မုံရွာစည်ပင်အရာရှိ သုခ ပစ်သတ်ခံရ၊ မြစ်ကြီးနားတွင် ကြံ့ဖွတ်ပါတီဝင် လီဆူဝန်ကြီးဟောင်; ..

News

Unicode
မုံရွာစည်ပင်အရာရှိ သုခ ပစ်သတ်ခံရ၊ မြစ်ကြီးနားတွင် ကြံ့ဖွတ်ပါတီဝင် လီဆူဝန်ကြီးဟောင်း ပစ်ခတ်ခံရပြီး ဒဏ်ရာရ
———————————————————————-
ရေဖြူ၊ တောင်ဒဂုံနှင့် ရွှေဘို၊ အုတ်ဖိုတို့တွင် သတင်းပေးနှင့်ရာအိမ်မှူးများ ပစ် ခတ်ခံရပြီး ၄ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကောင်စီလက်အောက်ခံ စည်ပင်အရာရှိ နှင့် စစ် တပ်သတင်းပေး သုခ ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) – မုံရွာတပ်ခွဲက သတင်းထုတ်ပြန် သည်။

ဩဂုတ်လ ၁ ရက်နေ့ နံနက် ၇ နာရီအချိန် မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက်တွင် စည်ပင်အရာရှိ သုခကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း၊ သုခသည် မုံရွာမြိုနယ် စည်ပင်သာယာမှာ စစ်ကောင်စီ လက် အောက်ခံ Non – CDM ဝန်ထမ်း ဖြစ်‌ပြီး တော်လှန်ရေး အင်အားစုများ၏ သတင်းများကို စုံစမ်း၍ စစ်အုပ်စုထံ သတင်းပေးနေသူ ဖြစ်ကြောင်း၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် သုခ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မူးဒူးရွာမှ ကောင်စီ၏သတင်းပေးဟု သတ်မှတ်ခံထားရသူ ယူစိန်သည် သြဂုတ်၁ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“သေနတ်ပစ်ခတ်သံများကြားရပြီးမှဒလန်ရှင်းခံရမှန်းသိလိုက်ရတယ်။ပစ်ခတ်ခံရသူတော့ပွဲချင်းပြီး ဆုံးပါးသွားခဲ့တယ်။ အခုရွာထဲကို စခများဝင်လာပြီး စစ် ဆေး နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်း ကြံ့ဖွတ်ပါတီဝင် ၊ ကချင်ပြည်နယ် လီဆူတိုင်း ရင်းသား ယဉ်ကျေးမှု ဥက္ကဋ္ဌ၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်းအားဆီသည် သေနတ်သမားတချို့က ပစ်ခတ်ရာ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်တောင်ပိုင်း၊ ၂၅ ရပ်ကွက်၊ ဇီဇဝါလမ်းနှင့်ဇီဇဝါ (၂) လမ်းထောင့်တွင် ယနေ့ မွန်းလွဲ ၃ နာရီအချိန် ရာအိမ်မှူးကျော်နိုင် ပစ်ခတ်ခံရကြောင်း၊ ဒဂုံတောင်ပျောက်ကျားတပ်ဖွဲ့ SDGF က ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တောင်ဒဂုံဂိတ်ဟောင်းသပိတ်ကို လာရောက်ဖြိုခွင်းစဉ်က ကျော်နိုင်က ကားမောင်းပေးခဲ့သူဖြစ် ကြောင်း၊ ထို့ကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း SDGF က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နယ်၊ တဂဏန်းကျေးရွာမှ ရဲသတင်းပေးလောင်းကစားဒိုင် နှင့်ပျူစောထီး ဝင်းမြိုင်ကို အမည်မသိ သေနတ်သမားတချို့က ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကန့်နီကျေးရွာမှ ရာအိမ်မှူး ခင်စိန်ကို PDF စခန်းများကို စစ်တပ်အတွက် လမ်းပြပေးမှုအတွက် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် သာယာ၀တီခရိုင် တပ်ရင်း ၂ က ရှင်းလင်းလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ရွှေဘိုမြို့မှ ပျူစောထီး၊ လောင်းကစားဒိုင်၊ ရဲသတင်းပေး ဝင်းမြိုင် သေဆုံးနေစဉ်။

crd

hihihihihihihihihi

this is test

Zawgyi

မုံ႐ြာစည္ပင္အရာရွိ သုခ ပစ္သတ္ခံရ၊ ျမစ္ႀကီးနားတြင္ ႀကံ့ဖြတ္ပါတီဝင္ လီဆူဝန္ႀကီးေဟာင္း ပစ္ခတ္ခံရၿပီး ဒဏ္ရာရ
———————————————————————-
ေရျဖဴ၊ ေတာင္ဒဂုံႏွင့္ ေ႐ႊဘို၊ အုတ္ဖိုတို႔တြင္ သတင္းေပးႏွင့္ရာအိမ္မႉးမ်ား ပစ္ ခတ္ခံရၿပီး ၄ ဦး ေသဆုံး
ရန္ကုန္၊ ဩဂုတ္ ၁
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕မွ စစ္ေကာင္စီလက္ေအာက္ခံ စည္ပင္အရာရွိ ႏွင့္ စစ္ တပ္သတင္းေပး သုခ ယေန႔ နံနက္ပိုင္း ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ (MRDA) – မုံ႐ြာတပ္ခြဲက သတင္းထုတ္ျပန္ သည္။

ဩဂုတ္လ ၁ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ မုံ႐ြာၿမိဳ႕ ခ်မ္းျမသာစည္ရပ္ကြက္တြင္ စည္ပင္အရာရွိ သုခကို ေသနတ္ျဖင့္ ၆ ခ်က္ ပစ္ခတ္ ရွင္းလင္းခဲ့ျခင္းျဖစ္ ေၾကာင္း၊ သုခသည္ မုံ႐ြာၿမိဳနယ္ စည္ပင္သာယာမွာ စစ္ေကာင္စီ လက္ ေအာက္ခံ Non – CDM ဝန္ထမ္း ျဖစ္‌ၿပီး ေတာ္လွန္ေရး အင္အားစုမ်ား၏ သတင္းမ်ားကို စုံစမ္း၍ စစ္အုပ္စုထံ သတင္းေပးေနသူ ျဖစ္ေၾကာင္း၊ မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္သည္ သုခ၏ သတင္းေပးမႈေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္၊ မူးဒူး႐ြာမွ ေကာင္စီ၏သတင္းေပးဟု သတ္မွတ္ခံထားရသူ ယူစိန္သည္ ၾသဂုတ္၁ ရက္ေန႔ ညေန ၃ နာရီခန္႔အခ်ိန္ ပစ္ ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
“ေသနတ္ပစ္ခတ္သံမ်ားၾကားရၿပီးမွဒလန္ရွင္းခံရမွန္းသိလိုက္ရတယ္။ပစ္ခတ္ခံရသူေတာ့ပြဲခ်င္းၿပီး ဆုံးပါးသြားခဲ့တယ္။ အခု႐ြာထဲကို စခမ်ားဝင္လာၿပီး စစ္ ေဆး ေနတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဇူလိုင္လ ၃၀ ရက္ေန႔ ညေနပိုင္း ႀကံ့ဖြတ္ပါတီဝင္ ၊ ကခ်င္ျပည္နယ္ လီဆူတိုင္း ရင္းသား ယဥ္ေက်းမႈ ဥကၠ႒၊ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးေဟာင္းအားဆီသည္ ေသနတ္သမားတခ်ိဳ႕က ပစ္ခတ္ရာ ဒဏ္ရာရရွိၿပီး ေဆးကုသမႈ ခံယူေနေၾကာင္း သိရွိရသည္။

အလားတူ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳသစ္ေတာင္ပိုင္း၊ ၂၅ ရပ္ကြက္၊ ဇီဇဝါလမ္းႏွင့္ဇီဇဝါ (၂) လမ္းေထာင့္တြင္ ယေန႔ မြန္းလြဲ ၃ နာရီအခ်ိန္ ရာအိမ္မႉးေက်ာ္ႏိုင္ ပစ္ခတ္ခံရေၾကာင္း၊ ဒဂုံေတာင္ေပ်ာက္က်ားတပ္ဖြဲ႕ SDGF က ပစ္ခတ္ျခင္းျဖစ္ေၾကာင္း၊ ေတာင္ဒဂုံဂိတ္ေဟာင္းသပိတ္ကို လာေရာက္ၿဖိဳခြင္းစဥ္က ေက်ာ္ႏိုင္က ကားေမာင္းေပးခဲ့သူျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ရွင္းလင္းျခင္းျဖစ္ေၾကာင္း SDGF က သတင္းထုတ္ျပန္ထားသည္။
ထို႔ျပင္ ဇူလိုင္လ ၃၁ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ နယ္၊ တဂဏန္းေက်း႐ြာမွ ရဲသတင္းေပးေလာင္းကစားဒိုင္ ႏွင့္ပ်ဴေစာထီး ဝင္းၿမိဳင္ကို အမည္မသိ ေသနတ္သမားတခ်ိဳ႕က ပစ္ခတ္သျဖင့္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္၊ တာဝါတိုင္ကန႔္နီေက်း႐ြာမွ ရာအိမ္မႉး ခင္စိန္ကို PDF စခန္းမ်ားကို စစ္တပ္အတြက္ လမ္းျပေပးမႈအတြက္ ဇူလိုင္လ ၃၁ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္တြင္ သာယာ၀တီခ႐ိုင္ တပ္ရင္း ၂ က ရွင္းလင္းလိုက္ေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ခဲ့သည္။
ဓာတ္ပုံ- ေ႐ႊဘိုၿမိဳ႕မွ ပ်ဴေစာထီး၊ ေလာင္းကစားဒိုင္၊ ရဲသတင္းေပး ဝင္းၿမိဳင္ ေသဆုံးေနစဥ္။

crd

Leave a Reply

Your email address will not be published.