အမေစုကို သွယ်ဝိုက် လုပ်ကြံနေတာလားဆိုတာ စဥ◌်းစားစရာဖြစ်နေပါပြီ…

News

Unicode
အမေစုကို သွယ်ဝိုက် လုပ်ကြံနေတာလားဆိုတာ စဥ◌်းစားစရာဖြစ်နေပါပြီ…

စစ်ရာဇဝတ်ကောင်တွေကို ကြည့်ရတာ အမေစုကို ပေါ်တင် လုပ်ကြံဖို့ လုံးဝ မဖြစ်နိုင်သေးတဲ့အတွက် အသက်ဘေး ကျရောက်အောင် သွယ်ဝိုက် အမှည့်ခြွေခြွေနေတဲ့ သဘောမှာ ရှိနေတယ်။

အသက် ၇၇ အရွယ် အဖွားအို တစ်ယောက်ကို နေပြည်တော်လို ရာသီဥတုအလွန် ပြင်းထန်ပြီး အပြောင်းအလဲ မြန်တဲ့ နေရာမျိုးမှာ

နေ့ဆိုရင် အပူဒဏ် ညဆို အအေးဒဏ်ကို တိုက်ရိုက် ခံရအောင် မျက်နှာကျက် မပါ အဲကွန်းမပါပဲ သွပ်မိုး နိမ့်နိမ့် အိမ်နဲ့ တမင် ထားတယ်။

ပြီးတော့ ခြင်ယင် ပိုးမွှား တိုက်ရိုက် ထိအောင် ပြတင်းပေါက် ၆ ပေါက်မှာ ၃ ပေါက်ကို လိုက်ကာ မပေးထားဘူး။

hihihihihihihihihi

this is test

ရုပ်ပိုင်း ဆိုင်ရာအပြင် စိတ်ပိုင်း ဆိုင်ရာကိုလည်း အပြင်းအထန် ဒုက္ခ ပေးထားတယ်။

ယခင် အကျယ်ချုပ်တွေမှာ အတူတူ နေနေကျ လူတွေနဲ့ ခွဲလိုက်ပြီး တစ်ယောက်ထဲ ထားတယ်။

အမေစုနဲ့ ရင်းနှီးပြီး အမေစုကို အင်မတန် လေးစားတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ရက်ရက် စက်စက် ကွပ်မျက်ပြ လိုက်တယ်။

အခုလို ရနိုင်သလောက် နည်းလမ်းတွေနဲ့ အမှည့်ချွေ နေတဲ့အပြင်

အမေစုကို ပေးတဲ့ အစားအစာ သောက်ရေ သုံးရေတွေမှာ ဥပါဒ် ဖြစ်စေတဲ့ ဓါတု ပစ္စည်းတွေပါ နည်းနည်းချင်း ထည့်မပေးဘူးလို့ မပြောနိုင်ဘူး။

အဲ့လောက်ကြီးတော့ စစ်တပ်က မလုပ်ရဲပါဘူးကွာ ဆိုတဲ့ အတွေးတွေကိုတော့ ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပြီ။

မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ ကြွေးကျော်ထားတဲ့အတိုင်း စစ်သူပုန်တွေဟာ မလုပ်လောက်ဘူး။

ထင်တဲ့ ကိစ္စတွေကိုချည်း ရှေ့မှာ တန်းစီ လုပ်ပြသွားခဲ့တယ်။

ပြီးတော့ နာရေးအိမ်ကို လူလွှတ် အကြမ်းဖ-က်တဲ့အထိလည်း ကမ်းကုန်အောင် ယုတ်-မာ ပြပြီးပြီ။

တွေးကြည့်ရင် ယု-တ်မာ ရ-က်စက်စရာ ဘာမှ သိပ် မကျန်တော့ဘူး။

စစ်သူ-ပုန် ရာဇဝတ်ကောင်တွေကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အကြွေး ပြန်ဆပ်မှာ မှန်ပေမယ့်

အကြွေးမဆပ်နိုင်မီ စပ်ကြားမှာ ကိုယ့်ဘက်က ကြီးမားတဲ့ ပေးဆပ်မှုတွေ ထပ်မံ ပေးဆပ် နေရအုံးမှာကိုတော့ စိတ်ပူမိတာ အမှန်ပဲ အမေရယ်…။

ဒီလိုတွေ ကြောက်စိတ်ဝင်အောင် ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးကို အမြန်ဆုံး ပီးဆုံးသွားအောင် တက်နိုင်သမျှ ပါဝင်ကူညီ ထောက်ပံ့ပေး ကြဖို့ပါပဲ။

Credit – MM Bahu Tuta

Zawgyi



















Credit – MM Bahu Tuta

Leave a Reply

Your email address will not be published.