Unicode
မြင်းမူမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ကားကို မိုင်း(၁၀)လုံးနဲ့
မြင်းမူမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ကားကို မိုင်း(၁၀)လုံးနဲ့ ဖောက်ခွဲ၊ စကစ လေးယောက် သေဟုဆို
MFP ၊ ဇူလိုင် – ၃၀




စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စစ်ကိုင်း – မုံရွာလမ်းပေါ်မှာ ဒီနေ့ မနက်ပိုင်း အကြမ်းဖက် စစ်အုပ်စုရဲ့ ကားကို မိုင်း(၁၀)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စကစ လေးယောက် သေတယ်လို့ Moe Nyo Revolution Force M.N.R.F က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်(၃၀)ရက် မနက်(၉)နာရီကျော်က စစ်ကိုင်းဘက်ကနေ လာတဲ့ စစ်အုပ်စုရဲ့ ကားကို မြင်းမူမြို့နယ် ကန်ဖျားဇရပ်အနီးမှာ မိုင်း(၁၀)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
this is test




“စစ်ကိုင်းရဲခွေး သင်တန်းကျောင်းမှ ရဲခွေးများနှင့် ပျူလက်ပါးစေများ အပြည့် လေလွင့်လာသော ကားတစ်စီးအား မြင်းမူမြို့နယ် ကန်ဖျားဇရပ်အနီးတွင် ညီနောင်လေးဖွဲ့မှ အညာအုံးသီး (၁၀)လုံးဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။




ရဲခွေးများနှင့်ပျူလက်ပါးစေများ လေးကောင်အနိစ္စချော၍ အများအပြား ဒဏ်ရာရရှိကြောင်း စုံစမ်းသိရပါသည်။ အဆိုပါ စစ်ဆင်ရေးတွင် ကျွန်ုပ်တို့ ညီနောင်ရဲဘော်များ အထိခိုက်မရှိဘဲ စစ်ဆင်ရေး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်” လို့ Moe Nyo Revolution Force M.N.R.F က ဖော်ပြပါတယ်။




အဲ့ဒီ တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM – ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F တို့ ညီနောင် လေးဖွဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
crd




Zawgyi
MFP ၊ ဇူလိုင် – ၃၀
















crd