ကျောက်ဖြူတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်၊ နယ်ထိန်းခေါင်းဆောင် သေဆုံး …..

News

Unicode
ကျောက်ဖြူတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်၊ နယ်ထိန်းခေါင်းဆောင် သေဆုံး

ဧရာဝတီ ၊ ဇူလိုင် ၃၀၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မရဲစခန်းအတွင်း ယမန်နေ့ ဇူလိုင်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်က ရဲတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းကျော်ဌေးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့မစခန်းမှူးတို့မှာ ပြောင်းရွေ့မိန့် ချသည့်အတွက် ယမန်နေ့ ညနေပိုင်းက မြို့မရဲစခန်းအတွင်း နုတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ ရဲအုပ် အုန်းကျော်ဌေးမှ ရဲတပ်သား စိုးလင်းအောင်အား ချက်ပြုတ်ရေးနှင့် စားသောက် ဝိုင်းတွင် ခိုင်းစေရာမှာ အချင်းများပြီး ထိုသို့ အထက်အရာရှိအား ပစ်သတ်ခဲ့ခြင်း ကျောက်ဖြူမြို့မ ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “မြို့နယ်မှူးနဲ့ စခန်းမှူးက တခြားနယ်ကို ပြောင်းရွေ့မိန့်ချတော့ စခန်းထဲမှာ နုတ်ဆက်ပွဲလုပ်တယ်။ အဲဒီပွဲမှာ လူကြီးတွေ စားသောက်ဖို့ အတွက် စား သောက်ဝိုင်း တွေ၊ ချက်ပြုတ်တာတွေမှာ နယ်ထိန်း ရဲအုပ်ဆရာ အုန်းကျော်ဌေးက သူ့လက် အောက်ငယ်သားတွေကို ခိုင်းတယ်။ ရဲတပ်သား စိုးလင်းအောင် အရက်၊ ဆေးလိပ်တို့ မသောက်ဘူး။ မသောက်မစားဆိုတော့ သူကို ခိုင်းမရဘူး။ ကျန်တဲ့ လူတွေကို ခိုင်းလို့ ရတယ်။ သူကို ခိုင်းမရကောင်းလားဆိုပြီး ဆရာအုန်းကျော်ဌေးက သူ့ကို ပါး ရိုက်တယ်။ ပါးရိုက်တာကို မကျေနပ်တော့ ရဲတပ်သားစိုးလင်းအောင်က သေနတ်နဲ့ ပစ်သတ် လိုက်တာလို့ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် နယ်ထိန်းခေါင်းဆောင်အား ပစ်သတ်သူ ရဲတပ်သား စိုးလင်းအောင်မှာ ဖြစ်စဉ်ဖြစ်ပွား သည့်နောက်ပိုင်း သေနတ်ယူပြီး ထွက်ပြေးသွားသည် ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အတွက် ကျောက်ဖြူမြို့ပေါ်တွင် လုံခြုံရေး တင်းကြပ်ပြီး ရဲကားများလှည့်လည်နေကြောင်း မြို့ခံများက ပြောသည်။
crd

hihihihihihihihihi

this is test

Zawgyi

ေက်ာက္ျဖဴတြင္ ရဲအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္၊ နယ္ထိန္းေခါင္းေဆာင္ ေသဆုံး
ဧရာဝတီ ၊ ဇူလိုင္ ၃၀၊ ၂၀၂၂
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းအတြင္း ယမန္ေန႔ ဇူလိုင္လ ၂၉ ရက္ ည ၁၀ နာရီဝန္းက်င္က ရဲတပ္ဖြဲ႕အခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ အုန္းေက်ာ္ေဌးမွာ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သတင္း ရရွိသည္။

ျဖစ္စဥ္မွာ ေက်ာက္ျဖဴၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးႏွင့္ ၿမိဳ႕မစခန္းမႉးတို႔မွာ ေျပာင္းေ႐ြ႕မိန႔္ ခ်သည့္အတြက္ ယမန္ေန႔ ညေနပိုင္းက ၿမိဳ႕မရဲစခန္းအတြင္း ႏုတ္ဆက္ပြဲ ျပဳလုပ္ခဲ့ရာ ရဲအုပ္ အုန္းေက်ာ္ေဌးမွ ရဲတပ္သား စိုးလင္းေအာင္အား ခ်က္ျပဳတ္ေရးႏွင့္ စားေသာက္ ဝိုင္းတြင္ ခိုင္းေစရာမွာ အခ်င္းမ်ားၿပီး ထိုသို႔ အထက္အရာရွိအား ပစ္သတ္ခဲ့ျခင္း ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းႏွင့္ နီးစပ္သူ တဦးက ေျပာသည္။

၎က “ၿမိဳ႕နယ္မႉးနဲ႔ စခန္းမႉးက တျခားနယ္ကို ေျပာင္းေ႐ြ႕မိန႔္ခ်ေတာ့ စခန္းထဲမွာ ႏုတ္ဆက္ပြဲလုပ္တယ္။ အဲဒီပြဲမွာ လူႀကီးေတြ စားေသာက္ဖို႔ အတြက္ စား ေသာက္ဝိုင္း ေတြ၊ ခ်က္ျပဳတ္တာေတြမွာ နယ္ထိန္း ရဲအုပ္ဆရာ အုန္းေက်ာ္ေဌးက သူ႔လက္ ေအာက္ငယ္သားေတြကို ခိုင္းတယ္။ ရဲတပ္သား စိုးလင္းေအာင္ အရက္၊ ေဆးလိပ္တို႔ မေသာက္ဘူး။ မေသာက္မစားဆိုေတာ့ သူကို ခိုင္းမရဘူး။ က်န္တဲ့ လူေတြကို ခိုင္းလို႔ ရတယ္။ သူကို ခိုင္းမရေကာင္းလားဆိုၿပီး ဆရာအုန္းေက်ာ္ေဌးက သူ႔ကို ပါး ႐ိုက္တယ္။ ပါး႐ိုက္တာကို မေက်နပ္ေတာ့ ရဲတပ္သားစိုးလင္းေအာင္က ေသနတ္နဲ႔ ပစ္သတ္ လိုက္တာလို႔ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

လက္ရွိအခ်ိန္တြင္ နယ္ထိန္းေခါင္းေဆာင္အား ပစ္သတ္သူ ရဲတပ္သား စိုးလင္းေအာင္မွာ ျဖစ္စဥ္ျဖစ္ပြား သည့္ေနာက္ပိုင္း ေသနတ္ယူၿပီး ထြက္ေျပးသြားသည္ ဆိုသည့္ သတင္းမ်ားထြက္ေပၚေနသည့္အတြက္ ေက်ာက္ျဖဴၿမိဳ႕ေပၚတြင္ လုံၿခဳံေရး တင္းၾကပ္ၿပီး ရဲကားမ်ားလွည့္လည္ေနေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

crd

Leave a Reply

Your email address will not be published.