ယုတ်မာလိုက်တာ ချစ်သူရည်းစားတောင် မယုံရ ‼️ အဆောင်နေ တက္ကသိုလ်ကျောင်းသူကို ချစ်သူကောင်လေးမှ မြို့ပြင်ခေါ်ကာ…

News

Unicode
ယုတ်မာလိုက်တာ ချစ်သူရည်းစားတောင် မယုံရ ‼️

တက္ကသိုလ်ကျောင်းသူကို ချစ်သူကောင်လေးမှ လည်ပင်းဓားထောက်၍ နားကပ်လုယူပြီး လက်ပြန်ကြိုးတုပ်ကာ ရေထဲပစ်ချမှု ဖြစ်ပွား

အဆောင်နေ တက္ကသိုလ်ကျောင်းသူကို ချစ်သူကောင်လေးမှ မြို့ပြင်ခေါ်ကာ လည်ပင်းဓားထောက်၍ နားကပ်လုယူပြီး လက်ပြန်ကြိုးတုပ်ကာရေထဲပစ်ချမှု လောင်းလုံးတွင်ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့ ညနေ၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတားပေါ်မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကောင်မငယ်(ကောင်မလေး)က ထားဝယ်တက္ကသိုလ်က ပထဝီမေဂျာပထမနှစ်ကျောင်းသူ။ သူ့ကောင်လေးက မြို့ပြင်က စိုက်ပျိုးရေးခြံထဲခေါ်သွားပြီး ချိန်းတွေ့တယ်။ ကမြောကင်းတံတားပေါ်ရောက်မှ ဓားထောက်ပြီး နားကပ်လုတာ။ လုပြီးတော့ ဖုန်းအားသွင်းကြိုးနဲ့ လက်ပြန်ကြိုးတုပ်ပြီး ရေထဲပစ်ချတာ ” ဟု ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ရှင်းပြသည်။

hihihihihihihihihi

this is test

ယင်းကဲ့သို့ ရေထဲပစ်ချခဲ့ချိန်တွင် မိန်းကလေးသည် လက်ပြန်ကြိုးတုပ်ထားသည့် ဖုန်းအားသွင်းကြိုးကို ရအောင်ဖြည်ခဲ့ပြီး ရေကူးနေရချိန် သဲစုပ်လှေများနှင့်တွေ့ရှိခဲ့ကာ အဆိုပါလှေပေါ်ရှိ အလုပ်သမားများမှဆင်း၍ ကယ်ဆယ်ပေးခဲ့ပြီး မိဘများနှင့် ဆက်သွယ်စေခဲ့ကာ ကမြောကင်းနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။

“ ကောင်မလေးက —– ဘော်ဒါက။ ကောင်လေးက အတင်းတောင်းတာကို မိဘဝယ်ပေးထားတာမို့ မပေးဘူးငြင်းရင်း ဖြစ်ကြတာ။ မနေ့ကဖမ်းမိပါပြီ။ စခန်းမှာစစ်နေတယ် ” ဟု ကမြောကင်းနယ်မြေရဲစခန်း၏ တာဝန်ကျရဲတစ်ဦးကပြောသည်။

ယင်းနောက် နားကပ်လုယူကာ မိန်းကလေးအား ရေထဲပစ်ချခဲ့သည့် မြတ်သူအောင်(ခ)နေထက်လင်းအား ချစ်သူမိန်းကလေးမှ တရားလိုပြုလုပ်ကာ ထားဝယ်မြို့မရဲစခန်း (ပ)၃၈၉/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ၃၈၂/၃၀၇အရ အမှုဖွင့်အရေးယူထားပြီး ယမန်နေ့ဇူလိုင်လ ၂၈ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကမြောကင်းနယ်မြေရဲစခန်း၏ တာဝန်ကျရဲတစ်ဦးကပြောသည်။

ပုံစာ – ထားဝယ်တက္ကသိုလ်အားတွေ့ရစဉ်။ (ပုံဟောင်းအားအသုံးပြုထားသည်)

Credit 📌

Zawgyi

ယုတ္မာလိုက္တာ ခ်စ္သူရည္းစားေတာင္ မယုံရ ‼️

တကၠသိုလ္ေက်ာင္းသူကို ခ်စ္သူေကာင္ေလးမွ လည္ပင္းဓားေထာက္၍ နားကပ္လုယူၿပီး လက္ျပန္ႀကိဳးတုပ္ကာ ေရထဲပစ္ခ်မႈ ျဖစ္ပြား

အေဆာင္ေန တကၠသိုလ္ေက်ာင္းသူကို ခ်စ္သူေကာင္ေလးမွ ၿမိဳ႕ျပင္ေခၚကာ လည္ပင္းဓားေထာက္၍ နားကပ္လုယူၿပီး လက္ျပန္ႀကိဳးတုပ္ကာေရထဲပစ္ခ်မႈ ေလာင္းလုံးတြင္ျဖစ္ပြားခဲ့ေၾကာင္း ထားဝယ္ၿမိဳ႕ခံအမ်ိဳးသားတစ္ဦးကေျပာသည္။

အဆိုပါျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၇ရက္ေန႔ ညေန၇နာရီခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္၊ ကေျမာကင္းတံတားေပၚမွ ပစ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ထားဝယ္ၿမိဳ႕ခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

“ေကာင္မငယ္(ေကာင္မေလး)က ထားဝယ္တကၠသိုလ္က ပထဝီေမဂ်ာပထမႏွစ္ေက်ာင္းသူ။ သူ႔ေကာင္ေလးက ၿမိဳ႕ျပင္က စိုက္ပ်ိဳးေရးၿခံထဲေခၚသြားၿပီး ခ်ိန္းေတြ႕တယ္။ ကေျမာကင္းတံတားေပၚေရာက္မွ ဓားေထာက္ၿပီး နားကပ္လုတာ။ လုၿပီးေတာ့ ဖုန္းအားသြင္းႀကိဳးနဲ႔ လက္ျပန္ႀကိဳးတုပ္ၿပီး ေရထဲပစ္ခ်တာ ” ဟု ထားဝယ္ၿမိဳ႕ခံအမ်ိဳးသားတစ္ဦးက ရွင္းျပသည္။

ယင္းကဲ့သို႔ ေရထဲပစ္ခ်ခဲ့ခ်ိန္တြင္ မိန္းကေလးသည္ လက္ျပန္ႀကိဳးတုပ္ထားသည့္ ဖုန္းအားသြင္းႀကိဳးကို ရေအာင္ျဖည္ခဲ့ၿပီး ေရကူးေနရခ်ိန္ သဲစုပ္ေလွမ်ားႏွင့္ေတြ႕ရွိခဲ့ကာ အဆိုပါေလွေပၚရွိ အလုပ္သမားမ်ားမွဆင္း၍ ကယ္ဆယ္ေပးခဲ့ၿပီး မိဘမ်ားႏွင့္ ဆက္သြယ္ေစခဲ့ကာ ကေျမာကင္းနယ္ေျမရဲစခန္းသို႔ တိုင္တန္းခဲ့သည္။

“ ေကာင္မေလးက —– ေဘာ္ဒါက။ ေကာင္ေလးက အတင္းေတာင္းတာကို မိဘဝယ္ေပးထားတာမို႔ မေပးဘူးျငင္းရင္း ျဖစ္ၾကတာ။ မေန႔ကဖမ္းမိပါၿပီ။ စခန္းမွာစစ္ေနတယ္ ” ဟု ကေျမာကင္းနယ္ေျမရဲစခန္း၏ တာဝန္က်ရဲတစ္ဦးကေျပာသည္။

ယင္းေနာက္ နားကပ္လုယူကာ မိန္းကေလးအား ေရထဲပစ္ခ်ခဲ့သည့္ ျမတ္သူေအာင္(ခ)ေနထက္လင္းအား ခ်စ္သူမိန္းကေလးမွ တရားလိုျပဳလုပ္ကာ ထားဝယ္ၿမိဳ႕မရဲစခန္း (ပ)၃၈၉/၂၀၂၂ ရာဇသတ္ႀကီးပုဒ္မ၃၈၂/၃၀၇အရ အမႈဖြင့္အေရးယူထားၿပီး ယမန္ေန႔ဇူလိုင္လ ၂၈ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ကေျမာကင္းနယ္ေျမရဲစခန္း၏ တာဝန္က်ရဲတစ္ဦးကေျပာသည္။

ပုံစာ – ထားဝယ္တကၠသိုလ္အားေတြ႕ရစဥ္။ (ပုံေဟာင္းအားအသုံးျပဳထားသည္)

Credit 📌

Leave a Reply

Your email address will not be published.