အဦးအဖျားမဟုတ်ပဲ… အကျန်အကြွင်းကို ရဟန်း၊ သာမဏေတို့အား လှူသင့်/ မလှူသင့်

News

Unicode

အဦးအဖျားမဟုတ်ပဲ… အကျန်အကြွင်းကို ရဟန်း၊ သာမဏေတို့အား လှူသင့်/ မလှူသင့်
ရဟန်း သာမဏေတို့အား အဦးအဖျားကိုလည်းကောင်း၊ စားဆဲ အခိုက်အတန့်၌ လည်းကောင်း စားပြီး အကျန်အကြွင်းကိုလည်းကောင်း လှူသင့် လှူနိုင်ကြောင်းကို ဓမ္မပဒအဋ္ဌကထာဝတ္ထုလာ ပဉ္စဂ္ဂဒါယကဗြဟ္မဏဝတ္ထုကို ထောက်၍ သိနိုင်၏။

ထိုပုဏ္ဏားသည် လယ်မြေကိုသုတ်သင်သောအခါ၌လည်းကောင်း၊ ကောက်နယ်သောအခါ၌လည်းကောင်း၊ ကောက်နယ်ပြီးသောအခါ၌လည်းကောင်း၊ သိုမှီးသိမ်းဆည်းသောအခါ၌လည်းကောင်း

ထမင်းခွက်ထဲသို့ ခူးခပ်သောအခါ၌လည်းကောင်း ငါးပါးသောအခါတို့၌ အဦးအဖျားကို လှူပြီးမှသာ သုံးဆောင်လေ့ရှိသောကြောင့် ပဉ္စဂ္ဂဒါယကဟု အမည်ရ၏။

တစ်နေ့သ၌ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏားနှင့် ပုဏ္ဏေးမတို့၏ အနာဂါမိဖိုလ်၌ တည်မည့်အရေးကို မြင်သဖြင့် ပုဏ္ဏားထမင်းစားနေချိန်၌ ကြွသွားတော်မူ၍ တံခါးဝတွင် ရပ်တော်မူ၏။ ပုဏ္ဏားသည် ထမင်းကိုစားနေဆဲအခိုက်မှာ မြတ်စွာဘုရားရှင်ကြွလာတော်မူသည်ကို

hihihihihihihihihi

this is test

တွေ့ရသောကြောင့် ဘုရားရှင်အား ဤသို့လျှောက်လေ၏။ “အရှင်ဘုရား တပည့်တော်သည် (၅)ကြိမ်လှူပြီးမှသာ စားသောပုဏ္ဏားဖြစ်ပါလျှက် ယခုအရှင်ဘုရားကြွလာသည်ကို ကြိုတင်မသိရ၍ စားဦးဘောဇဉ်ကို မလှူနိုင်တော့ပါ၊ စားကြွင်းစားကျန် ဤထမင်းကို ခံယူနိုင်ပါမည်လော” ဟု

လျှောက်လေရာ မြတ်စွာဘုရားရှင်က” ဗြဟ္မဏ ဘဂ္ဂမ္ပိ မယှမေဝ အနုစ္ဆဝိကံ၊ မဇ္ဈေ ဘိန္ဒိတွာ အဍ္ဎဘုတ္တဘတ္တမ္ပိ စရိမကဘတ္တပိဏ္ဍောပိ မယှမေဝ အနုစ္ဆဝိကော မယံ ဟိ ဗြဟ္မဏ ပရဒတ္တူပဇီဝီ ပေတသဒိသာ။ ( ဓမ္မ၊ဋ္ဌ၊၂။၃၆၈)

“ပုဏ္ဏား မစားသေးသော အဦးအဖျားထမင်းသည်လည်းကောင်း၊ ထက်ဝက်စားပြီးသော ထမင်းသည်လည်းကောင်း၊ စားပြီး၍မကုန် ကြွင်းကျန်သော ထမင်းခဲသည်လည်းကောင်း ငါဘုရားအား လျောက်ပတ်၏။ ငါဘုရားတို့သည် သူတစ်ပါးတို့ ပေးကမ်းစွန့်ကြဲသော

အစာအာဟာရကို မှီ၍အသက်ရှည်ကုန်သော ပြိတ္တာတို့နှင့် တူကုန်၏” ဟု မိန့်တော်မူ၏။ ထို့ပြင်လည်း ” ပုဏ္ဏား သူတစ်ပါးပေးကမ်းစာဖြင့် အသက်မွေးရသော ရဟန်းမည်သည် အဦးအဖျားဆွမ်း၊ သို့မဟုတ်

စားနေစဉ် ထက်ဝက်ခွဲသော အလယ်ဆွမ်း သို့မဟုတ် စားကြွင်းစားကျန်ဆွမ်း စသော ရရာဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း မပြုထိုက်၊ ထိုပုဂ္ဂိုလ်ကို ပညာရှိတို့သည် မုနိမည်၏ဟု ဆိုကုန်၏”
ဟူ၍လည်း မိန့်တော်မူခဲ့လေ၏။

ထို့ကြောင့် ဒကာ ဒကာမတို့သည် အလှူခံပုဂ္ဂိုလ် ရဟန်း၊ သာမဏေတို့အား အဦးအဖျား အသစ်ဖြစ်သော ပစ္စည်းဝတ္ထုတို့သာလျှင်လှူအပ်သည်မဟုတ် သုံးဆောင်ပြီးသော အဟောင်းအနွမ်း တစ်ပတ်ရစ်ပစ္စည်းများကိုလည်း လှူနိုင်သည်ဟု မှတ်သားသင့်၏။

ဤဓမ္မပဒဝတ္ထုတွင် ထိုပုဏ္ဏား၏ ” အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့် ဘိက္ခုမည်ပါသလဲ” ဟူသောအမေးကို မြတ်စွာဘုရားရှင်က ထိုပုဏ္ဏားလင်မယားသည် ကဿပဘုရားရှင်လက်ထက်က

နာမ်တရားနှင့် ရုပ်တရားတို့ကို ခွဲခြားဟောတရားတို့ကို နာကြားဖူးသည်ကို သိမြင်တော်မူ၍ ” အလုံးစုံသော နာမ်ရုပ်၌ ငါ ငါ့ဥစ္စာဟူ၍ စွဲလမ်းဖြစ်နိုင်ခြင်းမရှိ၊ မရှိသောကြောင့် ထိုသူကို ဘိက္ခုဟု ဆိုအပ်၏” ဟူ၍ နာမ် ရုပ်နှင့်ပါတ်သက်သော

တရားတို့ကို ဟောကြားတော်မူသည်ရှိသော် ထိုပုဏ္ဏားလင်မယားသည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ ဤအကြောင်းများကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့သည်လည်း တရားဓမ္မမှန်လျှင် နည်းသည်များသည်ဟူ၍

အလေးမထားမပြုသင့်ပဲ ရိုသေစွာ မှတ်သားနာယူသင့်ကြ၏။ ဤသာသနာတော်၌ တစ်မဂ် တစ်ဖိုလ်မရသည့်တိုင် နောင်ဘုရားသာသနာတော်၌ မိမိကြားဖူး နာဖူး မှတ်သားနာယူဖူးသော တရားစကားတို့ကို ပြန်ကြားနာရလျှင် မဂ် ဖိုလ်ရနိုင်ဖို့ရာ အထောက်အပံ့ကောင်းများ ဖြစ်ကြလေတော့၏။

Credit#ဓမ္မဒါန

Zawgyi

အဦးအဖ်ားမဟုတ္ပဲ… အက်န္အႂကြင္းကို ရဟန္း၊ သာမေဏတို႔အား လႉသင့္/ မလႉသင့္
ရဟန္း သာမေဏတို႔အား အဦးအဖ်ားကိုလည္းေကာင္း၊ စားဆဲ အခိုက္အတန႔္၌ လည္းေကာင္း စားၿပီး အက်န္အႂကြင္းကိုလည္းေကာင္း လႉသင့္ လႉႏိုင္ေၾကာင္းကို ဓမၼပဒအ႒ကထာဝတၳဳလာ ပၪၥဂၢဒါယကျဗဟၼဏဝတၳဳကို ေထာက္၍ သိႏိုင္၏။

ထိုပုဏၰားသည္ လယ္ေျမကိုသုတ္သင္ေသာအခါ၌လည္းေကာင္း၊ ေကာက္နယ္ေသာအခါ၌လည္းေကာင္း၊ ေကာက္နယ္ၿပီးေသာအခါ၌လည္းေကာင္း၊ သိုမွီးသိမ္းဆည္းေသာအခါ၌လည္းေကာင္း

ထမင္းခြက္ထဲသို႔ ခူးခပ္ေသာအခါ၌လည္းေကာင္း ငါးပါးေသာအခါတို႔၌ အဦးအဖ်ားကို လႉၿပီးမွသာ သုံးေဆာင္ေလ့ရွိေသာေၾကာင့္ ပၪၥဂၢဒါယကဟု အမည္ရ၏။

တစ္ေန႔သ၌ ျမတ္စြာဘုရားရွင္သည္ ထိုပုဏၰားႏွင့္ ပုေဏၰးမတို႔၏ အနာဂါမိဖိုလ္၌ တည္မည့္အေရးကို ျမင္သျဖင့္ ပုဏၰားထမင္းစားေနခ်ိန္၌ ႂကြသြားေတာ္မူ၍ တံခါးဝတြင္ ရပ္ေတာ္မူ၏။ ပုဏၰားသည္ ထမင္းကိုစားေနဆဲအခိုက္မွာ ျမတ္စြာဘုရားရွင္ႂကြလာေတာ္မူသည္ကို

ေတြ႕ရေသာေၾကာင့္ ဘုရားရွင္အား ဤသို႔ေလွ်ာက္ေလ၏။ “အရွင္ဘုရား တပည့္ေတာ္သည္ (၅)ႀကိမ္လႉၿပီးမွသာ စားေသာပုဏၰားျဖစ္ပါလွ်က္ ယခုအရွင္ဘုရားႂကြလာသည္ကို ႀကိဳတင္မသိရ၍ စားဦးေဘာဇဥ္ကို မလႉႏိုင္ေတာ့ပါ၊ စားႂကြင္းစားက်န္ ဤထမင္းကို ခံယူႏိုင္ပါမည္ေလာ” ဟု

ေလွ်ာက္ေလရာ ျမတ္စြာဘုရားရွင္က” ျဗဟၼဏ ဘဂၢမၸိ မယွေမဝ အႏုစၦဝိကံ၊ မေဇၩ ဘိႏၵိတြာ အၯဘုတၱဘတၱမၸိ စရိမကဘတၱပိေ႑ာပိ မယွေမဝ အႏုစၦဝိေကာ မယံ ဟိ ျဗဟၼဏ ပရဒတၱဴပဇီဝီ ေပတသဒိသာ။ ( ဓမၼ၊႒၊၂။၃၆၈)

“ပုဏၰား မစားေသးေသာ အဦးအဖ်ားထမင္းသည္လည္းေကာင္း၊ ထက္ဝက္စားၿပီးေသာ ထမင္းသည္လည္းေကာင္း၊ စားၿပီး၍မကုန္ ႂကြင္းက်န္ေသာ ထမင္းခဲသည္လည္းေကာင္း ငါဘုရားအား ေလ်ာက္ပတ္၏။ ငါဘုရားတို႔သည္ သူတစ္ပါးတို႔ ေပးကမ္းစြန႔္ႀကဲေသာ

အစာအာဟာရကို မွီ၍အသက္ရွည္ကုန္ေသာ ၿပိတၱာတို႔ႏွင့္ တူကုန္၏” ဟု မိန႔္ေတာ္မူ၏။ ထို႔ျပင္လည္း ” ပုဏၰား သူတစ္ပါးေပးကမ္းစာျဖင့္ အသက္ေမြးရေသာ ရဟန္းမည္သည္ အဦးအဖ်ားဆြမ္း၊ သို႔မဟုတ္

စားေနစဥ္ ထက္ဝက္ခြဲေသာ အလယ္ဆြမ္း သို႔မဟုတ္ စားႂကြင္းစားက်န္ဆြမ္း စေသာ ရရာဆြမ္းကို ခ်ီးမြမ္းျခင္း၊ ကဲ့ရဲ႕ျခင္း မျပဳထိုက္၊ ထိုပုဂၢိဳလ္ကို ပညာရွိတို႔သည္ မုနိမည္၏ဟု ဆိုကုန္၏”
ဟူ၍လည္း မိန႔္ေတာ္မူခဲ့ေလ၏။

ထို႔ေၾကာင့္ ဒကာ ဒကာမတို႔သည္ အလႉခံပုဂၢိဳလ္ ရဟန္း၊ သာမေဏတို႔အား အဦးအဖ်ား အသစ္ျဖစ္ေသာ ပစၥည္းဝတၳဳတို႔သာလွ်င္လႉအပ္သည္မဟုတ္ သုံးေဆာင္ၿပီးေသာ အေဟာင္းအႏြမ္း တစ္ပတ္ရစ္ပစၥည္းမ်ားကိုလည္း လႉႏိုင္သည္ဟု မွတ္သားသင့္၏။

ဤဓမၼပဒဝတၳဳတြင္ ထိုပုဏၰား၏ ” အဘယ္မွ်ေလာက္ေသာ အတိုင္းအရွည္ျဖင့္ ဘိကၡဳမည္ပါသလဲ” ဟူေသာအေမးကို ျမတ္စြာဘုရားရွင္က ထိုပုဏၰားလင္မယားသည္ ကႆပဘုရားရွင္လက္ထက္က

နာမ္တရားႏွင့္ ႐ုပ္တရားတို႔ကို ခြဲျခားေဟာတရားတို႔ကို နာၾကားဖူးသည္ကို သိျမင္ေတာ္မူ၍ ” အလုံးစုံေသာ နာမ္႐ုပ္၌ ငါ ငါ့ဥစၥာဟူ၍ စြဲလမ္းျဖစ္ႏိုင္ျခင္းမရွိ၊ မရွိေသာေၾကာင့္ ထိုသူကို ဘိကၡဳဟု ဆိုအပ္၏” ဟူ၍ နာမ္ ႐ုပ္ႏွင့္ပါတ္သက္ေသာ

တရားတို႔ကို ေဟာၾကားေတာ္မူသည္ရွိေသာ္ ထိုပုဏၰားလင္မယားသည္ အနာဂါမိဖိုလ္၌ တည္ၾကေလကုန္၏။ ဤအေၾကာင္းမ်ားေၾကာင့္ တရားခ်စ္ခင္ သူေတာ္ေကာင္းအေပါင္းတို႔သည္လည္း တရားဓမၼမွန္လွ်င္ နည္းသည္မ်ားသည္ဟူ၍

အေလးမထားမျပဳသင့္ပဲ ႐ိုေသစြာ မွတ္သားနာယူသင့္ၾက၏။ ဤသာသနာေတာ္၌ တစ္မဂ္ တစ္ဖိုလ္မရသည့္တိုင္ ေနာင္ဘုရားသာသနာေတာ္၌ မိမိၾကားဖူး နာဖူး မွတ္သားနာယူဖူးေသာ တရားစကားတို႔ကို ျပန္ၾကားနာရလွ်င္ မဂ္ ဖိုလ္ရႏိုင္ဖို႔ရာ အေထာက္အပံ့ေကာင္းမ်ား ျဖစ္ၾကေလေတာ့၏။

Credit#ဓမၼဒါန

Leave a Reply

Your email address will not be published.