အာဏာသိမ်းခေါင်းဆောင်သိမ်းယူထားသောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

News

Unicode
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထားသောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

စောနွေဦး/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်သိမ်းယူထားသောအင်းလျား လမ်းအမှတ်၁၄နေအိမ်၏ရှယ်ယာအားလုံးကိုယနေ့(ဇူလိုင် ၃၀) နေ့ခင်းတွင်ရောင်းကုန်သွားဖြစ်ကြောင်းရှယ်ယာရောင်းချပေးနေသည့်ကိုယ်စားလှယ်များကပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်နေအိမ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဒေါ်လာ၁၀သန်းတန်ဖိုးရှိအစုရှယ်ယာတစ်သိန်းကိုမေလ ၅ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီကျော်တွင် ရှယ်ယာအားလုံးရောင်းထွက်သွားခြင်းဖြစ်သည်ဟုဟုအထက်ပါကိုယ်စားလှယ်များကပြောသည်။

“စက္ကန့်ပိုင်းအတွင်းတဖြုတ်ဖြုတ်ရောင်းရတာအဲ့ဒီစခတွေတဖြုတ်ဖြုတ်ကြွေတော့မယ်ဆိုတဲ့ဖီလင်ဘယ်လိုပြောရမှန်းမသိဘူး”ဟုအရောင်းကိုယ်စားလှယ်တစ်ဦးကအစုရှယ်ယာများယနေ့ရောင်းကောင်းသည်နှင့်ပတ်သပ်၍ပြောသည်။

hihihihihihihihihi

this is test

““ပြည်သူသာ အဓိက” ဆိုတဲ့ အတိုင်း ပြည်သူ့အားသာ မပါရင် နွေဦးတော်လှန်ရေးဟာ ဒီအထိ မရောက်လာနိုင်ပါဘူး။ အခုလည်း ပြည်သူရဲ့ ညီညွတ်စိတ်၊အာဏာရှင်စနစ်ကိုအဆုံးသတ်ချင်စိတ် တို့ကို ၁၄ အင်းလျားမှာ တစ်ခါ ထပ်ပြလိုက်ပါပြီ။”ဟု အဆိုပါရှယ်ယာရောင်းချနေသည့် EODအဖွဲ့ကရှယ်ယာများအကုန်ရောင်းချပြီးနောက်ထုတ်ပြန်သည်။

“ဒီနေ့က ကျန်တဲ့ ရှယ်ယာတွေ့အားလုံး နာရီပိုင်းအတွင်းမှာ အကုန်လုံးရောင်းလိုက်ရတာပါ။ ခြင်းကျားရှင်းမယ့် အင်းယားပါပဲ”ဟု ရှယ်ယာအရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

ဇူလိုင် ၂၇ ရက်က မင်းအောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုသို့ကြေညာပြီး လေးရက်မြောက်နေ့တွင်ပင် ရှယ်ယာအားလုံးရောင်းကုန်သွားခြင်းဖြစ်သည်။”တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့အရေးကြီးတဲ့ဘဏ္ဍာငွေအတွက်ပါဝင်ထောက်ပို့ကြတဲ့ဝယ်ယူသူများ၊EODကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်”ဟုEODကထုတ်ပြန်သည်။

ဆက်လက်၍လည်း EODက”End of Dictatorship ဆိုတဲ့ နာမည်နဲ့ အညီ အာဏာရှင်နိဂုံး အဆုံးမသတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ နောက်ထပ် ပရောဂျက်များ မကြာခင် စတင်ပါမယ်။ ပြည်သူက ပူးပေါင်းပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု အသိပေးသည်။
crd

Zawgyi

အာဏာသိမ္းေခါင္းေဆာင္သိမ္းယူထား​ေသာအင္းလ်ားလမ္းအိမ္ ရွယ္ယာအားလုံးေရာင္းကုန္

ေစာေႏြဦး/​People’s Spring

အာဏာသိမ္းစစ္​​ေခါင္း​ေဆာင္သိမ္းယူထား​ေသာအင္းလ်ား လမ္းအမွတ္၁၄ေနအိမ္၏ရွယ္ယာအားလုံးကိုယ​ေန႔(ဇူလိုင္ ၃၀) ေန႔ခင္းတြင္ေရာင္းကုန္သြားျဖစ္ေၾကာင္းရွယ္ယာေရာင္းခ်ေပးေနသည့္ကိုယ္စားလွယ္မ်ားက​ေျပာသည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ေနအိမ္ကိုအမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ကေဒၚလာ၁၀သန္းတန္ဖိုးရွိအစုရွယ္ယာတစ္သိန္းကိုေမလ ၅ ရက္ကစတင္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ဇူလိုင္ ၃၀ ရက္ ေန႔လယ္ ၁ နာရီေက်ာ္တြင္ ရွယ္ယာအားလုံးေရာင္းထြက္သြားျခင္းျဖစ္သည္ဟုဟုအထက္ပါကိုယ္စားလွယ္မ်ားက​ေျပာသည္။

“စကၠန႔္ပိုင္းအတြင္းတျဖဳတ္ျဖဳတ္ေရာင္းရတာအဲ့ဒီစခေတြတျဖဳတ္ျဖဳတ္ေႂကြေတာ့မယ္ဆိုတဲ့ဖီလင္ဘယ္လိုေျပာရမွန္းမသိဘူး”ဟုအေရာင္းကိုယ္စားလွယ္တစ္ဦးကအစုရွယ္ယာမ်ားယ​ေန႔​ေရာင္း​ေကာင္းသည္ႏွင့္ပတ္သပ္၍ေျပာသည္။

““ျပည္သူသာ အဓိက” ဆိုတဲ့ အတိုင္း ျပည္သူ႔အားသာ မပါရင္ ေႏြဦးေတာ္လွန္ေရးဟာ ဒီအထိ မေရာက္လာႏိုင္ပါဘူး။ အခုလည္း ျပည္သူရဲ႕ ညီၫြတ္စိတ္၊အာဏာရွင္စနစ္ကိုအဆုံးသတ္ခ်င္စိတ္ တို႔ကို ၁၄ အင္းလ်ားမွာ တစ္ခါ ထပ္ျပလိုက္ပါၿပီ။”ဟု အဆိုပါရွယ္ယာေရာင္းခ်ေနသည့္ EODအဖြဲ႕ကရွယ္ယာမ်ားအကုန္​ေရာင္းခ်ၿပီး​ေနာက္ထုတ္ျပန္သည္။

“ဒီေန႔က က်န္တဲ့ ရွယ္ယာေတြ႕အားလုံး နာရီပိုင္းအတြင္းမွာ အကုန္လုံးေရာင္းလိုက္ရတာပါ။ ျခင္းက်ားရွင္းမယ့္ အင္းယားပါပဲ”ဟု ရွယ္ယာအေရာင္းကိုယ္စားလွယ္တစ္ဦးကေျပာသည္။

ဇူလိုင္ ၂၇ ရက္က မင္း​ေအာင္လႈိင္အိမ္ကို ေရာင္းခ်ရာတြင္ ေနာက္ဆုံးက်န္သည့္ ရွယ္ယာ၁၂,၀၀၀ကို (တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၁. ၂ သန္း) ကို “14 Inya Final Call” အျဖစ္ ဇူလိုင္ ၂၇ မွ ဩဂုတ္ ၅ ရက္ေန႔အထိ၊ ဆယ္ရက္ေရာင္းခ်သြားမည္ဟု NUGက ေၾကညာေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေၾကညာၿပီး ေလးရက္ေျမာက္ေန႔တြင္ပင္ ရွယ္ယာအားလုံးေရာင္းကုန္သြားျခင္းျဖစ္သည္။”ေတာ္လွန္ေရး အျမန္ဆုံးေအာင္ျမင္ဖို႔အေရးႀကီးတဲ့ဘ႑ာေငြအတြက္ပါဝင္ေထာက္ပို႔ၾကတဲ့ဝယ္ယူသူမ်ား၊EODကိုယ္စားလွယ္မ်ားကို ဂုဏ္ျပဳဦးၫႊတ္လိုက္ပါတယ္”ဟုEODကထုတ္ျပန္သည္။

ဆက္လက္၍လည္း EODက”End of Dictatorship ဆိုတဲ့ နာမည္နဲ႔ အညီ အာဏာရွင္နိဂုံး အဆုံးမသတ္မခ်င္း တိုက္ပြဲဝင္သြားမွာ ျဖစ္လို႔ ေနာက္ထပ္ ပေရာဂ်က္မ်ား မၾကာခင္ စတင္ပါမယ္။ ျပည္သူက ပူးေပါင္းပါဝင္ၾကမယ္လို႔လည္း ယုံၾကည္ပါတယ္”ဟု အသိ​ေပးသည္။

crd

Leave a Reply

Your email address will not be published.