Unicode
စစ်သားများအတွက် လစာ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ် ထောက် ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် သိန်း ၂၀၀ ကျော် ပါသွား
ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တပ်အတွက် လစာများ ထုတ်ယူလာသော ဖောင်ကြီး ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ငွေကျပ် သိန်း ၂၀၀ ကျော်ကို သေနတ်သမားများက ယူဆောင်သွားကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံမှ သိရှိရသည်။




ယနေ့ ညနေ ၃ နာရီခွဲခန့်အချိန် ရန်ကုန်တိုင်း၊ စကခ ၄ လက်အောက်ခံ ဖောင်ကြီး ခမရ ၇၀၉ မှ တပ်ထောက်ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ ဆိုင်ကယ်နှစ်စီးဖြင့် လှည်းကူးဘဏ်မှ တပ်အတွက်လစာငွေထုတ်ပြီးအပြန် လှည်ကူးနှင့် ဖောင်ကြီးမြို့အကြားတွင် ဆီထည့်နေချိန် အမည်မသိ သေနတ်သမားတချို့ကပစ် ခတ်ခဲ့ကြောင်း၊ တပ်ထောက်ဗိုလ်ကြီးသေဆုံးပြီး ငွေသိန်းနှစ်ရာကျော်သွားကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ရေးရာလုံခြုံရေးဌာန(စရဖ)မှ ဗိုလ်မှူး တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။




“အခင်းဖြစ်တဲ့နေရာကို စစ်ဆေးရရှိတဲ့ ပုံတွေအရကတော့ သေကွင်းသေကွက်နဲ့ ခေါင်းကို တည်ပစ်သွားတာ။ လစာထုတ်လာတာကိုလည်း သိတယ်ဆိုတော့ အချင်းချင်းဖြစ်တာလား ဆိုတဲ့ သံသယလည်းရှိတယ်။ နောက်ကနေ တောက် လျှောက် ဆိုင်ကယ်နဲ့ လိုက်လာပြီး လုပ်ကြံသွားတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တာမျိုး တွေ့ရတယ်” ဟု ဗိုလ်မှူး(ဖရဲသီး)က ပြောဆိုသည်။
this is test




လက်ရှိတွင် စစ်တပ်က ဗိုလ်ကြီးပစ်ခတ်ခံရသည့်နေရာအနီးအနား ပတ်ဝန်း ကျင်ကျေးရွာများကို လုံခြုံရေး အကြီး အကျယ်ချထားပြီး အသေးစိတ် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အခင်းဖြစ်ပွားသော နေရာနှင့်ကျေးရွာများသည် အေးဆေးစွာ နေသော ဒေသများဖြစ်ကြောင်း၊ စစ်တပ်နှင့်နီးကပ် သော ကျေး ရွာ များဖြစ်နေ၍ လုံခြုံရေးအရ အေးဆေးသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ခမရ ၇၀၉ မှ တပ် ထောက် ဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။
Photo- ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စရဖ(ဖရဲသီး)




Zawgyi
စစ္သားမ်ားအတြက္ လစာ ထုတ္ယူလာေသာ ေဖာင္ႀကီး ခမရ ၇၀၉ မွ တပ္ ေထာက္ ဗိုလ္ႀကီးတစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံး၊ ေငြက်ပ္ သိန္း ၂၀၀ ေက်ာ္ ပါသြား
ရန္ကုန္၊ ဇူလိုင္ ၂၉
ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ တပ္အတြက္ လစာမ်ား ထုတ္ယူလာေသာ ေဖာင္ႀကီး ခမရ ၇၀၉ မွ တပ္ေထာက္ဗိုလ္ႀကီးတစ္ဦး ယေန႔ ပစ္ခတ္ခံရၿပီး ေသဆုံးသြားကာ ေငြက်ပ္ သိန္း ၂၀၀ ေက်ာ္ကို ေသနတ္သမားမ်ားက ယူေဆာင္သြားေၾကာင္း ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ထံမွ သိရွိရသည္။




ယေန႔ ညေန ၃ နာရီခြဲခန္႔အခ်ိန္ ရန္ကုန္တိုင္း၊ စကခ ၄ လက္ေအာက္ခံ ေဖာင္ႀကီး ခမရ ၇၀၉ မွ တပ္ေထာက္ဗိုလ္ႀကီးႏွင့္ တပ္ၾကပ္ႀကီးတစ္ဦးတို႔ ဆိုင္ကယ္ႏွစ္စီးျဖင့္ လွည္းကူးဘဏ္မွ တပ္အတြက္လစာေငြထုတ္ၿပီးအျပန္ လွည္ကူးႏွင့္ ေဖာင္ႀကီးၿမိဳ႕အၾကားတြင္ ဆီထည့္ေနခ်ိန္ အမည္မသိ ေသနတ္သမားတခ်ိဳ႕ကပစ္ ခတ္ခဲ့ေၾကာင္း၊ တပ္ေထာက္ဗိုလ္ႀကီးေသဆုံးၿပီး ေငြသိန္းႏွစ္ရာေက်ာ္သြားေၾကာင္း ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ စစ္ဘက္ေရးရာလုံၿခဳံေရးဌာန(စရဖ)မွ ဗိုလ္မႉး တစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ အတည္ျပဳေျပာဆိုသည္။




“အခင္းျဖစ္တဲ့ေနရာကို စစ္ေဆးရရွိတဲ့ ပုံေတြအရကေတာ့ ေသကြင္းေသကြက္နဲ႔ ေခါင္းကို တည္ပစ္သြားတာ။ လစာထုတ္လာတာကိုလည္း သိတယ္ဆိုေတာ့ အခ်င္းခ်င္းျဖစ္တာလား ဆိုတဲ့ သံသယလည္းရွိတယ္။ ေနာက္ကေန ေတာက္ ေလွ်ာက္ ဆိုင္ကယ္နဲ႔ လိုက္လာၿပီး လုပ္ႀကံသြားတဲ့ပုံစံမ်ိဳးလည္းျဖစ္ႏိုင္တာမ်ိဳး ေတြ႕ရတယ္” ဟု ဗိုလ္မႉး(ဖရဲသီး)က ေျပာဆိုသည္။




လက္ရွိတြင္ စစ္တပ္က ဗိုလ္ႀကီးပစ္ခတ္ခံရသည့္ေနရာအနီးအနား ပတ္ဝန္း က်င္ေက်း႐ြာမ်ားကို လုံၿခဳံေရး အႀကီး အက်ယ္ခ်ထားၿပီး အေသးစိတ္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း၊ အခင္းျဖစ္ပြားေသာ ေနရာႏွင့္ေက်း႐ြာမ်ားသည္ ေအးေဆးစြာ ေနေသာ ေဒသမ်ားျဖစ္ေၾကာင္း၊ စစ္တပ္ႏွင့္နီးကပ္ ေသာ ေက်း ႐ြာ မ်ားျဖစ္ေန၍ လုံၿခဳံေရးအရ ေအးေဆးေသာ ေက်း႐ြာမ်ားျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ခမရ ၇၀၉ မွ တပ္ ေထာက္ ဗိုလ္ႀကီးတစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံးေနစဥ္။
Photo- ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ စရဖ(ဖရဲသီး)