားပေါ် ဆွဲတင်ဖမ်းတာပဲ။




အခုနက လူငယ်ကလည်း စစ်ကားပေါ်မှာ အဲဒီလို ဖမ်းလာတာ။ ကျောပိုးအိတ်လေးနဲ့။ လိုက်ပြီး ပစ်ဖမ်းတာကတော့
တကယ့်ကို လူဆိုး ဖမ်းသလို လိုက်ဖမ်းတာ။ သူ့ဟာသူ ကျောပိုးအိတ်လေးနဲ့ ထိုင်နေတာကားပေါ်မှာ။ လစ်တော့ ထွက်ပြေးတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။




စမ်းချောင်း၊ဗဟိုလမ်းပစ်ခတ်မှုဖြစ်စဉ်အပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာနေသော်လည်း စစ်တပ် အရပ်ဝတ်တချို့ လှည့်ကင်းပတ်နေကြောင်း၊
အိမ်စီးကားတချို့ဖြင့် လှည့်လည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- စမ်းချောင်းဗဟိုလမ်း။(ပုံအဟောင်းဖြစ်သည်)
Credit




Zawgyi
ယေန႔ ရန္ကုန္တိုင္း စမ္းေခ်ာင္း ဗဟိုလမ္းမွာ ျဖစ္သြားတာေလးပါ
စမ္းေခ်ာင္း၊ ဗဟိုလမ္းတြင္ စစ္ကားေပၚ တင္ ဖမ္းလာေသာ လူငယ္တစ္ဦး ထြက္ေျပး၍ စစ္တပ္က လိုက္လံ ပစ္ခတ္ဖမ္းဆီး၊ လူငယ္ ဒဏ္ရာရ
ရန္ကုန္၊ ဇူလိုင္ ၂၉
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗဟိုလမ္းတြင္ စစ္ကားေပၚတြင္ တင္၍ ဖမ္းလာေသာ လူငယ္တစ္ဦး ထြက္ေျပး၍ စစ္တပ္က
လိုက္လံ ပစ္ခတ္ ဖမ္းဆီးမႈ ယေန႔ နံနက္ပိုင္းျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။




“လူငယ္ေလးတစ္ဦးကို စစ္ကားေပၚတင္ထားတယ္။ ဖမ္းလာတာက ဘယ္ကဖမ္းလာတာလဲေတာ့မသိဘူး။ အဲဒါ စစ္သားေတြက ကားရပ္ၿပီး
ဗဟိုလမ္းနားမွာ လူငယ္ေတြရဲ႕ ဖုန္းေတြလိုက္စစ္ေနတာ။ အဲဒီအခ်ိန္မွာ စစ္ကားေပၚက လူငယ္က ဆင္းေျပးတယ္။ ဆင္းေျပးတာကို လိုက္ဖမ္းတာ။
လူငယ္ကလည္း ေအာင္ခ်မ္းသာထဲကို ဝင္ေျပးမိတာ။ ေအာင္ခ်မ္းသာအပိတ္ႀကီးဆိုေတာ့ မိသြားတယ္။ ေသနတ္နဲ႔လိုက္ပစ္တယ္။
၅ ခ်က္ ၆ ခ်က္ေလာက္ရွိမယ္။ ဒဏ္ရာေတာ့ ရသြားတယ္” ဟု စမ္းေခ်ာင္းမင္းလမ္းတြင္ ေနထိုင္သူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။




အၾကမ္းဖက္စစ္တပ္၏ ေလာ္ဘီသတင္းဌာနတခ်ိဳ႕ကမူ လက္လုပ္ဗုံးေတြ႕၍ ပစ္ခတ္ဖမ္းဆီးသည္ဟု သတင္းေဖာ္ျပေသာ္လည္း
ေဒသခံမ်ားကမူ ဖုန္းအတြင္းမွ ႏိုင္ငံေရးပို႔စ္ေတြ႕ရွိ၍ ဖမ္းဆီးလာေသာ လူငယ္တစ္ဦးဟု ေျပာဆိုသည္။
“စစ္ကားေတြနဲ႔ ႀကဳံရာရပ္ၿပီး လူငယ္ျမင္ရင္ ဖုန္းစစ္တာ။ အဲဒါ ပ႐ိုဖိုင္ ခ်ိန္းတာတို႔ ႏိုင္ငံေရးပို႔စ္ရွယ္တာေတြရင္ ကားေပၚ ဆြဲတင္ဖမ္းတာပဲ။
အခုနက လူငယ္ကလည္း စစ္ကားေပၚမွာ အဲဒီလို ဖမ္းလာတာ။ ေက်ာပိုးအိတ္ေလးနဲ႔။ လိုက္ၿပီး ပစ္ဖမ္းတာကေတာ့




တကယ့္ကို လူဆိုး ဖမ္းသလို လိုက္ဖမ္းတာ။ သူ႔ဟာသူ ေက်ာပိုးအိတ္ေလးနဲ႔ ထိုင္ေနတာကားေပၚမွာ။ လစ္ေတာ့ ထြက္ေျပးတာပါ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။
စမ္းေခ်ာင္း၊ဗဟိုလမ္းပစ္ခတ္မႈျဖစ္စဥ္အၿပီး ပုံမွန္အတိုင္း ျပန္လည္သြားလာေနေသာ္လည္း စစ္တပ္ အရပ္ဝတ္တခ်ိဳ႕ လွည့္ကင္းပတ္ေနေၾကာင္း၊
အိမ္စီးကားတခ်ိဳ႕ျဖင့္ လွည့္လည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
ဓာတ္ပုံ- စမ္းေခ်ာင္းဗဟိုလမ္း။(ပုံအေဟာင္းျဖစ္သည္)
Credit