ဥကရစ်ထတိုက်ပွဲ၌စစ်ကောင်စီတပ်မှ ၁၀၀ ကျော်ဂိန်တဲ့ (ရုပ်သံ)

News

Unicode

၃ရက်ကြာပြင်းထန်ခဲ့သည့် ဥကရစ်ထတိုက်ပွဲ၌စစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံး
*****************************

ဇူလိုင် ၃၁၊ ၂၀၂၂ ။

ဇူလိုင် ၃၀ရက်နေ့ မွန်းတည့် ၁၁နာရီခန့်တွင် ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသောတပ်မ ၄၄လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းနှင့် VENOMစစ်ကြောင်းတို့ကြား ၂ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်တပ်သား၈၀နှင့်အထက်​သေ ဆုံးခဲ့ပြီးVENOMစစ်ကြောင်းမှရဲဘော်၃ဦး ကျဆုံးခဲ့သည်ဟု VENOMစစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

hihihihihihihihihi

this is test

စစ်ကောင်စီဘက်မှကျဆုံးအရေအတွက်နှင့်ပတ်သက်ပြီးရှေ့တန်းတွင် တိုက်ပွဲဝင်နေသောVENOM ရဲဘော်တစ်ဦးက ”သူတ်ို့ဘက်ကကျတာတော် တော်များတယ် ဘယ်လောက်တောင်များလဲဆိုရင် အလောင်းတွေမှမရေတွက်နိုင်ဘူး ပြောင်းခင်းထဲမှာပုံနေတာပဲ ကျွန်တော်တို့ဘက်မှာကျည်ကုန်ပြီထင် ပြီး သူတို့ကကျားထိုးတက်လာတာ ကျွန်တော်တို့ကလည်း ပစ်တာပေါ့ သတ်ကွင်းဆိုတော့သူတို့ဘယ် လောက်တက်လာလာ ကျွန်တော်တို့ကပစ်နေရုံပဲ သူတို့ဘက်က အလုံးအရင်းနဲ့ကိုကျတာ အလုံးအရင်းကျတော့အလုံးအရင်းတက်လာတာဗျ သူတို့ဘက်က၈၀ကျော်၉၀လောက်ကျမယ် အတိအကျတော့ခုထိမသိသေးဘူး” ဟု ပြောခဲ့သည်။

ယခုလ ဇူလိုင်၂၇ရက်မှစတင်ကာ ဇူလိုင်၃၀ရက်နေ့အထိ ၃ရက်ကြာ ဖြစ်ပွားခဲ့သော ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀၀ဦးကျော် သေဆုံးခဲ့သည်ဟု VENOM စစ်ကြောင်းကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ၃ရက်တာတိုက်ပွဲ၌ VENOMစစ်ကြောင်းမှ ရဲဘော်၃ဦး Lion Battalion ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်၁ဦး စုစုပေါင်းရဲဘော်၄ဦး ကျဆုံးခဲ့ပြီး VENOMစစ်ကြောင်းမှ ရဲဘော်၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

crd

Zawgyi

*****************************

ဇူလိုင် ၃၁၊ ၂၀၂၂ ။



စစ်ကောင်စီဘက်မှကျဆုံးအရေအတွက်နှင့်ပတ်သက်ပြီးရှေ့တန်းတွင် တိုက်ပွဲဝင်နေသောVENOM ရဲဘော်တစ်ဦးက ”သူတို့ဘက်ကကျတာတော် တော်များတယ် ဘယ်လောက်တောင်များလဲဆိုရင် အလောင်းတွေမှမရေတွက်နိုင်ဘူး ပြောင်းခင်းထဲမှာပုံနေတာပဲ ကျွန်တော်တို့ဘက်မှာကျည်ကုန်ပြီထင် ပြီး သူတို့ကကျားထိုးတက်လာတာ ကျွန်တော်တို့ကလည်း ပစ်တာပေါ့ သတ်ကွင်းဆိုတော့သူတို့ဘယ် လောက်တက်လာလာ ကျွန်တော်တို့ကပစ်နေရုံပဲ သူတို့ဘက်က အလုံးအရင်းနဲ့ကိုကျတာ အလုံးအရင်းကျတော့အလုံးအရင်းတက်လာတာဗျ သူတို့ဘက်က၈၀ကျော်၉၀လောက်ကျမယ် အတိအကျတော့ခုထိမသိသေးဘူး” ဟု ပြောခဲ့သည်။


အဆိုပါ၃ရက်တာတိုက်ပွဲ၌ VENOMစစ်ကြောင်းမှ ရဲဘော်၃ဦး Lion Battalion ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်၁ဦး စုစုပေါင်းရဲဘော်၎ဦး ကျဆုံးခဲ့ပြီး VENOMစစ်ကြောင်းမှ ရဲဘော်၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

crd

Leave a Reply

Your email address will not be published.