Breaking News- ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲ …….

News

Unicode

Breaking News- ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲ၊ လူနာတင် ကား ၃ စီး ရောက်ရှိ၊ လူငယ် ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ
ရန်ကုန်၊ ဇူလိုင် ၃၀
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ၊ စည်ပင် ဝင် ပေါက် အနီးတွင် ဗုံးပေါက်ကွဲပြီး လူနာတင်ကား ၃ စီးရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ၊ မည်သူမှ မရှိဘဲ ဗုံးထပေါက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြော သည်။
“ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ အဲဒီနားမှာ ဘယ်သူမှလည်း မရှိဘဲ ဗုံးထပေါက်တာ။ လူသူမရှိဘဲကို ထပေါက်တာ။ လူနာတင်ကား ၃ စီးဝင်သွားတာတွေ့တယ်။ အခုတော့ လမ်းတွေအကုန်ပိတ်ထားပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောဆိုသည်။

အခြားမြို့ခံတစ်ဦးကလည်း “ဆူးလေ မြို့တော်ခန်းမ အနောက်ဘက်မှာ ဗုံးသံအကျယ်ကြီးပဲ။ အခုစစ်ခွေးတွေ လမ်းပိတ်ပြီးစစ်နေတယ်။ ၁၁ နာရီမှာဖြစ်တာ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့နောက် ၃၇ လမ်းတွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်ခတ်ဖမ်းဆီးသွားကြောင်း၊ ပစ်ခတ်ခံရသော လူငယ်များ ကျည်ထိမှန်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လူငယ် ၂ ဦးကို စစ်တပ်က ​သေနတ်နဲ့ ပစ်ဖမ်းတာ။ လူငယ်တစ်ဦးက ခဲ​ရောင်ဦးထုပ်နဲ့ ​နောက်တ​ယောက်က ဦးထုပ်အမည်း၊ အကျီအမည်းနဲ့။ စစ်ခွေးတွေက ကားပေါ်မှာ လူငယ်တွေကို သေနတ်ဒင်တွေနဲ့ကို ထုနေတာ။ ကားပေါ်မှာပဲ သေအောင် ရိုက်နှက်နေတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက် ၁၁ နာရီ ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကား ၃ စီး ဝင်ရောက်လာသည့် မြင်ကွင်း။
Photo- CJ။
(မူလသတင်းတွင် ရက်စွဲ မှားယွင်းရေးသားဖော်ပြမိသည့်အတွက် သတင်းဖတ် ပြည်သူများကို အနူးအညွတ်တောင်းပန်အပ်ပါသည်)

hihihihihihihihihi

this is test

zawgyi

Breaking News- ရန္ကုန္ၿမိဳ႕ေတာ္ခန္းမအနီးတြင္ ဗုံးေပါက္ကြဲ၊ လူနာတင္ ကား ၃ စီး ေရာက္ရွိ၊ လူငယ္ ၂ ဦး ပစ္ခတ္ဖမ္းဆီးခံရ
ရန္ကုန္၊ ဇူလိုင္ ၃၀
ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၊ စည္ပင္ ဝင္ ေပါက္ အနီးတြင္ ဗုံးေပါက္ကြဲၿပီး လူနာတင္ကား ၃ စီးေရာက္ရွိေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ သတင္းေပးပို႔သည္။

ဇူလိုင္လ ၃၀ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္တြင္ ဗုံးေပါက္ကြဲျခင္းျဖစ္ၿပီး ၊ မည္သူမွ မရွိဘဲ ဗုံးထေပါက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာ သည္။

“ဒီေန႔က ႐ုံးပိတ္ရက္ဆိုေတာ့ အဲဒီနားမွာ ဘယ္သူမွလည္း မရွိဘဲ ဗုံးထေပါက္တာ။ လူသူမရွိဘဲကို ထေပါက္တာ။ လူနာတင္ကား ၃ စီးဝင္သြားတာေတြ႕တယ္။ အခုေတာ့ လမ္းေတြအကုန္ပိတ္ထားၿပီ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးကေျပာဆိုသည္။

အျခားၿမိဳ႕ခံတစ္ဦးကလည္း “ဆူးေလ ၿမိဳ႕ေတာ္ခန္းမ အေနာက္ဘက္မွာ ဗုံးသံအက်ယ္ႀကီးပဲ။ အခုစစ္ေခြးေတြ လမ္းပိတ္ၿပီးစစ္ေနတယ္။ ၁၁ နာရီမွာျဖစ္တာ” ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ထို႔ေနာက္ ၃၇ လမ္းတြင္ စစ္တပ္က လူငယ္ ၂ ဦးကို ပစ္ခတ္ဖမ္းဆီးသြားေၾကာင္း၊ ပစ္ခတ္ခံရေသာ လူငယ္မ်ား က်ည္ထိမွန္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။
“လူငယ္ ၂ ဦးကို စစ္တပ္က ​ေသနတ္နဲ႔ ပစ္ဖမ္းတာ။ လူငယ္တစ္ဦးက ခဲ​ေရာင္ဦးထုပ္နဲ႔ ​ေနာက္တ​ေယာက္က ဦးထုပ္အမည္း၊ အက်ီအမည္းနဲ႔။ စစ္ေခြးေတြက ကားေပၚမွာ လူငယ္ေတြကို ေသနတ္ဒင္ေတြနဲ႔ကို ထုေနတာ။ ကားေပၚမွာပဲ ေသေအာင္ ႐ိုက္ႏွက္ေနတယ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ယေန႔ နံနက္ ၁၁ နာရီ ဗုံးေပါက္ကြဲၿပီးေနာက္ လူနာတင္ကား ၃ စီး ဝင္ေရာက္လာသည့္ ျမင္ကြင္း။
Photo- CJ။
(မူလသတင္းတြင္ ရက္စြဲ မွားယြင္းေရးသားေဖာ္ျပမိသည့္အတြက္ သတင္းဖတ္ ျပည္သူမ်ားကို အႏူးအၫြတ္ေတာင္းပန္အပ္ပါသည္)

Leave a Reply

Your email address will not be published.