မွေးမယ် သေမယ် ဖြစ်နေတဲ့ လောကကြီးမှာ အမြဲတမ်းကျန်ခဲ့မယ့် ကိုယ့်သမိုင်းလှစေချင်တယ်…….

News

UNI

မွေးမယ် သေမယ် ဖြစ်နေတဲ့ လောကကြီးမှာ အမြဲတမ်းကျန်ခဲ့မယ့် ကိုယ့်သမိုင်းလေးကိုတော့ လှစေချင်တယ်…….

အရက်ရောင်းသူက ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ် ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။ဖယောင်းတိုင်တွေထွန်းပြီး သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်ဖယောင်းတိုင်မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲတန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

hihihihihihihihihi

this is test

ဒါကြောင့် တန်ဖိုးထက် လုပ်ဆောင်ရမယ့် နေရာက အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ ဆားခါးနဲ့တူတဲ့မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး အလိုလိုက် အကြိုက်ဆောင် အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊ သကြားကတော့ ပိုးပုရွက်ကြောင့် ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို ဘယ်သူမှ မသွားချင်ကြဘူး။မကောင်းတဲ့ လမ်းကိုတော့အားလုံးသွားကြတယ်။

ဒါကြောင့် အရက်ရောင်းသူက ဘယ်မှမသွားရဘဲ နွားနို့ရောင်းသူက အိမ်တိုင်းထိသွားတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကိုတကယ်ထမ်းထားတာက သံချောင်းလေး။ဒါပေမယ့် လူတွေချီးမွမ်းကြတာက သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက သူတို့ကို တိရိစ္ဆာန်လို့ ပြောရင် ထသတ်ချင်ကြပြီး ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့ ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ လူတွေက အရှေ့ကနေ လိုက်ကြပြီး မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့ လောကကြီးက ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီးဝမ်းနည်းချိန်မှာ နောက်ကို ဆုတ်သွားတတ်ကြတဲ့သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်ကိုယ့်သမိုင်းလေးကိုတော့လက်ရေးလှအောင် အမှန်ကန်ဆုံးရေးနိုင်ကြစေချင် ပါတယ်။

Credit_to_original.

Zawgyi

ေမြးမယ္ ေသမယ္ ျဖစ္ေနတဲ့ ေလာကႀကီးမွာ အၿမဲတမ္းက်န္ခဲ့မယ့္ ကိုယ့္သမိုင္းေလးကိုေတာ့ လွေစခ်င္တယ္…….

အရက္ေရာင္းသူက ဘယ္ကိုမွမသြားရဘဲေရာင္းေနရၿပီး ႏြားႏို႔ေရာင္းသူက အိမ္တိုင္းေစ့ ေရာက္ေနရတယ္။

ေၾကးမုံျပင္က မွန္တယ္ ကိုယ္ငိုရင္ ဘယ္ေတာ့မွသူမရီဘူး။ဖေယာင္းတိုင္ေတြထြန္းၿပီး ေသသူကို သတိတရ ဝမ္းနည္းၾကေပမယ့္ဖေယာင္းတိုင္မႈတ္ၿပီး ေမြးေန႔ပြဲေတြ က်င္းပၾကတယ္။

ေျခက်င္းစြပ္ကို သိန္းခ်ီေပးဝယ္ရတယ္။ၿပီးေတာ့ ေျခေထာက္မွာ စြပ္ၾကတယ္။ဒါေပမယ့္ ဆံပင္ခ်ည္ သေရပင္က ရာဂဏန္းပဲတန္ဖိုးရွိၿပီး ေခါင္းမွာေနရာရတယ္။

ဒါေၾကာင့္ တန္ဖိုးထက္ လုပ္ေဆာင္ရမယ့္ ေနရာက အဓိက ျဖစ္လာတယ္။

မွန္ကန္တဲ့ အႀကံေပးသူဟာ ဆားခါးနဲ႔တူတဲ့မိတ္ေဆြစစ္ျဖစ္တယ္လို႔ ယူဆၿပီး အလိုလိုက္ အႀကိဳက္ေဆာင္ အခ်ိဳသတ္ေပါင္းသူေတြဟာ သၾကားလိုပါပဲ။

ဆားခါးက ပိုးပု႐ြက္မက်ဘဲ ၊ သၾကားကေတာ့ ပိုးပု႐ြက္ေၾကာင့္ ပ်က္စီးျခင္းကိုေရာက္ရတယ္။

ေကာင္းတဲ့လမ္းကို ဘယ္သူမွ မသြားခ်င္ၾကဘူး။မေကာင္းတဲ့ လမ္းကိုေတာ့အားလုံးသြားၾကတယ္။

ဒါေၾကာင့္ အရက္ေရာင္းသူက ဘယ္မွမသြားရဘဲ ႏြားႏို႔ေရာင္းသူက အိမ္တိုင္းထိသြားတယ္။

နံရံေပၚကဓာတ္ပုံရဲ႕ဝန္ကိုတကယ္ထမ္းထားတာက သံေခ်ာင္းေလး။ဒါေပမယ့္ လူေတြခ်ီးမြမ္းၾကတာက သူ႔ေပၚခ်ိတ္ထားတဲ့ ဓာတ္ပုံ။

လူေတြက သူတို႔ကို တိရိစာၦန္လို႔ ေျပာရင္ ထသတ္ခ်င္ၾကၿပီး က်ားလို ျခေသၤ့လို ရဲရင့္လိုက္တာဆိုရင္ေတာ့ ေက်နပ္ေနၾကျပန္ပါေလေရာ ။

မဂၤလာပြဲေတြမွာ လူေတြက အေရွ႕ကေန လိုက္ၾကၿပီး မသာပို႔ခ်ိန္ၾက ေနာက္ေရာက္သြားၾကတယ္။

ဒါကိုျမင္ရေတာ့ ေလာကႀကီးက ေပ်ာ္ေနခ်ိန္မွာ သင့္ေရွ႕ကေနၾကၿပီးဝမ္းနည္းခ်ိန္မွာ ေနာက္ကို ဆုတ္သြားတတ္ၾကတဲ့သင္ခန္းစာကို ယူမိတယ္။

ေမြးမယ္ ေသမယ္ ျဖစ္ေနၾကအုံးမယ့္တေလာကလုံးမွာ အၿမဲတမ္းက်န္ခဲ့မယ့္ကိုယ့္သမိုင္းေလးကိုေတာ့လက္ေရးလွေအာင္ အမွန္ကန္ဆုံးေရးႏိုင္ၾကေစခ်င္ ပါတယ္။

Credit_to_original.

Leave a Reply

Your email address will not be published.