Unicode
မြို့လယ်ခေါင်ရဲစခန်းတခု ဝင်စီးခံရပြီး ရဲ ၄ဦးသေ
မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်မှာရှိတဲ့ ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များနဲ့ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ဦးဆောင်သူဆီက သိရပါတယ်။




ဇူလိုင်လ ၂၈ရက် မနေ့က နေ့လည် ၂နာရီခွဲလောက်က ဒလန်ရှင်းပြီးအပြန်မှာ အလစ်ဝင်တိုက်ခဲ့ကြတာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။
” ကျတော်တို့ဘက်က အလစ်ငိုက် အရင်ဦးသွားတဲ့အခါကျတော့ သူတို့ဘက်က ပြန်ပစ်ခြင်းတော့မရှိဘူး၊ ၁၅မိနစ်လောက် ဝင်ပစ်ခတ်ပြီးတော့ ဆုတ်လမ်းအတိုင်း ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့လည်း ရေးဘီလူးအဖွဲ့ဦးဆောင်သူကပြောပါတယ်။
this is test




၄၀မမ များ၊ လက်နက်ငယ်များသုံးကာ ဝင်စီးခဲ့တဲ့အတွက် ရဲ ၄ဦးသေဆုံးကာ ဆေးရုံမှာ ၅ယောက်လောက်ကုသနေပြီး အထိခိုက်များတယ်လို့လည်း သူကဆိုပါတယ်။
အခုလက်ရှိ ရေးမြို့ပေါ်မှာ လုံခြုံရေးအင်အားထပ်တိုးထားပြီး စစ်တပ်နဲ့ရဲတွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲက ခုလို မြို့လယ်ခေါင်မှာ တိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။




ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့ကလဲ စစ်ကောင်စီစစ်ဆေးဂိတ်တခုကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၂ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ




Zawgyi
ၿမိဳ႕လယ္ေခါင္ရဲစခန္းတခု ဝင္စီးခံရၿပီး ရဲ ၄ဦးေသ
မြန္ျပည္နယ္၊ ေရးၿမိဳ႕လယ္ေခါင္မွာရွိတဲ့ ရဲစခန္းကို လက္နက္ႀကီး လက္နက္ငယ္မ်ားနဲ႔ပစ္ခတ္ၿပီး ဝင္ေရာက္စီးနင္းခဲ့တယ္လို႔ ေရးဘီလူးအဖြဲ႕ ဦးေဆာင္သူဆီက သိရပါတယ္။




ဇူလိုင္လ ၂၈ရက္ မေန႔က ေန႔လည္ ၂နာရီခြဲေလာက္က ဒလန္ရွင္းၿပီးအျပန္မွာ အလစ္ဝင္တိုက္ခဲ့ၾကတာျဖစ္တယ္လို႔ ေရးဘီလူးအဖြဲ႕ ဦးေဆာင္သူက ေျပာပါတယ္။
” က်ေတာ္တို႔ဘက္က အလစ္ငိုက္ အရင္ဦးသြားတဲ့အခါက်ေတာ့ သူတို႔ဘက္က ျပန္ပစ္ျခင္းေတာ့မရွိဘူး၊ ၁၅မိနစ္ေလာက္ ဝင္ပစ္ခတ္ၿပီးေတာ့ ဆုတ္လမ္းအတိုင္း ျပန္ဆုတ္ခြာႏိုင္ခဲ့တယ္” လို႔လည္း ေရးဘီလူးအဖြဲ႕ဦးေဆာင္သူကေျပာပါတယ္။




၄၀မမ မ်ား၊ လက္နက္ငယ္မ်ားသုံးကာ ဝင္စီးခဲ့တဲ့အတြက္ ရဲ ၄ဦးေသဆုံးကာ ေဆး႐ုံမွာ ၅ေယာက္ေလာက္ကုသေနၿပီး အထိခိုက္မ်ားတယ္လို႔လည္း သူကဆိုပါတယ္။
အခုလက္ရွိ ေရးၿမိဳ႕ေပၚမွာ လုံၿခဳံေရးအင္အားထပ္တိုးထားၿပီး စစ္တပ္နဲ႔ရဲေတြ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားထဲက ခုလို ၿမိဳ႕လယ္ေခါင္မွာ တိုက္ခိုက္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။




ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၉ရက္ေန႔ကလဲ စစ္ေကာင္စီစစ္ေဆးဂိတ္တခုကို ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး ၂ဦးေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမလတ္အသံ