Unicode
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ ပတ်သက်တဲ့အမှု ဒီကနေ့ ရုံးထုတ်စစ်ဆေး
လာမယ့် ၁၅ရက်မှာ အဂတိအမှု ၄မှုအတွက် အပြီးသတ်အမိန့်ချဖို့ရှိ
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်ဌားရမ်း/ ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိ အမှုတွေအတွက် ဒီကနေ့ သြဂုတ် ၁ရက်မှာနေပြည်တော်အချုပ်ထောင်ထဲက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။




အဲဒီ အမှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဦးဝင်းမြင့်ပါ တရားစွဲဆို ခံထားရတာဖြစ်ပြီး ဒီကနေ့ ရုံးချိန်းမှာ နှစ်ဦးလုံးရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။




ဒီကနေ့ မှာ ရဟတ်ယာဉ်ငှားရမ်းမှုသက်တမ်းတိုးတာနဲ့ပတ်သက်ပြီး လူကယ်ပြန်ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ် ဌားရမ်း/ ဝယ်ယူပြင်ဆင် တာနဲ့ ပတ်သက်တဲ့ အဂတိအမှုတွေကတော့ ဆက်လက်စစ်ဆေးဖို့တွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
this is test




ကျန်တဲ့အဂတိအမှုတွေထဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လရောင်တော မြေနေရာ စီမံကိန်းနဲ့ဆက်စပ်ပြီးတရားစွဲဆိုထားတဲ့ အဂတိအမှု ၄မှုကိုတော့ လာမယ့် သြဂုတ် ၁၅ရက်၊ တနင်္လာနေ့မှာ အပြီးသတ် စီရင်ချက်ချဖို့ရှိတယ်လို့ သိရပါတယ်။
BBC Burmese




Zawgyi
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရဟတ္ယာဥ္ဌားရမ္းမႈနဲ႔ ပတ္သက္တဲ့အမႈ ဒီကေန႔ ႐ုံးထုတ္စစ္ေဆး
လာမယ့္ ၁၅ရက္မွာ အဂတိအမႈ ၄မႈအတြက္ အၿပီးသတ္အမိန႔္ခ်ဖို႔ရွိ
ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ စြပ္စြဲခံထားရတဲ့ ရဟတ္ယာဥ္ဌားရမ္း/ ဝယ္ယူမႈနဲ႔ပတ္သက္တဲ့ အဂတိ အမႈေတြအတြက္ ဒီကေန႔ ၾသဂုတ္ ၁ရက္မွာေနျပည္ေတာ္အခ်ဳပ္ေထာင္ထဲက အထူးတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။




အဲဒီ အမႈေတြ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ေရာ သမၼတဦးဝင္းျမင့္ပါ တရားစြဲဆို ခံထားရတာျဖစ္ၿပီး ဒီကေန႔ ႐ုံးခ်ိန္းမွာ ႏွစ္ဦးလုံးရဲ႕ က်န္းမာေရးေကာင္းမြန္တယ္လို႔ တရား႐ုံးအသိုင္းအဝိုင္းကေနသိရပါတယ္။




ဒီကေန႔ မွာ ရဟတ္ယာဥ္ငွားရမ္းမႈသက္တမ္းတိုးတာနဲ႔ပတ္သက္ၿပီး လူကယ္ျပန္ဒုတိယဝန္ႀကီးေဟာင္း ဦးစိုးေအာင္ကို တရားလိုျပသက္ေသအေနနဲ႔ စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။ ရဟတ္ယာဥ္ ဌားရမ္း/ ဝယ္ယူျပင္ဆင္ တာနဲ႔ ပတ္သက္တဲ့ အဂတိအမႈေတြကေတာ့ ဆက္လက္စစ္ေဆးဖို႔ေတြရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။




က်န္တဲ့အဂတိအမႈေတြထဲ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ လေရာင္ေတာ ေျမေနရာ စီမံကိန္းနဲ႔ဆက္စပ္ၿပီးတရားစြဲဆိုထားတဲ့ အဂတိအမႈ ၄မႈကိုေတာ့ လာမယ့္ ၾသဂုတ္ ၁၅ရက္၊ တနလၤာေန႔မွာ အၿပီးသတ္ စီရင္ခ်က္ခ်ဖို႔ရွိတယ္လို႔ သိရပါတယ္။
BBC Burmese