တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ဖန်တီးထားကြောင်း လင်းလင်းပြော

News

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ဖန်တီးထားကြောင်း လင်းလင်းပြော

ဆဏ်း/People’s Spring

တော်လှန်ရေးရန်ပုံငွေရရှိရန်ရည်ရွယ်၍ ‘စမှတ်’ အမည်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင် ကို ဇာတ်ညွှန်း ဒါရိုက်တာအနေဖြင့်

ဖန်တီးထားကြောင်း အဆို‌တော် လင်းလင်းက ပြောသည်။

“ပေးချင်တဲ့စကားတွေ မက်ဆေ့ခ်ျတွေ ၊အကြောင်းအရာတွေ၊ ပြောချင်တာတွေ အားလုံးကို Short Film လေးနဲ့ ဒါ ပထမဆုံးတင်ပြဖြစ်တာ ။

hihihihihihihihihi

this is test

အရင်တုန်းက ပြောတယ်၊ဆိုတယ်၊ရေးတယ်၊တီးတယ်ပေါ့ ။

အခုတော့ ရုပ်ရှင်ဇာတ်လမ်း တိုလေး အနေနဲ့ပေးဖြစ်တယ်ပေါ့။” ဟု

ယင်းဇာတ်လမ်းတိုရုပ်ရှင် နှင့်ပတ်သက်၍ လင်းလင်းကသူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်ပြောသည်။

ယင်းဇာတ်လမ်းတွင် ပါဝင်မည့်သရုပ်ဆောင်များကို ကြေညာခြင်းမရှိသေးဘဲ စမှတ် အမည်ဖြင့်

ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်းဇာတ်ကား နှင့်ပတ်သက်သည့် အကြောင်းအရာ များကိုတင်ပေးမည်ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို လက်မှတ်ဝယ်ယူ၍ ကြည့်ရှုရမည်ဖြစ်ပြီး သြဂုတ် ၈ရက်တွင် ကြည့်ရှု့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဇာတ်လမ်းအတွက် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးထားပြီး

ယင်းသီချင်းကိုလည်း အွန်လိုင်းပလက်ဖောင်းများမှ ရောင်းချပေးမည်ဟု လင်းလင်းက ပြောသည်။

“ဇာတ်ကားထဲမှာတော့ တစ်ဝက်တစ်ပြတ်လောက် အသုံးပြုထားတယ်။ သီချင်းအစအဆုံးကိုတော့ ထပ်ကြေညာပေးပါမယ်။

iTunes တို့ Spotify တို့ ကရောင်းပါမယ်။ တော်လှန်ရေးက ငွေလိုတယ်။

အဲဒီတော့ ရသလို ပြည်တွင်းပြည်ပမိသားစုတွေ ရတဲ့အားလေးနဲ့ ပါဝင်ပေးကြဖို့ အနူးအညွှတ်တောင်းဆိုပါတယ်” ဟု လင်းလင်းက ပြောသည်။

ယင်းဇာတ်ကားကို ဇာတ်ညွန်း ဒါရိုက်တာအပြင် ဂီတပိုင်းကိုလည်း ၎င်းကိုယ်တိုင် ဖန်တီးထား ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံ့အနာဂတ်အတွက် ရပ်တည်ချက်၊ရည်မှန်းချက် တူတဲ့အခါခေါင်းစဉ် တွေမတူတဲ့ ရပ်ဝန်း ကိုယ်စီက လူတွေဟာ တစ်သားထဲဖြစ်သွားကြတယ်။

အဲဒီစုပေါင်းအားနဲ့ ဒီ “စ” မှတ် ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာတယ်။” ဟု စမှတ် ဇာတ်ကားနှင့်ပတ်သက်၍ လင်းလင်းက ရေးသားထားသည်။

လင်းလင်းက တော်လှန်ရေးအတွက်ရန်ပုံငွေရရှိရန် သီချင်းများ‌ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို၍ ယူကျူ့ချန်နယ်များ၌ တင်ပေးခဲ့သည်။

crd

Zawgyi

ေတာ္လွန္ေရးရန္ပုံေငြရရွိရန္ရည္႐ြယ္၍ ‘စမွတ္’အမည္ျဖင့္ ဇာတ္လမ္းတို႐ုပ္ရွင္ ဖန္တီးထားေၾကာင္း လင္းလင္းေျပာ

ဆဏ္း/People’s Spring

ေတာ္လွန္ေရးရန္ပုံေငြရရွိရန္ရည္႐ြယ္၍ ‘စမွတ္’ အမည္ျဖင့္ ဇာတ္လမ္းတို႐ုပ္ရွင္ ကို ဇာတ္ၫႊန္း ဒါ႐ိုက္တာအေနျဖင့္

ဖန္တီးထားေၾကာင္း အဆို‌ေတာ္ လင္းလင္းက ေျပာသည္။

“ေပးခ်င္တဲ့စကားေတြ မက္ေဆ့ခ္်ေတြ ၊အေၾကာင္းအရာေတြ၊ ေျပာခ်င္တာေတြ အားလုံးကို Short Film ေလးနဲ႔ ဒါ ပထမဆုံးတင္ျပျဖစ္တာ ။

အရင္တုန္းက ေျပာတယ္၊ဆိုတယ္၊ေရးတယ္၊တီးတယ္ေပါ့ ။

အခုေတာ့ ႐ုပ္ရွင္ဇာတ္လမ္း တိုေလး အေနနဲ႔ေပးျဖစ္တယ္ေပါ့။” ဟု

ယင္းဇာတ္လမ္းတို႐ုပ္ရွင္ ႏွင့္ပတ္သက္၍ လင္းလင္းကသူ၏ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ Live လႊင့္ေျပာသည္။

ယင္းဇာတ္လမ္းတြင္ ပါဝင္မည့္သ႐ုပ္ေဆာင္မ်ားကို ေၾကညာျခင္းမရွိေသးဘဲ စမွတ္ အမည္ျဖင့္

ဖြင့္ထားသည့္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ယင္းဇာတ္ကား ႏွင့္ပတ္သက္သည့္ အေၾကာင္းအရာ မ်ားကိုတင္ေပးမည္ဟု ၎က ေျပာသည္။

အဆိုပါဇာတ္ကားကို လက္မွတ္ဝယ္ယူ၍ ၾကည့္ရႈရမည္ျဖစ္ၿပီး ၾသဂုတ္ ၈ရက္တြင္ ၾကည့္ရႈ႕ရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

အဆိုပါ ဇာတ္လမ္းအတြက္ သီခ်င္းသစ္တစ္ပုဒ္ကိုလည္း ဖန္တီးထားၿပီး

ယင္းသီခ်င္းကိုလည္း အြန္လိုင္းပလက္ေဖာင္းမ်ားမွ ေရာင္းခ်ေပးမည္ဟု လင္းလင္းက ေျပာသည္။

“ဇာတ္ကားထဲမွာေတာ့ တစ္ဝက္တစ္ျပတ္ေလာက္ အသုံးျပဳထားတယ္။ သီခ်င္းအစအဆုံးကိုေတာ့ ထပ္ေၾကညာေပးပါမယ္။

iTunes တို႔ Spotify တို႔ ကေရာင္းပါမယ္။ ေတာ္လွန္ေရးက ေငြလိုတယ္။

အဲဒီေတာ့ ရသလို ျပည္တြင္းျပည္ပမိသားစုေတြ ရတဲ့အားေလးနဲ႔ ပါဝင္ေပးၾကဖို႔ အႏူးအၫႊတ္ေတာင္းဆိုပါတယ္” ဟု လင္းလင္းက ေျပာသည္။

ယင္းဇာတ္ကားကို ဇာတ္ၫြန္း ဒါ႐ိုက္တာအျပင္ ဂီတပိုင္းကိုလည္း ၎ကိုယ္တိုင္ ဖန္တီးထား ေၾကာင္း ၎က ဆိုသည္။

“ႏိုင္ငံ့အနာဂတ္အတြက္ ရပ္တည္ခ်က္၊ရည္မွန္းခ်က္ တူတဲ့အခါေခါင္းစဥ္ ေတြမတူတဲ့ ရပ္ဝန္း ကိုယ္စီက လူေတြဟာ တစ္သားထဲျဖစ္သြားၾကတယ္။

အဲဒီစုေပါင္းအားနဲ႔ ဒီ “စ” မွတ္ ဆိုတဲ့ ဇာတ္ကားေလးျဖစ္ေပၚလာတယ္။” ဟု စမွတ္ ဇာတ္ကားႏွင့္ပတ္သက္၍ လင္းလင္းက ေရးသားထားသည္။

လင္းလင္းက ေတာ္လွန္ေရးအတြက္ရန္ပုံေငြရရွိရန္ သီခ်င္းမ်ား‌ကိုယ္တိုင္ေရး ကိုယ္တိုင္ဆို၍ ယူက်ဴ႕ခ်န္နယ္မ်ား၌ တင္ေပးခဲ့သည္။
crd

Leave a Reply

Your email address will not be published.