မြန်မာနိုင်ငံတော်အသစ် ပေါ်ထွက်လာရေးအတွက် အသက်ကိုတောင် စွန့်လွှတ်ရဲတဲ့ ဒါရိုက်တာ ကိုပေါက်…

Cele News

Unicode
မြန်မာနိုင်ငံတော်အသစ် ပေါ်ထွက်လာရေးအတွက် အသက်ကိုတောင် စွန့်လွှတ်ရဲတဲ့ ဒါရိုက်တာ ကိုပေါက်…

ဒါရိုက်တာ ကိုပေါက် က တော့ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်တဲ့အပြင် ဒါရိုက်တာတစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးနိုင်သူတစ်ဦးအဖြစ် အနုပညာမှာဘက်စုံတော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ကိုပေါက် ဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့ခွဲခွာပြီး ရောက်ရှိနေပါတယ်။

တစ်ခါတရံ အဝေးကမိသားစုကို သတိရတာကြောင့် လူမူ့ကွန်ယက်ပေါ်မှာ သတိတရနဲ့ သားနှစ်ယောက်နဲ့ဇနီးဖြစ်သူကို လွမ်းတဲ့အကြောင်းတွေကို ရေးတတ်ပါသေးတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ မြန်မာနိုင်အသစ်ပေါ်ထွက်လာရေးအတွက် သူ့ရဲ့အသွေးအသားတွေနဲ့ အသက်ကိုတောင် စွန့်လွှတ်ရဲတယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ ယခုလူမူ့ကွန်ယက်ပေါ်မှာ ကိုပေါက် တိုက်ပွဲမှာတိုက်ခိုက်ရင်း ကျဆုံးသွားပြီဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတဲ့အပေါ် အခုလိုပဲဖြေရှင်းလာပါတယ်။

” လေးကေကော်မှာ ကျတာလား ဖလူးမှာကျတာလား ပြောပြပါအုံးဟ ဘယ်တိုက်ပွဲတုန်း ကိုယ်ကိုယ်ကိုယ်တောင် လူအစစ်လား ဝိဉာဉ်လားမှန်းတောင် မသိတသိ ” လို့ သတင်းအမှားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးရေးသားထားတာကို တွေ့ရပါတယ်။

hihihihihihihihihi

this is test

စာဖတ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံအသစ်ပေါ်ထွက်လာရေးအတွက် အသက်ကိုတောင် ပေးအပ်ထားတဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလွန်းပါတယ်နော်။ ကိုပေါက် ရဲ့စိတ်ဓာတ်ကိုလေးစားရင် ကောမန့်မှာ စာသားလေးတွေ မန့်ပေးသွားခဲ့ပါအုန်းနော်။
Credit

Zawgyi





Credit

Leave a Reply

Your email address will not be published.