စစ်ကိုင်း၊ မန္တလေးနှင့် ကရင်တို့တွင် စစ်တပ် ယာဥ်တန်းများနှင့် စစ်ကြောင်းမျာ: ….

International News

Unicode
စစ်ကိုင်း၊ မန္တလေးနှင့် ကရင်တို့တွင် စစ်တပ် ယာဥ်တန်းများနှင့် စစ်ကြောင်းများ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး အပါအဝင် ၃၂ ဦးခန့်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းများ ဇူလိုင်လ ၃၀ ရက်နေ့တွင် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃၂ ဦးခန့်သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အင်းတော်-ဗန်းမောက် လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ ခံရပြီး စစ်သား ၅ ဦး ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်- ဗန်းမောက်လမ်းပိုင်းတွင် အင်းတော်အင်း ဘက်သို့ လာသည့် အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIAနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်နည်းသေဆုံးခဲ့ကြောင်း Indaw Revolution-IRထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အင်းတော်အင်း အနီးတွင် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၅ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာသော စစ်သားများကို လူနာတင်ယာဥ် ၂ စီးဖြင့် အင်းတော်ဘက်သို့ သယ်ဆောင်သွားကြောင်း၊ စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် သက္ကကျင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်သွားပြီး ဒေသခံ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

မန္တလေးတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ ခံရပြီး အရာရှိ တစ်ဦးအပါအဝင် ၃ ဦးခန့်သေဆုံး

မန္တလေးတိုင်း မြို့သာမှ ထွက်ခွာလာသည် စစ်ကား ၄ စီးပါ ယာဥ်တန်းကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နဂါးနီ ပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်း ၅ လုံး​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးထိမှန်ကာ အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

မြင်းမူတွင် စစ်တပ် ထောက်ပို့ ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံး

hihihihihihihihihi

this is test

စစ်ကိုင်တိုင်း မြင်းမူမြို့နယ်၊အလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာ အကြားတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။
စစ်ကား ယာဥ်တန်းကို G4G PDF စစ်ကိုင်း ခရိုင် ပကဖ မိုင်းထုတ်လုပ်ရေး ဌာနခွဲ၊ DBBF8၊ Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် PKDF တို့က ပူးပေါင်း မိုင်းဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကလေး-တမူး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်း ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း ကလေးဘက်မှ တမူးဘက်သို့ မောင်းနှင်လာသော စစ်ကား ၄ စီးနှင့် ၁၂ ဘီးကား ၁ စီး ပါ၀င်သော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ PDF (Kalay) တပ်ဖွဲ့၀င်များက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း PDF (Kalay) တပ်ဖွဲ့ထံမှ သိရသည်။
ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ၅၆ မိုင်အနီးတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်း ရပ်တန့်သွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တန်းသည် တမူးဘက်သို့ ဆက်လက် ထွက်ခွာလာစဥ် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်၌ နေကျော်လေးအနီးတွင် PDF (Kalay) တပ်ဖွဲ၀င်များက ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီး ထိမှန်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကလေးမြို့ဘက်မှ ကား ၂ စီး ရောက်ရှိလာပြီး စစ်တပ်ယာဥ်တန်းမှ မိုင်းထိထားသော စစ်ကားများကို ဆွဲယူကာ အလောင်းကောက်ယူခြင်းများ ပြုလုပ်နေစဥ် PDF (Kalay) တပ်ဖွဲ့၀င်များက တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် ထပ်မံ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းများ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ၅၆ မိုင် နှင်းဆီခြံအနီးတွင် ပြည်သူ ၃ ဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

မူတြော်ခရိုင်တွင် BGF ကား ၁ စီးကို KNLA တပ်မဟာ ၅က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

KNU တပ်မဟာ ၅ လက်အောက်ခံ မူတြော်ခရိုင်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် ခန့် အချိန် အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF-Border Guard Force)၏ ကားတစ်စီးကို ဝါသိုးခိုရွာနားရှိ ကမမို (ကမမောင်း)နှင့် ကတဲတိ (ကတိုင်တိ) ကားလမ်းပိုင်းတွင် KNU က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်BGF တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဉီးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Zawgyi

စစ္ကိုင္း၊ မႏၲေလးႏွင့္ ကရင္တို႔တြင္ စစ္တပ္ ယာဥ္တန္းမ်ားႏွင့္ စစ္ေၾကာင္းမ်ား မိုင္းဆြဲ ပစ္ခတ္တိုက္ခိုက္ခံရၿပီး အရာရွိ ၁ ဦး အပါအဝင္ ၃၂ ဦးခန္႔ေသဆုံး
ရန္ကုန္၊ ဇူလိုင္ ၃၀
စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္းႏွင့္ ကရင္ျပည္နယ္တို႔တြင္ စစ္တပ္ ယာဥ္တန္းႏွင့္ စစ္ေၾကာင္းမ်ား ဇူလိုင္လ ၃၀ ရက္ေန႔တြင္ မိုင္းဆြဲ ပစ္ခတ္တိုက္ခိုက္ခံရၿပီး စစ္တပ္ဘက္မွ အရာရွိ ၁ ဦးအပါအဝင္ စစ္သား ၃၂ ဦးခန္႔ေသဆုံးခဲ့ေၾကာင္း ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားထံမွ သိရသည္။

အင္းေတာ္-ဗန္းေမာက္ လမ္းပိုင္းတြင္ စစ္တပ္ စစ္ေၾကာင္း မိုင္းဆြဲ ခံရၿပီး စစ္သား ၅ ဦး ထက္မနည္း ေသဆုံး

စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္ အင္းေတာ္- ဗန္းေမာက္လမ္းပိုင္းတြင္ အင္းေတာ္အင္း ဘက္သို႔ လာသည့္ အင္အား ၇၀ ေက်ာ္ပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို KIAႏွင့္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားမွ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၅ ဦး ထက္နည္းေသဆုံးခဲ့ေၾကာင္း Indaw Revolution-IRထံမွ သိရသည္။

အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို KIA ႏွင့္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက အင္းေတာ္အင္း အနီးတြင္ မိုင္း ၅ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္သား ၅ ဦးထက္မနည္း ေသဆုံးကာ ၁၀ ဦးေက်ာ္ ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ဒဏ္ရာေသာ စစ္သားမ်ားကို လူနာတင္ယာဥ္ ၂ စီးျဖင့္ အင္းေတာ္ဘက္သို႔ သယ္ေဆာင္သြားေၾကာင္း၊ စစ္တပ္က ရမ္းသမ္း ပစ္ခတ္မႈေၾကာင့္ သကၠက်င္း႐ြာရွိ ေနအိမ္တစ္ခ်ိဳ႕ ထိခိုက္သြားၿပီး ေဒသခံ ျပည္သူ ၂ ဦးကိုလည္း ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သိရသည္။

မႏၲေလးတြင္ စစ္တပ္ယာဥ္တန္း မိုင္းဆြဲ ခံရၿပီး အရာရွိ တစ္ဦးအပါအဝင္ ၃ ဦးခန္႔ေသဆုံး
===========================================
မႏၲေလးတိုင္း ၿမိဳ႕သာမွ ထြက္ခြာလာသည္ စစ္ကား ၄ စီးပါ ယာဥ္တန္းကို ယေန႔ ဇူလိုင္လ ၃၀ ရက္ေန႔ နံနက္ ၉ နာရီခန္႔တြင္ နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕မွ ပေဒသာမိုင္း ၅ လုံး​ျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ကား ၂ စီးထိမွန္ကာ အရာရွိ ၁ ဦးအပါအဝင္ ၃ ဦးေသဆုံးခဲ့ေၾကာင္း နဂါးနီ ေျပာက္က်ား တပ္ဖြဲ႕ထံမွ သိရသည္။
ျမင္းမူတြင္ စစ္တပ္ ေထာက္ပို႔ ယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး ၅ ဦးခန္႔ေသဆုံး

စစ္ကိုင္တိုင္း ျမင္းမူၿမိဳ႕နယ္၊အလႅကပၸ႐ြာႏွင့္ ဝမ္းျပည့္႐ြာ အၾကားတြင္ ဇူလိုင္လ ၃၀ ရက္ေန႔ နံနက္ ၉ နာရီေက်ာ္ခန္႔တြင္ စစ္တပ္ ရိကၡာပို႔ ယာဥ္တန္းကို ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၅ ဦးခန္႔ ေသဆုံးခဲ့ေၾကာင္း Zero ေျပာက္က်ား တပ္ဖြဲ႕ (ျမင္းၿခံ)ထံမွ သိရသည္။

စစ္ကား ယာဥ္တန္းကို G4G PDF စစ္ကိုင္း ခ႐ိုင္ ပကဖ မိုင္းထုတ္လုပ္ေရး ဌာနခြဲ၊ DBBF8၊ Zero ေျပာက္က်ား တပ္ဖြဲ႕ (ျမင္းၿခံ)ႏွင့္ PKDF တို႔က ပူးေပါင္း မိုင္းဆြဲခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ကေလး-တမူး လမ္းပိုင္းတြင္ စစ္တပ္ စစ္ေၾကာင္း ၃ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး စစ္သား ၁၅ ဦးခန္႔ေသဆုံး

စစ္ကိုင္းတိုင္း ကေလးဘက္မွ တမူးဘက္သို႔ ေမာင္းႏွင္လာေသာ စစ္ကား ၄ စီးႏွင့္ ၁၂ ဘီးကား ၁ စီး ပါ၀င္ေသာ အၾကမ္းဖက္ စစ္တပ္ ယာဥ္တန္းကို ဇူလိုင္လ ၃၀ ရက္ေန႔ နံနက္ ၉ နာရီခန္႔မွ စတင္ကာ PDF (Kalay) တပ္ဖြဲ႕၀င္မ်ားက ၃ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၁၅ ဦးခန္႔ ေသဆုံးခဲ့ေၾကာင္း PDF (Kalay) တပ္ဖြဲ႕ထံမွ သိရသည္။
ပထမ အႀကိမ္ မိုင္းဆြဲ တိုက္ခိုက္မႈကို ၅၆ မိုင္အနီးတြင္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ယာဥ္တန္း ရပ္တန႔္သြားကာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားက အနီးပတ္၀န္းက်င္ကို ရမ္းသမ္းပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တန္းသည္ တမူးဘက္သို႔ ဆက္လက္ ထြက္ခြာလာစဥ္ နံနက္ ၉ နာရီ ၃၀ မိနစ္ခန႔္၌ ေနေက်ာ္ေလးအနီးတြင္ PDF (Kalay) တပ္ဖြဲ၀င္မ်ားက ဒုတိယအႀကိမ္ ထပ္မံမိုင္းဆြဲတိုက္ခိုက္ရာ စစ္ကား ၃ စီး ထိမွန္ခဲ့ေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္သား ၁၀ ဦးခန႔္ ေသဆုံးခဲ့ၿပီး အမ်ားအျပား ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
မြန္းလြဲ ၁ နာရီ ၃၀ မိနစ္တြင္ ကေလးၿမိဳ႕ဘက္မွ ကား ၂ စီး ေရာက္ရွိလာၿပီး စစ္တပ္ယာဥ္တန္းမွ မိုင္းထိထားေသာ စစ္ကားမ်ားကို ဆြဲယူကာ အေလာင္းေကာက္ယူျခင္းမ်ား ျပဳလုပ္ေနစဥ္ PDF (Kalay) တပ္ဖြဲ႕၀င္မ်ားက တတိယအႀကိမ္ မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး စစ္သား ၅ ဦးခန႔္ ထပ္မံ ေသဆုံးကာ အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္ စစ္တပ္ ယာဥ္တန္းမ်ား ၃ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခံရၿပီးေနာက္ ၅၆ မိုင္ ႏွင္းဆီၿခံအနီးတြင္ ျပည္သူ ၃ ဦးႏွင့္ ေနေက်ာ္ေလးအနီး လမ္းေဘးစားေသာက္ဆိုင္မွ ျပည္သူတခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္ သြားေၾကာင္း သိရသည္။

မူေၾတာ္ခ႐ိုင္တြင္ BGF ကား ၁ စီးကို KNLA တပ္မဟာ ၅က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး BGF တပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံး

KNU တပ္မဟာ ၅ လက္ေအာက္ခံ မူေၾတာ္ခ႐ိုင္တြင္ ဇူလိုင္လ ၂၉ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္ ခန္႔ အခ်ိန္ အၾကမ္းဖက္ စစ္တပ္ လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ (BGF-Border Guard Force)၏ ကားတစ္စီးကို ဝါသိုးခို႐ြာနားရွိ ကမမို (ကမေမာင္း)ႏွင့္ ကတဲတိ (ကတိုင္တိ) ကားလမ္းပိုင္းတြင္ KNU က ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ နယ္ျခားေစာင့္BGF တပ္ဘက္မွ ၃ ဦးေသဆုံးၿပီး ၂ ဉီးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း မူေၾတာ္သတင္းစဥ္က သတင္းထုတ္ျပန္ထားသည္။
ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။ (ပုံအေဟာင္းျဖစ္သည္)

Leave a Reply

Your email address will not be published.