စစ်ကိုင်းမှ ဗီဒီယို ရိုက်ကူးရေးသမား ဦးအေးကျော်ကို တပ်မ ၃၃ က နာရီပိုင်းအတွင်း ….

News

Unicode
စစ်ကိုင်းမှ ဗီဒီယို ရိုက်ကူးရေးသမား ဦးအေးကျော်ကို တပ်မ ၃၃ က နာရီပိုင်းအတွင်းဖမ်းဆီးသတ်ဖြတ်ပြီး အလောင်း စွန့်ပစ်၊ မိသားစုက အလောင်းပြန်ကောက်သဂြိုလ်ရ၊ စစ်ကိုင်းတွင် ပြည်သူ ၃ ဦးထက်မနည်းကို စစ်တပ်က သတ်ဖြတ် အလောင်းစွန့်ပစ်
ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အောင်ချမ်းသာမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးသမား ဦးအေးကျော်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အလောင်းကို စွန့်ပစ်ခဲ့သဖြင့် မိသားစုကအလောင်း ကောက်ယူသဂြိုလ်ရကြောင်း ဦးအေးကျော်၏ မိတ် ဆွေဖြစ်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ဦးအေးကျော်ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် မိသားစုက မိမိ၏ အစီ အစဉ်ဖြင့် ပြန်လည်ကောက်ယူသဂြိုလ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
တပ်မ ၃၃ က ဦးအေးကျော်ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ကို မသိရှိရပေ။

“မနေ့က နံနက် ၂နာရီ မှာ သူ့အိမ်ကို ၀င်ဖမ်းသွားတာ။ အရင် စစ်ကိုင်းစီတီးရပ်ကွက် အုပ်ချုပ်ရေး‌မှုး နဲ့ စခတွေ လာဖမ်း။ ညနေ ၄ နာရီမှ အလောင်းကို စွန့် ပစ်တယ်။ တပ်မ ၃၃ ကခွေးတွေက သူ့ကို သတ်ပြီး မုံရွာကားလမ်းဘေး ရွှေဗျိုင်းဖြူဆီဆိုင်အနားမှာ အလောင်း လာပစ်သွားတာ။ အဲဒါ မိသားစု အလောင်းကို ပြန်ကောက်ပြီး သဂြိုလ်ရတယ်။ သူ့ဖုန်းကိုတော့ ခွေးတွေက သိမ်းထားတယ်” ဟု ဦးအေးကျော်၏ မိတ်ဆွေက ရှင်းပြသည်။

ထို့ပြင် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး ၃ ဦးထက်မနည်းကို သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ကြောင်း ၊ မိသားစုက အလောင်းပြန်လိုချင်၍ ကောက်ယူသဂြိုလ်ရပြီး ဖေ့ဘုတ်စ် အင်တာနက် ပေါ် မတင်ရန် စစ်တပ်က ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။

hihihihihihihihihi

this is test


“မနေ့ညက ၃၃ က ခွေးတွေက ပြည်သူ ၃ ယောက် သတ်တယ်လို့ သိရတယ်။ သူတို့ စွန့်ပစ်ထားတဲ့ အလောင်းလာကောက်ရင် လိုင်းပေါ်မတင်နဲ့လို့ ခြိမ်း ခြောက်တယ်။ တပ်မ ၃၃ ထဲမှာ ဖမ်းထားတဲ့ သူတွေကို PDF လို့ သတ်မှတ်ပြီး သတ်နေတာ။ စစ်ကြောရေးမှာ သတ်တာ။ ညဆိုရင်လည်း တပ်ထဲမှာ သောက် စားမူးယစ် အောင်ပွဲခံနေတာ ညတိုင်း သီချင်းတွေဖွင့် ကနေကြတာ။လူမသိသူမသိ အသတ်ခံရတဲ့ သူတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဓာတ်ပုံ- ဦးအေးကျော်၏ အလောင်းနှင့် မကွယ်လွန်မီက ဦးအေးကျော်။

crd

Zawgyi

စစ္ကိုင္းမွ ဗီဒီယို ႐ိုက္ကူးေရးသမား ဦးေအးေက်ာ္ကို တပ္မ ၃၃ က နာရီပိုင္းအတြင္းဖမ္းဆီးသတ္ျဖတ္ၿပီး အေလာင္း စြန႔္ပစ္၊ မိသားစုက အေလာင္းျပန္ေကာက္သၿဂိဳလ္ရ၊ စစ္ကိုင္းတြင္ ျပည္သူ ၃ ဦးထက္မနည္းကို စစ္တပ္က သတ္ျဖတ္ အေလာင္းစြန႔္ပစ္
ရန္ကုန္၊ ဇူလိုင္ ၃၁
စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ေအာင္ခ်မ္းသာမွ ဓာတ္ပုံ၊ ဗီဒီယို႐ိုက္ကူးေရးသမား ဦးေအးေက်ာ္ကို စစ္ေကာင္စီတပ္က ဇူလိုင္လ ၃၀ ရက္ နံနက္ပိုင္းတြင္ ဖမ္းဆီးသြားခဲ့ၿပီး ယင္းေန႔ ညေနပိုင္းတြင္ အေလာင္းကို စြန႔္ပစ္ခဲ့သျဖင့္ မိသားစုကအေလာင္း ေကာက္ယူသၿဂိဳလ္ရေၾကာင္း ဦးေအးေက်ာ္၏ မိတ္ ေဆြျဖစ္သူက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စစ္ကိုင္းအေျခစိုက္ တပ္မ ၃၃ က ဦးေအးေက်ာ္ကို ဇြန္လ ၃၀ ရက္ေန႔ နံနက္ ၂ နာရီခန႔္ ေနအိမ္သို႔ လာေရာက္ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ယင္းေန႔ ညေန ၄ နာရီခန႔္တြင္ ႐ုပ္အေလာင္းကို စြန႔္ပစ္ခဲ့ေၾကာင္း၊ ယင္းေနာက္ မိသားစုက မိမိ၏ အစီ အစဥ္ျဖင့္ ျပန္လည္ေကာက္ယူသၿဂိဳလ္ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
တပ္မ ၃၃ က ဦးေအးေက်ာ္ကို မည္သည့္အတြက္ေၾကာင့္ ဖမ္းဆီး သတ္ျဖတ္ခဲ့သည္ကို မသိရွိရေပ။

“မေန႔က နံနက္ ၂နာရီ မွာ သူ႔အိမ္ကို ၀င္ဖမ္းသြားတာ။ အရင္ စစ္ကိုင္းစီတီးရပ္ကြက္ အုပ္ခ်ဳပ္ေရး‌မႈး နဲ႔ စခေတြ လာဖမ္း။ ညေန ၄ နာရီမွ အေလာင္းကို စြန႔္ ပစ္တယ္။ တပ္မ ၃၃ ကေခြးေတြက သူ႔ကို သတ္ၿပီး မုံ႐ြာကားလမ္းေဘး ေ႐ႊဗ်ိဳင္းျဖဴဆီဆိုင္အနားမွာ အေလာင္း လာပစ္သြားတာ။ အဲဒါ မိသားစု အေလာင္းကို ျပန္ေကာက္ၿပီး သၿဂိဳလ္ရတယ္။ သူ႔ဖုန္းကိုေတာ့ ေခြးေတြက သိမ္းထားတယ္” ဟု ဦးေအးေက်ာ္၏ မိတ္ေဆြက ရွင္းျပသည္။
ထို႔ျပင္ စစ္ကိုင္းအေျခစိုက္ တပ္မ ၃၃ က ျပည္သူမ်ားကို မသကၤာမႈျဖင့္ ဖမ္းဆီးၿပီး ၃ ဦးထက္မနည္းကို သတ္ျဖတ္ၿပီး အေလာင္းကို စြန႔္ပစ္ေၾကာင္း ၊ မိသားစုက အေလာင္းျပန္လိုခ်င္၍ ေကာက္ယူသၿဂိဳလ္ရၿပီး ေဖ့ဘုတ္စ္ အင္တာနက္ ေပၚ မတင္ရန္ စစ္တပ္က ၿခိမ္းေျခာက္ ထားေၾကာင္း သိရွိရသည္။

“မေန႔ညက ၃၃ က ေခြးေတြက ျပည္သူ ၃ ေယာက္ သတ္တယ္လို႔ သိရတယ္။ သူတို႔ စြန႔္ပစ္ထားတဲ့ အေလာင္းလာေကာက္ရင္ လိုင္းေပၚမတင္နဲ႔လို႔ ၿခိမ္း ေျခာက္တယ္။ တပ္မ ၃၃ ထဲမွာ ဖမ္းထားတဲ့ သူေတြကို PDF လို႔ သတ္မွတ္ၿပီး သတ္ေနတာ။ စစ္ေၾကာေရးမွာ သတ္တာ။ ညဆိုရင္လည္း တပ္ထဲမွာ ေသာက္ စားမူးယစ္ ေအာင္ပြဲခံေနတာ ညတိုင္း သီခ်င္းေတြဖြင့္ ကေနၾကတာ။လူမသိသူမသိ အသတ္ခံရတဲ့ သူေတြလည္း ရွိတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
ဓာတ္ပုံ- ဦးေအးေက်ာ္၏ အေလာင္းႏွင့္ မကြယ္လြန္မီက ဦးေအးေက်ာ္။

Leave a Reply

Your email address will not be published.